" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 16, 2020

တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာပြည်လာရောက်ရခြင်း အကြောင်းအရင်း ၃ ချက်


TheVoiceWeekly Journal
သန့်ဇင်စိုး
16-Jan-2020

တရုတ်သမ္မတကြီး ရှီကျင့်ဖျင် မြန်မာနိုင်ငံကိုလာမယ်တဲ့။နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ပထမဆုံးဒေသ တွင်း ပါဝါနိုင်ငံကြီးတရုတ်ရဲ့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မြန်မာပြည်ကို လာရောက်မှာဖြစ်ပါတယ်။ မစ္စတာရှီဟာ ခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော်၊ ပါလီမန်၊ နိုင်ငံရေးပါတီများ၊ အရပ်သားများနဲ့ တွေ့ ဆုံ သွားမယ်လို့ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်းက ပြောကြားထားပါတယ်။ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို မရောက် ဖူးသူတော့မဟုတ်ပါဘူး။ ၂၀ဝ၉ ခုနှစ်တုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဒုတိ ယသမ္မတအဖြစ် မြန်မာနိုင်ငံ ကို လာခဲ့ဖူးပါတယ်။ဘာဖြစ်လို့ အခုလိုအချိန်မှာ မြန်မာပြည်ကို ရှီကျင့်ဖျင် ကိုယ်တိုင်ရောက်လာရပါသလဲ။ဘယ် လို အကြောင်းအရာတွေက နောက်ကွယ်မှာရှိနေပါသလဲ။

တရုတ်ဘက်က အပြော

မြန်မာနိုင်ငံအခြေစိုက် တရုတ်သံအမတ်ကြီးရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားချက်အရတော့သမ္မတရှီဟာမြန်မာ အစိုးရ ခေါင်းဆောင်များနဲ့အတူ တရုတ် - မြန်မာ သံခင်းတမန်ခင်းအနှစ် ၇၀ပြည့် အခမ်းအနားများကို တက် ရောက်ဖို့လာတာပါတဲ့။တရုတ်-မြန်မာယဉ်ကျေးမှုနဲ့ ခရီးသွားနှစ်ဖွင့်လှစ်ခြင်းပွဲကို တက်ရောက်ဖွင့်လှစ်မှာပါတဲ့။တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် မြန်မာနဲ့သံတမန်သက်တမ်းဟာ အနှစ် ၇၀ ရှိပါပြီ။ ၁၉၄၉ ခု နှစ်မှာ မြန်မာပြည်ဟာ သမ္မတနိုင်ငံထူထောင်တဲ့ တရုတ်ကိုအသိအမှတ်ပြု သံခင်းတမန်ခင်း စတင်ခဲ့ပါတယ်။ဆိုရှယ်လစ်နိုင်ငံ မဟုတ်တဲ့နိုင်ငံများထဲမှာ တရုတ်ကိုစပြီး အသိအမှတ်ပြုတာမြန်မာပါတဲ့။ တရုတ် - မြန်မာဆက် ဆံရေးဟာ အင်အားကြီးနိုင်ငံကြီးတစ်ခုနှင့် နိုင်ငံငယ်တစ်ခုအကြားမှာ ပူးတွဲဖွံ့ဖြိုးရေးနဲ့ သူနိုင်ကိုယ်နိုင်ဆက်ဆံ ရေး တို့နဲ့အတူ သဟဇာတဖြစ်စွာတည်ရှိနိုင်တယ်ဆိုတဲ့ ဥပမာကောင်းဖြစ်ပါကြောင်း တရုတ်အစိုးရသတင်းစာ Global Post က ရေးသားထားပါတယ်။ဒါဆို သမ္မတရှီကျင့်ဖျင်ဟာ ဆွေမျိုးပေါက် ဖော်ကို မြန်မာတို့နဲ့ဆက်ဆံ ရေး အနှစ် ၇၀ ပြည့်လို့ ပွဲလာတက်ရုံတက် တာလား။အချက်အလက်တွေက တော့ ဒီလိုမဆိုပါဘူး။သမ္မတရှီ လာ ရခြင်း အကြောင်းအရင်းတွေရှိပါတယ်။

(၁) ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယရဲ့ မြန်မာ့မြေပေါ်မှာ စီးပွားရေးသြဇာကြီးလာမှု

တရုတ်ရဲ့ဒေသတွင်း စီးပွားရေးပြိုင်ဘက် ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ မြန်မာနိုင်ငံမှာ ခြေလှမ်းစိပ်စိပ်နဲ့ အ လုပ်ဖြစ်နေပါတယ်။ မြန်မာ့မြေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကအမြင့်ဆုံးဖြစ်နေဆဲ ဖြစ်ပေမယ့် ဂျပန်၊ တောင်ကို ရီးယား၊ အိန္ဒိယတို့ဟာ တိုးတက်လာနေတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရသိရပါတယ်။ ဂျပန်ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရ ထောက်ခံရပ်တည်ပေး မှုတွေ လုပ်ပေးနေ ခဲ့ ပါပြီ။ နယ်စပ်စည်း ၂၂၀ဝ ကီလိုမီတာတောင် ထိစပ်နေတဲ့ ခြံစည်းရိုးတစ်ဖက်ခြားက ကိုယ့်အိမ်နီးချင်းအိမ်ထဲကို ခပ်လှမ်းလှမ်းက ပြိုင်ဘက်တွေရောက်လာပြီး ရောင်းဝယ်ဖောက်ကား တွင် ကျယ်နတာကို တရုတ်အနေနဲ့ သိပ် မကြိုက်ဘူးဆိုရင် ဒါဟာသဘာဝကျပါတယ်။တရုတ်ရဲ့ ကုန်သွယ်ရေးခြေသွက်စေဖို့ရာ၊ ရှေ့စီမံကိန်းများစွာသွက် လက်လာစေဖို့ တရုတ်သမ္မတကြီးဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က သံခင်းတမန်ခင်းအရနေပြည်တော်နဲ့ချိတ် ဆက်ထူထောင်တော့မှာဖြစ်ပါတယ်။လူမှုရေးနဲ့ ဖွံ့ဖြိုးရေး အကူအညီအစီအစဉ်တွေသယ်ဆောင်လာမှာဖြစ်တယ် လို့ တရုတ် သံအမတ်ကြီးရဲ့ အဆိုအရ မြန်မာအပေါ် ဖွံ့ဖြိုးရေး အကူအညီတွေ ဆောင်ရွက်နေတဲ့ ဂျပန်နဲ့ ကိုရီး ယားကို ချိန်ခွင်လျှာညှိမယ့် အနေအထား ဖြစ်ပါတယ်။

(၂) ကုန်းတစ်လမ်း၊ရေတစ်လမ်း ပိုးလမ်းမသစ် BRI ရဲ့ စီမံကိန်းများကို အပြီးသတ်လက်မှတ်ထိုးဖို့တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဟာ BRI လို့ခေါ်တဲ့ ပိုးလမ်းမသစ်ကြီး မဟာဗျူဟာမှာ အစိတ်အ ပိုင်း တစ်ရပ်အဖြစ် ပါ ပါတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်မြန်မာပြည်ဟာ ပိုးလမ်းမသစ်အတွက် မဟာဗျူဟာအရ အရေး ပါ ပါတယ်။ဘယ်လိုပဲ အရေးပါတယ်ပြောပြော မြန်မာပြည်မှာ အလုပ်လုပ်ရတာ တ ရုတ်အတွက်မလွယ် ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။မြန်မာနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် ပို့ဆောင် ဆက်သွယ်ရေးလမ်းမ တွေ ကို တည်ဆောက်ရင်းနှီးရမှာဖြစ်ပါတယ်။ဒီစီမံကိန်းတွေ အများအပြားကို သက် ဆိုင်ရာတရုတ်အရာရှိတွေက သမ္မတရှီရဲ့နေပြည်တော်ခရီးစဉ်အတွင်းမှာ လက်မှတ်ရေး ထိုးကြဖို့ရှိ ပါတယ်။

မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးမှုဇုန်၊ ရန်ကုန် မြို့သစ်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ကန်ပိုက်တီချင်း ရွှေဟော်မူဆယ် စက်မှုဇုန်များ၊ မူဆယ် - မန္တလေး ရထားလမ်းပိုင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စတဲ့ ခေတ်သစ်ပိုး လမ်းမ BRI ရဲ့ စီမံကိန်းတွေဟာ သမ္မတရှီရဲ့ ခရီးစဉ်အတွင်းမှာ သဘောတူညီမှု အကောင်အထည်တွေပေါ် လာနိုင်ပါ တယ် ။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်ပြီးလုပ်မယ် ဆိုရင် မြန်မာ ပြည်သူတွေ သိပ်ပြီးမကန့်ကွက်လောက်ဘူးလို့ တရုတ်အရာရှိတွေက မျှော်လင့်နေကြတယ်လို့ မြန် မာပြည်ရေး ရာ တရုတ်ပညာရှင်အသိုင်းအဝိုင်းက ကြားရပါတယ်။တရုတ်ဘက်က ဘယ်လောက်အထိ ကြိုး စားခြေလှမ်း လာ မလဲဆိုတာ သမ္မတရှီရဲ့ ခရီးစဉ်မှာ ပေါ်ထွက်လာနိုင်ပါတယ်။

(၃) မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ နိုင်ငံရေးသြဇာတက်လာဖို့ လိုနေခြင်း

သမ္မတဦးသိန်းစိန် လက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်လုပ်လာတော့ မထင်မှတ်ဘဲ အနောက်အုပ်စု၏ ချိတ်ဆက် ပါဝင်မှုက မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် သိသာမြင်သာလာသည်။မြန်မာတိုင်းရင်းသား လက်နက် ကိုင်ခေါင်း ဆောင်များ အမေရိကကို ရောက်သွားခဲ့ပြီး၊ အနောက်တိုင်း သံတမန်အရာရှိများက တရုတ်နယ် စပ်နားဒေသများ ကိုလာပြီး လူ့အခွင့်အရေးအကြောင်း ပြောကြဆိုကြပြီးနောက်မှာ တရုတ်ဟာ သူ့နယ်စပ်နားက လက်နက်ကိုင် တွေကို အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့အရေး အားမပေးခဲ့ပါ ဘူး။တရုတ် နယ် စပ်နားက ဘယ်လက် နက်ကိုင်ကမှလည်း အပစ်အခတ်ရပ်စဲရေး NCA မှာ မပါခဲ့ပါဘူး။တရုတ်ဟာ ဒီ လိုမျိုး နိုင်ငံရေးသြဇာကိစ္စ အ တွက် မြန်မာ့မြေမှာ အနောက်အုပ်စုနဲ့ ပြိုင်ရပါတယ်။အခုလိုရိုဟင်ဂျာ အရေး လည်းရှိတဲ့အချိန်မှာ တရုတ်ဟာ မြန်မာကိုကူညီပေးပြီး မြန်မာအတွက် အားကိုးစရာဖြစ်လာနိုင်ပါတယ်။

အထက်ဖော်ပြခဲ့တဲ့အတိုင်း ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြှုပ်နှံပြီးတော့ ပြင်ဆင်ရမယ့် လမ်းကြောင်း အပေါ် မှာ လက်ရှိအရှေ့တောင်အာရှ အရှုပ်အထွေးဆုံး၊ အကြမ်းတမ်းဆုံးနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခက ရှိနေပါ တယ်။မြန်မာနိုင်ငံထဲက ခေတ်သစ်ပိုးလမ်းမ BRI ရဲ့ အစိတ်အပိုင်းတွေ ရှောရှောရှူရှူ ဖြစ်ချင် တယ် ဆိုရင်တော့ မြန်မာ့ငြိမ်းချမ်းရေးဟာ တရုတ်အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့အချိန်ပါပဲ။တရုတ်သမ္မတရဲ့ မြန် မာနိုင်ငံခရီးစဉ် မတိုင်ခင်မှာ မြန်မာ့တပ်မတော်နဲ့ လတ်တလောတိုက်ပွဲတွေ ပြင်းထန်နေတဲ့ AA အပါအဝင် မြောက်ပိုင်းမဟာ မိတ် တွေကို တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆန်းဂေါ်ရှန်း ကိုယ်တိုင် လာရောက်တွေ့ဆုံ သွားခဲ့ပါတယ်။မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ်ကဘယ်လောက်အထိ ပံ့ပိုးနိုင် မလဲ၊ တရုတ်ရဲ့ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုမူဝါဒတွေ ဖော်ဆောင်လာမလဲဆိုတာ သမ္မတရှီရဲ့ ခရီးစဉ်က သက် ရောက်မှုတွေ အများကြီးရှိလာပါမယ်။မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ် ကဘယ်လောက်အထိ ပံ့ပိုးနိုင် မလဲ၊ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုမူဝါဒတွေ ဖော်ဆောင်လာမလဲဆိုတာသမ္မတ ရှီရဲ့ ခရီးစဉ်က သက်ရောက်မှုတွေ အများကြီးရှိလာပါမယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */