Monday, December 9, 2019

ICJ အမှုရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်ကို ဆိုက်ရောက်ပြီ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ဆိုက်ရောက်စဉ်။ ဓာတ်ပုံ MOFA 
 
လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ မြန် မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့အမှုကို ရင်ဆိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေနေ့က ရောက်ရှိသွားပါပြီ။

ရိုဟင်ဂျာ မွတ်စလင် လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန် မာ နိုင်ငံကိုယ်စား နိုင်ငံတကာ တရားရုံး (ICJ) မှာ တရားရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် The Hague မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

The Hague မြို့က ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ဂမ်ဘီယာနိုင်ငံနဲ့ အမှုရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာနယ်သာ လန်နိုင်ငံ မြို့တော် Amsterdam က Schiphol လေဆိပ်ကို ရောက်လာကြတာပါ။

နိုင်ငံတကာ တရားရုံး (ICJ) မှာ ၃ ရက်ကြာ ကြားနာမှုအတွင်းမှာတော့ ကုလသမဂ္ဂ တရားသူကြီး ၁၆ ဦးပါ ခုံအဖွဲ့ထံကို အခုတိုင်ကြားထားတဲ့ လူမျိုးတုံးစာချုပ် ဖောက်ဖျက်ချက် စွပ်စွဲချက်ကို အပြည့်အ၀ ကြားနာ မဆုံးဖြတ်နိုင်မီအချိန်မှာ အခြေအနေ ပိုဆိုးမလာစေရေး ကာကွယ်တားဆီးဖို့အတွက် Provisional Measures လို့ ခေါ်တဲ့ ကြားကာလ အစီအစဉ် ချမှတ်ဆောင်ရွက်ပေးဖို့ လျှောက်ထားချက်ကို ကြားနာမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက ပထမဆုံး ထွက်ဆိုမှာ ဖြစ်ပြီး မြန်မာနိုင်ငံက နောက်တရက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထွက်ဆိုမှာပါ။

ဒီနောက် ဒီဇင်ဘာလ ၁၂ ရက်နေမှာတော့ မြန်မာနဲ့ ဂမ်ဘီယာတို့ကို ဒုတိယအကြိမ် ကြားနာမှာ ဖြစ်ပါတယ်။ အခု နိုင်ငံတကာတရားရုံး (ICJ) အမှု အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင် ငံခြားရေးဝန်ကြီး အဖြစ်နဲ့ မြန်မာနိုင်ငံကိုယ်စား တာဝန်ယူထားပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဦးကျော် တင့်ဆွေက ပူးတွဲ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားပါတယ်။

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်လို့ မြန်မာအစိုးရက ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်မခံပါဘူး။ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */