ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၀၂၊ ၂၀၁၇)
🔹 ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာလုပ်ဆောင်မှု နှေးကွေးကြောင်း ကုလပြောတဲ့သတင်းကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါပြီ။
နေရပ်စွန့်ခွာသူတွေထဲက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာတဲ့ မိသားစုဝင် သုံးဦးပါတဲ့ အိမ်ထာင်စု တစုကို မတ်လ ၇ ရက် ပြီးခဲ့တဲ့စနေနေ့က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက စိစစ်လက်ခံခဲ့ပါတယ်။ သူတို့တွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်အရ စိစစ်မှတ်တမ်းတင်ပြီး ပြန်လည်လက်ခံခဲ့တယ်လို့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသိန်းက ဗွီအိုအေကိုပြောပါတယ်။
“မိသားစုတစုတည်းပါဗျ။ အမေရယ်၊ သားရယ်၊ သမီးရယ်ပေါ့။ မွတ်စလင်တွေပါခင်ဗျ။ သူတို့က အိမ်ထောင်စုအဟောင်း ရှိတယ်ပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ လုပ်ငန်းစဉ်အတိုင်း ပြည်နယ်တို့ကနေဝင်ထားတဲ့စာနဲ့ တိုက်ဆိုင်စစ်ဆေးတယ်။ မှန်ကန်တဲ့အတွက် ကျနော်တို့က သူတို့ကို အိမ်ထောင် စုထုတ်ပေး ပါတယ်။ ပြီးရင် NVC (နိုင်ငံသားစိစစ်ရေးကဒ်) ကဒ်ပြားလုပ်ပေးပါတယ်။”
အခုလို ပြန်လည်ဝင်ရောက်လာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့လည်း ဦးဇော်မင်းသိန်းက အခုလိုဆက်ပြောပါတယ်။
“လူမှုဝန်ထမ်းဆိုလို့ရှိရင်လည်း ဒီပစ္စည်းထောက်ပံ့တာတွေ ရှိတယ်။ ကျန်းမာရေးဆိုလည်း ကျန်းမာရေးစစ်ဆေး ထောက်ပံ့မှုတွေရှိပါတယ်ဗျ။ သူ့ဌာနဆိုင်ရာအလိုက် အကုန်လုပ်ကြပါတယ်ဗျ။”
ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြေးဝင်သွားတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြန့်ကြာနေတဲ့အပေါ် နိုင်ငံတကာမှာတော့ မြန်မာအစိုးရကို ဖိအားတွေပေးနေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပေမဲ့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးကိစ္စရပ်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အာဆီယံနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာက အဖွဲ့ အ စည်းတွေ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက မတ်လ ၉ရက်နေ့တုန်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ကျေးရွာနေသူတွေနဲ့ တွေ့ ဆုံ ချိန်မှာ ပြောဆိုခဲ့ပါတယ်။
မတ်လ ၈ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း နေရပ်စွန့်ခွာသူတွေထဲက အိမ်ထောင်စု ၁၆ စုဟာ ကိုယ့်အစီအ စဉ်နဲ့ကိုယ် ပြန်လည်ရောက်ရှိလာတယ်လို့ ငါးခူရပြန်လည် လက်ခံရေးစခန်းက လက်ထောက် ညွန် ကြားရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။
“၈ ရက်နေ့တုန်းကတခါရှိတယ်။ အိမ်ထောင်စုက ၁၆ စုပေါ့။ လူဦးရေက ၁၉ ဦး။ ကျားက ၁၇၊ မ က ၂။”
သူတို့တွေကိုလိုအပ်တဲ့ စိစစ်မှုတွေ လုပ်ပေးပြီး ငါးခူရပြန်လည်လက်ခံရေး စခန်းက လက်ခံခဲ့တာပါ။
တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေထဲက ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူတွေ ဟာ အခုချိန်မှာ ၅၀၀ ကျော်အထိ ရှိနေပါပြီ။ ပြန်ဝင်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတို့ကနေ စိစစ်လက်ခံနေပြီး လှဖိုးခေါင်ကြားစခန်းကနေတဆင့် ပြန်လည်နေရာချထားပေးနေတာပါ။
ပြန်ဝင်လာသူတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရောက်ရှိလာသူတွေဖြစ်ပြီး အခုချိန်မှာ COVID-19 ကိုရိုနာရောဂါ စောင့်ကြပ်ကြည့်ရှုချိန် ကာလဖြစ်လို့ သူတို့တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အပါအဝင် ရခိုင်ပြည် နယ်အတွင်း ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိချက်တွေ ရှိ၊ မရှိ မေးမြန်းတာကိုတော့ ရခိုင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က လက် ခံ ဖြေဆိုဖို့ ငြင်းပါတယ်။ COVID-19 ကူးစက်ခံထားရတဲ့နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပါဝင်ပြီး ဒီကနေ့အထိဆိုရင် ကူးစက်ခံထားရသူ သုံးဦးရှိထားပါတယ်။
No comments:
Post a Comment