ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
16 ဒီဇင်ဘာ၊ 2019

လက်ရှိ အချိန်ဟာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာ နိုင်ငံ အနေနဲ့ ကုလသမဂ္ဂမှာ လက်မှတ်ရေးထိုးထားတဲ့ Genocide သဘောတူညီချက် ကို ချိုးဖေါက်တယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ တပ် မတော်ကနေ ရခိုင် ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မူဆလင် တွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်ခဲ့ တယ် ဆိုပြီး စွပ်စွဲ ထားတာပါ။ ဒါကို မြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်ဇ။် အ တိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ သည်ဟိတ် ကိုသွားပြီး ငှားရမ်း ထားတဲ့ ရှေ့နေတွေနဲ့ အတူ အမှုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တပ်မတော်ဘက်က ကျူးလွန်ခဲ့ပါတယ် ဆိုတဲ့ အမှုအတွက် အစိုးရအဖွဲခေါင်း ဆောင် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက် ရင်ဆိုင်နေရချိန်၊ တပ်မ တော်ဟာ Genocide အမှုကို မကျူးလွန်ပါဘူး ဆိုပြီး ခုခံ ချေပနေရချိန် ပြည်တွင်းမှာ တပ်မတော် စစ်ခေါင်း ဆောင်တွေ၊ တပ်မတော်ကိုယ်စား လွှတ်တော်ထဲ ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ဘာတွေ ပြောဆို ပြုမူ နေကြသလဲ၊ ICJ ပြသနာကြောင့် တပ်မတော် ခေါင်း ဆောင်တွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲ လာ ကြသလား၊ အရင်အတိုင်း ရှိနေဆဲပဲလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
အခုဆိုရင် လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး နဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမတ်တွေက တစ် ဖက်၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက တစ်ဖက် အပြင်းအထန် ငြင်းခုံနေကြတဲ့ အချိန် ပါ။ အင်န်အယ်လ်ဒီ ပါတီ ဘက်က ဖွဲ့စည်းပုံ တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ပြင်ဆင်ရေး လုပ်ငန်းတွေ စတင် နေချိန် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ကိုယ်စားလှယ်တွေဘက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်း ၅ ခု အ ထိ တင်လာပြီး အဲဒီ ဥပဒေမူကြမ်းတွေကို ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့ကိစ္စ အကြီးအကျယ် အငြင်းပွား နေကြတာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က ဒီ ဥပဒေ မူကြမ်းတွေကို လွှတ်တော်ထဲတင်၊ ဆွေးနွေး၊ မဲခွဲ ဆုံးဖြတ် စသဖြင့် လုပ်ချင်နေကြပါတယ်။ အင်န်အယ်လ်ဒီ ဘက်ကတော့ ဒီ ဥပဒေမူကြမ်းတွေ ကို ဖွဲ့စည်းပုံ တစ်ခုလုံးကို ပြင်ဆင်ဖို့ လုပ်ကိုင်နေတဲ့ ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ ဆန္ဒရှိ နေကြတာပါ။ ဒီကိစ္စ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တော့ ပြည်ခိုင်ဖြိုးနဲ့ တပ် ကိုယ်စားလှယ်တွေ တင်တဲ့ ဥပဒေကြမ်းတွေ အားလုံး ၄၅ ဦးကော်မတီရဲ့ လုပ်ငန်း စဉ်ထဲ ထည့်သွင်းဖို့ ဆိုတဲ့ အဖြေတွေ ထွက်ပေါ်လာ ပါတယ်။ ဒီမှာတင်ပဲ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဒီမိုကရေစီ အနိုင်ကျင့်တာ ဆိုတဲ့ စကား လုံးမျိုးတွေ အပါအဝင် ရှေ့ပိုင်း မြန်မာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ စစ် တပ်က အာဏာသိမ်းတဲ့ အဖြစ်မျိုး ရောက် သွားနိုင်တယ် ဆိုသည်အထိ သွယ်ဝိုက် ပြောဆို သတိပေးတာ ရှိလာပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကရင် ပြည် နယ်အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ၁၄၅ ဦး တင်ပြထား တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံကို ဆွေးနွေးကြ ပါတယ်။ အစီ ရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထွန်းအောင်က လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်တာဟာ ဒီမိုကရေစီ အနိုင်ကျင့်မှု ဖြစ်တဲ့အကြောင်း၊ အဲလို လုပ်မယ် ဆိုရင် အန္တရာယ် ရှိလာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါတင်မက သူက ပါလီမန် ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ် ဦးနုရဲ့ လုပ်ရပ် တစ်ချို့ကို ထောက်ပြပြီး “ဒီလို ဝန်ကြီး ချုပ်ဦးနုရဲ့ မဆင်မခြင် လုပ်ဆောင်မှု အကျိုးရလာဒ်တွေကြောင့် တိုင်းပြည် အခြေအနေ တည်ငြိမ်မှု ပျက်ပြားကာ ၁၉၅၈ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တင်ပြပါ စာနှင့် ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာ ထိန်းသိမ်းပေးနိုင်ပါရန် ညှိနှိုင်း၍ တိုင်းပြည်ဇ။် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်း ဆောင် ရွက်စေခဲ့ရမှု ကို သတိပြုနိုင်ပါရန် တင်ပြအပ်။” ဆိုပြီး လွှတ်တော်တွင်း ပြောဆိုခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ လွှတ်တော်တွင်းက အငြင်းပွားမှုတွေဟာ စစ်အာဏာသိမ်းပွဲ အထိ ရောက်ကောင်း ရောက်သွားနိုင်တာကို သွယ်ဝိုက်ပြီး သတိပေးချင်တဲ့ သဘောပါပဲ။ လွှတ်တော်တွင်း တပ်မတော်သား ကိုယ် စား လှယ်တစ်ယောက်ဟာ သူပြောဆိုမယ့် အကြောင်းအရာ အချက်အလက်တွေကို သူ့သဘောနဲ့သူ ပြော ဆိုခွင့်မရှိပါဘူး။ သက်ဆိုင်ရာ ကြီးကြပ်သူ အထက် အရာရှိတွေ စိစစ်ပြီး နောက်မှသာ တင်ပြခွင့်ရတာမို့ ဒီ ပြောဆိုမှုဟာ တပ်မ တော်ခေါင်းဆောင်တွေရဲ့ သဘောထားလို့ ကောက်ချက်ချနိုင်ပါတယ်။
အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိန့် ခွန်းတွေ ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ပြောတဲ့ သူ့မိန့် ခွန်းထဲမှာ လက်ရှိ ရွေးကောက်ခံ အစိုးရကို သိပ် သဘောမကျတဲ့အကြောင်း သွယ်ဝိုက်ပြီး ပြောဆိုတာ ကြားကြရပါတယ်။ သူက “ဒီမိုကရေစီ ခိုင်မာအားကောင်းရန် အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ အုပ်ချုပ်သူများ ကောင်းရန် လိုကြောင်း၊ ပါတီနိုင်ငံရေးများ ပါသော အုပ်ချုပ်မှုစနစ်မျိုးဖြစ်နေပါက အဆင် မပြေကြောင်း၊ ဒီမိုကရေစီတွင် ယှဉ် ပြိုင်ဘက် အတိုက်အခံပါတီများ ရှိမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး ပါသော အုပ်ချုပ်ရေး ဆောင်ရွက်ပါက အုပ် ချုပ်ရေးကို အတိုက်အခံလုပ်မှာဖြစ်ကြောင်း၊ အာဏာရပါတီ ကလည်း အာဏာရရှိရေး၊ အာဏာတည်မြဲရေးကို ကြိုးစားမည်သာဖြစ်၍ မည်သို့မျှ သဟဇာတ မဖြစ်နိုင် ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တည်ငြိမ်အေး ချမ်းရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးဖြစ်ရန် လိုကြောင်း၊” ဆိုပြီး ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကျင်းပတဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၁ ကျောင်းဆင်းပွဲ စစ် ရေးပြ အခန်းအနား မိန့်ခွန်းမှာလည်း “မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုများအရ “တပ် မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်” ဆိုသည့် စကားသည် မည်သည့်ခေတ် အခါမဆို အမြဲမှန် ကန်မှု ရှိနေမည်ဖြစ်ကြောင်း၊” ပြောဆိုခဲ့ပြန်ပါတယ်။ ဒါဟာ အရင် စစ်အာဏာရှင်တွေ ခေတ်က ဆောင်ပုဒ် တစ်ခုဖြစ်ပြီး တပ်မတော်ဟာ တိုင်းပြည် တစ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်နေတယ် ဆိုတာ၊ တိုင်းပြည် တိုး တက်၊ချမ်းသာကြွယ်၀ ပါမှ ရေမြင့် ကြာတင့် ဆိုသလို တပ်မတော်လည်း အင်အားရှိလာမယ် ဆိုတဲ့ အတွေး အခေါ်မျိုးနဲ့ ဆန့်ကျင်နေဆဲ ဖြစ်တာ တွေ့ကြရပါတယ်။
မြန်မာ့တပ်မတော်နဲ့ နှစ်ပေါင်း၆၀ ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးမှ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် NCA လက် မှတ်ထိုးခဲ့တဲ့ KNU ကရင်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိ ပက္ခတွေ ကြာရှည် ဖြစ်ပွားနေခဲ့တာကို အားလုံးနောင်တ ရကြပြီလို့ သူ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းကနေ
ကရင် ဒုက္ခသည်တွေ နေထိုင်ဖို့ အတွက် မြဝတီမြို့က နေအိမ်တွေ လွဲှပြောင်းပေးအပ်ပွဲမှာ သူက အဲဒီလို ပြောခဲ့တာပါ။ တစ်ချို့နိုင်ငံရေး သမားတွေကလည်း တပ်မတော်ရဲ့ လုပ်ရပ်တွေကနေ တဆင့် ပေါ်ပေါက် လာတဲ့ ICJ မှာ တရားစွဲခံရမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ရင်ဆိုင် ဖြေရှင်းပေးနေ တာကြောင့် အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ်လို့ အကောင်းဘက်က မြင်သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ့်လက် တွေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ၊ လွှတ်တော် တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ပြောဆိုပြုမူပုံတွေကို ကြည့်ရင် လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အတွေးအခေါ် ဆိုင်ရာ ထူးခြားတဲ့၊ ပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ မမြင်ရသေးပါကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment