အာဖဂန်နစ္စတန်နိုင်ငံက စစ်ပွဲအတွင်း အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားလက်နက်ကိုင် အဖွဲ့အ စည်းတွေက စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှု ဆက် လက် လုပ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဆုံးဖြတ်လိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နဲ့ တခြားစစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တွေက စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲမှုအပေါ် ဆက်လက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ အိုင်စီစီ အမှုလိုက်ရှေ့နေချုပ်က အယူခံဝင်တင်ပြေ လျှာက်ထားချက်အပေါ်မှာ အဆင့်မြင့် တရားသူကြီးတွေက ဆက်လက်ဆောင်ရွက်ခွင့် ဆုံးဖြတ်ပေးလိုက် တာပါ။
ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ် ဧပြီလတုန်းက အိုင်စီစီရဲ့ အောက်ရုံးအဆင့်တရားသူကြီးတွေက အမှုကို ဆက်လက် မစုံ စမ်းဖို့ ချခဲ့တဲ့ အမိန့်ကို အခုအထက်ရုံးက ပယ်ချပြီး ဆက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
အခုဆုံးဖြတ်ချက်အရဆိုရင် အာဖဂန်နစ္စတန်စစ်ပွဲမှာ ပါဝင်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ အစွပ် စွဲခံရတဲ့ လက်နက်ကိုင် အားလုံးကို စစ်ဆေးခွင့်ရှိတဲ့အပြင် အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေက ကိုင် တွယ်နေတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေကိုပါ စုံစမ်းခွင့်ရှိသွားပါပြီ။
- ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ICC ခွင့်ပြု
- ICC ကို ဝင်ရောက်မယ့် အစီအစဉ် ရုရှား ရုပ်သိမ်း
- ICC အဖွဲ့ဝင်အဖြစ်က တောင်အာဖရိကနိုင်ငံ နုတ်ထွက်မယ်
အာဖဂန်နစ္စတန်ဟာ ရောမဥပဒေကို လက်မှတ်ရေးထိုးထားတဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ အမေရိ ကန်ကတော့ အိုင်စီစီ အဖွဲ့ဝင် မဟုတ်ပါဘူး။ ဘယ်လိုစုံစမ်းစစ်ဆေးမှုမျိုးကိုမှ လက်မခံဘူးလို့လည်း ပြင်း ပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။ အမေရိကန်နိုင်ငံသားတွေကို အိုင်စီစီက တရားစွဲဆိုမှာကိုလည်း အသိ အမှတ်မပြုဘူးလို့ဆိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ စစ်ပွဲမှာ မတော်မတရားပြုလုပ်တဲ့ သူ့တပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ သူ့မှာ ကိုယ် ပိုင် အရေးယူနိုင်တဲ့ ယန္တရားတွေရှိတယ်လို့ အမေရိကန်က ပြောဆိုပါတယ်။
အာဖဂန်စစ်ပွဲအတွင်း တာလီဘန်၊ အာဖဂန်အစိုးရ၊ အမေရိကန်တပ်ဖွဲ့တွေရဲ့ ၂၀၀၃ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ အားလုံးကို ပြန်လည် စစ်ဆေးလိမ့်မယ်လို့ ယူဆရပါတယ်။
အမှုလိုက်ရှေ့နေချုပ် ဖာတူးဘန်ဆူးဒါဟာ အာဖဂန်စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment