" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 7, 2020

ရိုဟင်ဂျာအမည်ကို အသိအမှတ် ပြုဖို့ လိုပြီလား

CHANNEL FFE MEDIA
PRODUCTION
 မႉးသစ္

ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ သဘောထား ၂ ဘက်ကွဲပါတယ်။ တစ်ဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို လုံးဝမသိသလို ရှောင်လွှဲသုံးတဲ့ဘက်ဖြစ်ပြီး၊ တစ်ဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး ခေါ်ဝေါ်အသုံးပြုတဲ့ဘက်ပါ။ နှစ်ဘက်စလုံးမှာတော့ ပြင်းထန်တဲ့ ယူ ဆချက်၊ ကိုင်စွဲချက်နဲ့ ရပ်တည်ချက်တွေ အသီးသီးရှိကြသလို၊ အချက်အလက်နဲ့အမှန်တရား အပေါ်မှာ ရပ် တည်တာ၊လူ့အခွင့်အရေးနဲ့တန်ဖိုးစံနူန်းတွေအပေါ်ရပ်တည်တာစသည်ဖြင့် အမျိုးမျိုးသော ပုံသဏ္ဍန်တွေ ရှိကြပါတယ်။ လူများစု(ဗမာ) အနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ပြင်းပြင်းထန်ထန်ငြင်းဆန် တာတွေ့ရပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်နဲ့ အသုံးနူန်းကို လက်မခံနိုင်တဲ့ ဘက်အခြမ်းကိုကြည့်လိုက်မယ်ဆိုရင် အမျိုးသားရေး အ စွန်း ရောက်သူတွေနဲ့ လူမျိုး၊ဘာသာအခြေခံအစွဲရှိသူတွေကို အများပြားတွေရမှာဖြစ်ပြီး ရိုဟင်ဂျာအသုံး နှုန်းကို လက်ခံသုံးစွဲသူတွေကတော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ နဲ့ မွတ်ဆလင်အရေးတက်ကြွ လှုပ်ရှား သူအများကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာတွေကြားထဲမှာလည်း ပြည်တွင်းမီဒီယာအများစုက ရိုဟင်ဂျာအသုံး အနူန်းကို လုံးဝအသုံးမပြုဘဲ ပြည်ပမီဒီယာတွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို အသုံးပြုပါတယ်။(ဒီနေရာမှာ အလျင်းသင့်လို့ပြောလိုတာကတော့ Channel FFE မီဒီယာအနေနဲ့ကတော့ လူ့ အခွင့်အရေးတန်ဖိုးစံ နူန်းအရ လူမျိုးစုတစ်စု၊ လူအုပ်စုတစ်စုက လက်ခံထားတဲ့ အမည်တစ်ခုကို အသိ အ မှတ်ပြုတဲ့အနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးကိုသာ အသုံးပြုပါတယ်။) လူ့အခွင့်အရေးဒီမို ကရေစီစံနူန်း အပေါ် ရပ်တည်ခဲ့တယ်ဆိုတဲ့ NLDအစိုး ရလက်ထက်မှာလည်း အစိုးရအနေနဲ့ ရိုဟင်ဂျာအမည်ကို လက်ခံအ သုံး ပြုတာမရှိပါဘူး။ အဲ့ဒီအစား နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ် ဆလင်အသိုင်းအဝိုင်းလို့ ညွှန်းဆိုပြောလေ့ ရှိပါတယ်။
 ရိုဟင်ဂျာအမည်ကို ဘာလို့ လက်မခံသလဲ

ရိုဟင်ဂျာအမည်ကို ဘာလို့ လက်မခံကြသလဲဆိုတာကို စဉ်းစားတဲ့နေရာမှာ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို ဒေ ဝေါကြီး သဖွယ်ခြောက်လှန့်ထားတဲ့အခြေခံအကြောင်အရင်းတွေလည်းရှိပါတယ်။ အဲ့ဒါတွေကတော့ ရိုဟင်ဂျာ ကို အသိအမှတ်ပြုလိုက်ရင် မြန်မာပြည်ရဲ့ နယ်မြေပိုင်နက်ဟာ ပဲ့ပါသွားမယ်ဆိုတာနဲ့ တိုင်းရင်းသား အဖြစ် အသိ အမှတ်ပြုပေးရမယ်ဆိုတဲ့ စိုးရိမ်ချက်ပါပဲ။ အထူးသဖြင့်တော့ အဲ့ဒီ စိုးရိမ်ချက်တွေဟာ ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပ က္ခနဲ့ အဲ့ဒီနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေကြားမှာ အရှိန်အ ဟုန်ပင်းပြင်းနဲ့ လှုံစော် ခံခဲ့ရတဲ့ အကျိုးသက်ရောက်မှုလို့ ဆိုရမှာပါ။ ဆိုရရင်တော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံး ကို လက်မခံနိုင်တဲ့ စိုးရိမ် ချက်ဟာ ၉၆၉ ၊ မဘသ အစရှိတဲ့ အမျိုးသားရေးအစွန်းရောက် လှိုင်းနဲ့ အတူကြီး ထွားလာခဲ့တာဖြစ်တယ်။

ရိုဟင်ဂျာအရေးကို ချဉ်းကပ်တဲ့နေရာမှာ စစ်အာဏာရှင်တွေ မျိုးစေ့ချထားခဲ့တဲ့ ရိုဟင်ဂျာငြင်းပယ်ရေးမူကို ဆက်လက် ကိုင် စွဲထား
ဒီမိုကရေစီ အစိုးရနဲ့ ရိုဟင်ဂျာကို ငြင်းပယ်ခြင်း

လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်မှာ ရိုဟင်ဂျာအရေးဟာ လူပေါင်းခုနှစ်သိန်းလောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးရပြီ နိုင်ငံတကာတရားရုံး (ICJ) ရောက်တဲ့ အထိ ပိုမိုကြီးထွားလာခဲ့တယ်။ ဒီမိုကရေစီအစိုးရ အနေနဲ့ ရိုဟင်ဂျာအရေးကို ချဉ်းကပ်တဲ့နေရာမှာ စစ်အာဏာရှင်တွေ မျိုးစေ့ချထားခဲ့တဲ့ ရိုဟင်ဂျာငြင်းပယ် ရေးမူကိုဆက် လက်ကိုင်စွဲထားတယ်။ ဒါ့အပြင် အာဏာရှင်ဦးနေဝင်း စီစဉ်ပြဌန်းခဲ့တဲ့ ၁၉၈၂ နိုင်ငံသား ဥပ ဒေကို တို့ထိဖို့၊ စစ် အာဏာရှင်တွေအသက်သွင်းထားတဲ့ အမျိုးသားရေးအစွန်ရောက်တရားကိုဆန့်ကျင်ဖို့ လုပ်ဆောင်ခြင်းမရှိ ကြ ဘူး။ အဲ့ဒီအစား စစ်အာဏာရှင်တွေခင်းထားတဲ့ လမ်းအတိုင်း လျောက်လှမ်းနေစဲဖြစ် တယ်။ 

အခုဆိုရင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ ဂမ်ဘီ ယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး(ICJ)က မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ်အစီ အမံတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ မြန်မာနိုင်ငံ အနေနဲ့လူ မျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတဲ့နိုင်ငံအဖြစ်ကို ရောက်ရှိသွားတာပါပဲ။ 
 
တရားရုံးအဆုံးအဖြတ်မှာလည်း မြန်မာအစိုးရက ငြင်းပယ်ထားတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအမှတ်ပြုပြီး အသုံးပြု သွားတာကိုလည်း တွေ့ရနိုင်တယ်။ ကမ္ဘာ့နိုင်ငံအများစုအပါအဝင် ကုလသမဂ္ဂရဲ့ တရားရုံးတစ်ခုဖြစ်တဲ့ နိုင်ငံတ ကာတရားရုံး(ICJ)ကနေပြီးတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို လူ့အခွင့်အရေး နူန်းစံတွေအရတရားဝင်အသိအမှတ် ပြုပြီး ခေါ်ဝေါ်နေချိန်မှာ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်း ငြင်းပယ်နေခြင်းက ပြဿနာတွေ ကို ဖြေရှင်းရာ ကို ရောက်နိုင်ပါ့မလားဆိုတဲ့အချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုလာ ပါပြီ။ 
 
ရိုဟင်ဂျာဆိုတဲ့ အမည်ကို ငြင်းပယ်နေတာဟာ လူမျိုးစုတစ်စုရဲ့ ဖြစ်တည်မှု၊ လူအုပ်စုတစ်စုရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုတာ၊ ငြင်းပယ်တဲ့ သဘောကို သက်ရောက်တာလည်း ဖြစ်တယ်။

ရိုဟင်ဂျာအမည်ကို အသိမှတ်ပြုဖို့ လိုပြီလား
Photo – Jpaing / MPA
 
လူ့အခွင့်အရေးတန်ဖိုးစံနူန်းအရကိုပဲ ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ်ပြုဖို့ လိုကို လိုအပ်ပါတယ်။ လူမျိုးစု တစ်စုက သူတို့ကိုယ်သူတို့ သတ်မှတ်ခေါ်ဝေါ်ထားတဲ့ အမည်တစ်ခုကို ငြင်းပယ်တာဟာ အဲ့ဒီလူမျိုးစုရဲ့ ဖြစ်တည် မှုကို ငြင်းပယ်တာဖြစ်တယ်။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကိုယ် မောင်ဖြူလို့ အမည်သတ်မှတ်ထား သူကို တခြား လူတစ်ယောက်က မင်းနာမည်မောင်ဖြူမဖြစ်ရဘူး မောင်နီ ဖြစ်ရမယ်လို့ အတင်းသတ်မှတ် ခွင့်မရှိပါဘူး။ရိုဟင် ဂျာ ဆိုတဲ့အသုံးအနူန်းကို အစိုးရက အသိအမှတ်ပြုလိုက်တဲ့အခါမှာ အမျိုးသားရေးဆိုင် ရာ ရပ်တည်ချက်ကြောင့် ဖြစ်လာနိုင်တဲ့ နိုင်ငံရေးဖိအားတွေ၊ စိုးရိမ်ချက်တွေလည်း အများအပြားရှိ လာနိုင် တာ အမှန်ပါပဲ။ ဒါပေမယ့် အဲ့ဒီ လို ဖိအားတွေ၊ နိုင်ငံရေးလူကြိုက်နည်းမှာ စိုးရိမ်မှုတွေကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလုပ်ဆောင် လို့ မ ရပါဘူး။ လူများစုရဲ့ စိုးရိမ်မှုနဲ့ နိုင်ငံရေးဖိအားတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေလျော့အောင်သာ လုပ်ဆောင် ရမှာဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ်ပြုပေမယ့်တိုင်းရင်းသား ဖြစ်ခြင်း မဖြစ်ခြင်းကတော့ သမိုင်းဆိုင်ရာ၊ ဥပဒေဆိုင်ရာတွေနဲ့ ချဉ်းကပ်အဖြေရှာဖို့
စိုးရိမ်ချက်တွေကို ဘယ်လိုလျော့ချမလဲ

စိုးရိမ်ချက်တွေကို ဖြေလျော့တဲ့နေရာမှာ ပထမဆုံးလုပ်ဆောင်ရမှာကတော့ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြု ခြင်း နဲ့ တိုင်းရင်းအဖြစ်အသိအမှတ်ပြုခြင်းကို ကွဲကွဲပြားပြားဖြစ်အောင် သတင်းစကားပေးခြင်းပဲဖြစ်ပါတယ်။ ဘယ်လို လူမျိုးစုတွေဟာ တိုင်းရင်းသားဖြစ်၊ ဘယ်လို လူမျိုးစုတွေဟာ တိုင်းရင်းသားမဖြစ်ဘူးဆိုတဲ့အငြင်းပွားမှုကိုသမိုင်း ဆိုင်ရာအချက်အလက် အထောက်အထားတွေကို အခြေခံပြီး အဖြေရှာတာ၊ လိုအပ်တဲ့ ဥပဒေ အစိတ်အပိုင်း တွေ ပြင်ဆင်တာ၊ အသစ်ရေးစွဲတာမျိုးနဲ့ အဖြေရှာသွားဖို့သာ လိုအပ်ပါတယ်။ဆိုလိုချင်တာ ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ်ပြုပေမယ့် တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းကတော့ သမိုင်း ဆိုင်ရာ၊ ဥပဒေဆိုင်ရာတွေနဲ့ ချဉ်းကပ်အဖြေရှာဖို့ဆိုတဲ့ သဘောဖြစ်ပါတယ်။ နောက်တစ်ခါအရေးကြီး တာ ကတော့ စစ်အာဏာရှင် ဦးနေဝင်း ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို လူ့အခွင့်အရေးဆိုင်ရာမှာ အငြင်းပွားမှုရှိ နေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန် လည်ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ဒီဥပဒေဟာ အခြေခံဥပဒေမဟုတ်တဲ့အ တွက်ကြောင့် NLD ပါတီအများစုရှိတဲ့ လွှတ်တော်က စေတနာရှိရင် ပြင်ဆင်နိုင်တဲ့ အခြေအနေမှာရှိပါ တယ်။
 
နောက်ဆုံးအချက်ကတော့ နိုင်ငံသားတိုင်းကို နိုင်ငံသားအခွင့်အရေးပြည့်ပြည့်၀၀ရရှိစေဖို့ပဲဖြစ်ပါတယ်။ နိုင်ငံ သား တိုင်း၊ လူမျိုးစုတိုင်းဟာ တိုင်းရင်းသားဖြစ်စေ၊ တိုင်းသားမဟုတ်သည်ဖြစ်စေ နိုင်ငံသားအခွင့်အရေးနဲ့ အား လုံးတန်းတူအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ရရှိနေမယ်ဆိုရင် အထူးတလည် တိုင်းရင်းသား အခွင့်ရေးတွေကို တောင်းဆိုနေကြဖို့တောင် လိုမှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေ၊ ဂုဏ်သိက္ခာထိခိုက်မှုတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှာ ရှိပါ တယ်။ ဒီလို အခြေအနေမျိုးမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ငြင်းပယ်နေခြင်းက ပြဿနာ‌ဖြေ ရှင်းရာရောက်မှာ မဟုတ်တာကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ အဲ့ဒီအစား ရိုဟင်ဂျာဆိုတဲ့ အမည်ကိုအသိ အမှတ်ပြုဖို့နဲ့ တရား မျှတဲ့ နိုင်ငံသားဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့၊ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ကိုသာ လုပ် ဆောင်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။







Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */