" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 26, 2020

စစ်ရာဇဝတ်မှုများ တရားဥပဒေအောက်ရောက်ဖို့ မြန်မာကို အချိန်ပေးပါ

Frontier
MYANMAR 
Sunday, January 26, 2020
Photo-AFP

လွတ်လပ်သောစုံစမ်းရေးစစ်ဆေးရေးကော်မရှင်ကရခိုင်တွင်အရပ်သားများလုယက်သတ်ဖြတ်ခံရမှုကိုအထောက် အထားများဖြင့်မှတ်တမ်းတင်ဒေါ်အောင်ဆန်းစုကြည် ရေးသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် အစုအပြုံလိုက် ပြောင်းရွှေ့ရမှုများကို လွတ် လပ်သော စုံစမ်းရေးစစ်ဆေးရေးကော်မရှင်က ပြည့်စုံစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အပြီးသတ် အစီရင်ခံစာ ကို ယခုအပတ်တွင် သမ္မတထံ တင်ပြလိုက်ပြီဖြစ်သည်။ ကော်မရှင်သည် ထိခိုက်ခံစားခဲ့ကြရ သူများနှင့်လုံခြုံရေး ဝန်ထမ်းများအပါအဝင် မျက်မြင်သက်သေ (၁၅၀၀) နီးပါးကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကိုယ်တွေ့မျက်မြင်အကြောင်းအရာများကို ရယူစုဆောင်းနိုင်မှုတွင်ယခုကော်မရှင်သည်ကမ္ဘာပေါ်ရှိအခြားအချက် အလက်ရှာဖွေရေးအဖွဲ့ အားလုံးထက်ပိုမိုခဲ့ပါသည်။ကော်မရှင်၏ တွေ့ရှိချက် များနှင့် ပြည်တွင်း၌ နောက်ထပ် စုံ စမ်း၊ စစ်ဆေးအပြစ်ပေးရန် ထောက်ခံတင်ပြချက်များက ဒွိဟသံသယအားလုံးကိုဖယ်ရှားပစ်လိုက်ပြီးထိရောက် မည်မဟုတ်ဟု အာဃာတနှင့် ကြိုတင်တွေးဆသူများ မှားယွင်းကြောင်းပြသလိုက်ပါ သည်။

ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုကို ဆွေးနွေးကြရေးနှင့် ထိုဒေသတွင်း အ ပြောင်းအလဲများ ဖြစ်ပေါ်လာရေး လမ်းပြမြေပုံတစ်ခု ဖော်ဆောင်ရန် ဤအစီရင်ခံစာက အခွင့်အရေးပေး သင့်ပါ သည်။

နိုင်ငံတကာ တရားစီရင်ရေးဖော်ဆောင်ရန်မှာ အချိန်နှင့် အားထုတ်လုပ်ဆောင်မှုလိုပါသည်။ ဤလုပ်ငန်းစဉ်သည် သားကောင်ဖော်ထုတ်ရေး သီးသန့်ထွက်ဆိုချက်များအဖြစ်အလွယ်တကူဆက်နွယ်သွားနိုင်ပြီးသူတို့ပြောသမျှဖြစ် ရပ်ဇာတ်ကြောင်းများနှင့် ခွဲခြားမရအောင် ဖြစ်သွားနိုင်ပါသည်။ ICOE အစီရင်ခံစာကို မျှမျှတတ ဖတ်ရှုလေ့လာ ကြည့်ပါက ရခိုင်ပြည်က အဖြစ်အပျက်များအပေါ် နိုင်ငံတကာ၏ လက်ရှိလုပ်ဆောင်မှုများ အနေနှင့် ဤသို့ဖြစ် သွားနိုင်သည့် အန္တရာယ်အမှန်ပင်ရှိကြောင်း ပြသနေပါသည်။

ICJ တွင် မြန်မာအပေါ်စွဲဆိုထားသော အမှု၊ ICC ထံ စွဲဆိုတင်ပြထားချက်များနှင့် အာဂျင်တီးနားနိုင်ငံတွင် ပုဂ္ဂလိ ကစွဲဆိုထားမှု၊ ဤစွဲဆိုမှုအားလုံးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ တင်ပြချက်များအပေါ် အလွန်အမင်းမှီခိုအခြေခံထားခြင်း ဖြစ်ပါသည်။ ၎င်းတို့အားလုံးသည် ဘဂ်လားဒေ့ရှ်ဒုက္ခ သည်စခန်းရှိ ဒုက္ခသည်များ၏ ပြောဆိုချက်များသာ ဖြစ်ပါသည်။

အချို့ဒုက္ခသည်များသည် မမှန်မကန်ပုံကြီးချဲ့ထားသော အချက်အလက်များဖြစ်နိုင်သည်ဟု ICOE အစီရင်ခံ စာ တွင် ဖော်ပြထားပါသည်။ ဒါကိုနားလည်နိုင်သော်လည်း နေရာတိုင်း အဆင့်တိုင်းတွင် စိန်ခေါ်မှုရှိသည်ဆိုသည်ကို တော့ အသိအမှတ်ပြုရပါမည်။ နိုင်ငံတစ်ခုလုံး အစိုးရတစ်ဖွဲ့လုံးကို ရာဇဝတ်ကောင်တွေအဖြစ် အလုပ်ခံရတော့ မည့် အရိပ်တွေသန်းနေချိန်တွင် သတင်းမှားများကို စစ်ထုတ်နိုင်မည့် ကိရိယာမျိုးလည်း နိုင်ငံတကာတရားရေး စနစ်တွင် ရှိကောင်းမှ ရှိပါလိမ့်မည်။

လူ့အခွင့်အရေးအုပ်စုများသည် သင့်တော်သော ရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုများမလုပ်ရသေးဘဲသက်သေမရှိသော ဖော်ပြချက်များအပေါ်အခြေခံကာ မြန်မာနိုင်ငံအပေါ် ရှုံ့ချပြစ်တင်မှုများ လုပ်ခဲ့ကြပါသည်။

နိုင်ငံတကာ၏ ရှုံ့ချပြစ်တင်မှုများသည် ရခိုင်ပြည်နယ်တွင် တိုးတက်မှုနှင့် တည်ငြိမ်မှုရအောင် မြန်မာနိုင်ငံ၏ကြိုး ပမ်းမှုများအပေါ် အနုတ်လက္ခဏာသက်ရောက်မှုများဖြစ်စေခဲ့ပါသည်။ စစ်ဘက်နှင့် အရပ်သားအစိုးရ တို့အကြား ပူးပေါင်းလုပ်ဆောင်မှုရရှိအောင် ပြည်တွင်း၌ ခဲယဉ်းပင်ပန်းစွာ အားထုတ်နေရမှုကို ဖျက်လိုဖျက်ဆီး ဖြစ်စေခဲ့ပါ သည်။ အလွန်ကွဲပြားခြားနားသော နိုင်ငံတစ်ခုတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အုတ်မြစ် ချရန် ကျွန်ုပ်တို့၏ လုပ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ ကျွန်ုပ်တို့၏ အပြန်အလှန်ဆက်ဆံရေးကို ထိခိုက်စေခဲ့ပြီး မြန်မာ ၏ ပုံရိပ်ကို ဖျက်ဆီးခဲ့ပါသည်။

မြန်မာနိုင်ငံထက် အရင်းအမြစ်တွေ နည်းပါးသော နိုင်ငံများသာ ယခုမြန်မာနိုင်ငံ ရှုံ့ချပြစ်တင်ခံရသလို ခံခဲ့ ရပါမူ ဖြစ်လာမည့်အကျိုးဆက်များမှာ အလွန်ကြောက်မက်ဖွယ် ဖြစ်ခဲ့ပါလိမ့်မည်။လူ့အခွင့်အရေးအတွက် အခိုင်မာဆုံး ကာကွယ်မှုပေးနိုင်ရန်မှာ အခြေအမြစ်မရှိသော လူပြောသူပြောများအပေါ်အခြေခံ၍ ကုလသမဂ္ဂနှင့် အစိုးရ မ ဟုတ်သော အဖွဲ့အစည်းများလုပ်ကိုင်နေကြပုံကို ပြုပြင်ပြောင်းလဲဖို့လိုပါသည်။ ခံခဲ့ရသော သားကောင်များ၏ အသံကို နားထောင်ကြရမည်။ ကျွန်ုပ်တို့နှလုံးသားကို အမြဲထိခိုက်စေရပါမည်။ ထိုနည်း တူပင် အချက်အလက်ရှာ ဖွေသူများသည် သတိရှိရှိနှင့် အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အရေးကြီးပါသည်။

ရခိုင်တွင် အကြမ်းဖက်မှုအထောက်အထားကို ICOE အစီရင်ခံစာက တင်ပြခဲ့လျင် ပြည်တွင်းစုံစမ်းစစ်ဆေး မှုနှင့် အရေးယူမှုပြုလုပ်မည်ဟု ကျွန်ုပ် ICJ ကို ပြောခဲ့ပါသည်။ မြန်မာ့လုံခြုံရေးတပ်များနှင့် အရပ်သားများက ARSA အကြမ်းဖက်အဖွဲ့နှင့် တိုက်ခိုက်မှုတွင် စစ်ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက် မှုရှိခဲ့ကြောင်း ICOE အစီရင်ခံစာက ဖော်ပြခဲ့ပါသည်။ အရပ်သားများအား သတ်ဖြတ်ခဲ့မှု၊အင်အားအလွန်အကျွံအသုံးပြုမှုပစ္စည်း ဥစ္စာများ လုယူမှု၊ မူဆလင်နေအိမ်များကို ဖျက်ဆီးမှုများကို ICOE အစီရင်ခံစာတွင် အသေး စိတ်ဖော်ပြခဲ့ပါသည်။

ICOE က လူမျိုးတုံးသတ်ဖြတ်မှုအထောက်အထားကိုတော့ မတွေ့ရှိခဲ့ပါ။ ကျေးရွာများကို လုယက်မှု၊ မီးရှို့မှုတွင် ပါဝင်ခဲ့သော အရပ်သားများအား စုံစမ်းစစ်ဆေးရေးအစီအစဉ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ကြေညာ ခဲ့ပြီး ဖြစ်ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပါက ပြည်တွင်းရှိသက်ဆိုင် ရာစစ် ခုံရုံးတွင် စစ် ဆေးအပြစ်ပေးမည်ဖြစ်ပါသည်။

ဤလုပ်ငန်းစဉ်များ၏ ဂုဏ်သိက္ခာကို ကျွန်ုပ်တို့လေးစားဖို့လိုပါသည်။ မြန်မာ့တရားရေးစနစ်အပေါ် မလျော် ကန် သော တောင်းဆိုမှုများမှ ရှောင်ရှားသင့်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များတွင် တပ်ဖွဲ့ဝင်အချို့ကိုယ်ကျိုးအတွက် လုပ်ဆောင်မှုများကို ဖော်ထုတ်ပြီး အရေးယူမှာ အလွန်ခက်ခဲတတ်ပါသည်။ ဤသည်မှာ တစ် ကမ္ဘာလုံးကြုံတွေ့ နေ ရသော ပြဿနာဖြစ်ပါသည်။ သို့သော် ဤအတွက်ကြောင့် နိုင်ငံတကာတရားရေး ချက်ချင်းဝင်လာရမည်ဟု မဆိုချေ။

ရခိုင်ပြည်နယ်မှ ချိုးဖောက်မှုပြဿနာများဖြေရှင်းရန် မြန်မာနိုင်ငံ၏ လုပ်ရည်ကိုင်ရည်ကို အကဲခတ်လိုပါလျင် မြန်မာ့တရားရေးစနစ် ဆောင်ရွက်ရန်အချိန် လုံလုံလောက်လောက်ပေးမှသာ ဖြစ်နိုင်ပါသည်။

တရားဥပဒေသည်သာ မယုံကြည်မှု၊ စိုးရွံ့ထိတ်လန့်မှု၊ အာဃာတနှင့် အမုန်းတရား၊ လူ့အသိုက်အဝန်းများအကြား ကာလကြာရှည်ရှိနေခဲ့သော အကြမ်းဖက်မှုတို့ကို အဆုံးသတ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ ပန်းတိုင် ပင်ဖြစ်ပါသည်။ ဤပန်းတိုင်ရရှိအောင် ကျွန်ုပ်တို့ ကြိုးပမ်းလျက်ရှိသည်။

နိုင်ငံတကာတရားစီရင်ရေးသည် ရခိုင်အခြေအနေ ဆွေးနွေးပွဲများတွင် တွေ့မြင်ရတတ်သော အစွန်းရောက် ကွာ ဟမှု၏ သားကောင်ဖြစ် မသွားသင့်ပါချေ။

Financial Times တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရေးသားသော Give Myanmar time to deliver justice on war crimesကို ဦးကိုကိုဘာသာပြန်သည်။



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */