နေရိန်ကျော်
2019-11-12
ICJ ကုလသမဂ္ဂတရားရုံးက ခုံရုံးလူကြီးများ။ Photo: ICJ
"International Court of Justice (ICJ) ဆိုတာဘာလဲ"
International Court of Justice (ICJ) ဆိုတာ ကုလသမဂ္ဂရဲ့တရားရုံးဖြစ်ပြီး ကမ္ဘာ့တရားရုံးလို့လဲ သာမန် အား ဖြင့် ပြောလေ့ရှိပါတယ်။ ၁၉၄၅ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ တည်ထောင် ခဲ့ တာဖြစ်ပြီး ၁၉၄၆ ခုနှစ်ဧပြီလကစလို့ သက်ဝင်ခဲ့ပါတယ်။ ရုံးကိုတော့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့မှာ တည်ထားပါတယ်။ သူ့ရဲ့တာဝန်ကတော့ တနိုင်ငံနဲ့ တနိုင်ငံတရားစွဲကြတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီ တရား မျှတမှုရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ICJ ခုံရုံးမှာ နိုင်ငံတကာဥပဒေ ပညာ ရှင်တွေကို ခန့်ထားတာဖြစ်ပြီး၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌအပါအဝင် တရားသူကြီး ၁၅ ဦးကို ကုလသမဂ္ဂအထွေ ထွေ ညီလာခံနဲ့ လုံခြုံရေး ကောင်စီက နေ ၉ နှစ်တကြိမ် သက်တမ်းနဲ့ရွေးချယ်ခန့်အပ်တာဖြစ်ပါတယ်။
"လက်ရှိခုံရုံးလူကြီးတွေက ဘယ်သူတွေလဲ"
ICJ ရဲ့လက်ရှိဥက္ကဋ္ဌက ဆိုမာလီယာနိုင်ငံက အက်ဗ်ဒူကာဝီ အာမက်ယူဆွတ်ဖြစ်ပြီး၊ ဒု-ဥက္ကဋ္ဌကတော့ တ ရုတ်နိုင်ငံက ဆွေဟန်ကင်ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။ တခြားအဖွဲ့ဝင်တရားသူကြီးတွေကတော့ ဆလို ဗက်ကီးယား၊ ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီးလ်၊ အမေရိက၊ အီတလီ၊ ယူဂန်ဒါ၊ အိန္ဒိယ၊ ဂျမေကာ၊ ဩစတေး လျ၊ ရုရှား၊ လက်ဘနွန်နဲ့ ဂျပန်နိုင်ငံတွေကဖြစ်ပါတယ်။
"ခုံရုံးကဘာတွေလုပ်ပေးနိုင်လဲ"
ခုံရုံးက အဓိကနှစ်ပိုင်းဆောင်ရွက်ပါတယ်။ တပိုင်းက တနိုင်ငံနဲ့ တနိုင်ငံပြဿနာတွေဖြစ်တဲ့အခါ တရား ဥပဒေအရ ဖြေရှင်းပေးဖို့ နိုင်ငံတနိုင်ငံဘက်က တင်ပြလာရင် လက်ခံပေးတာဖြစ်ပါတယ်။ နောက်တပိုင်း က တော့ အဲဒီပြဿ နာကို လေ့လာဆန်းစစ်ပြီး ကုလသမဂ္ဂရဲ့လုပ်ထုံးလုပ်နည်းနဲ့ တခြားအထူးအဖွဲ့တွေက ဘယ်လိုဆက်ပြီး ဆောင်ရွက်သင့်လဲဆိုတာကို ဥပဒေအရ အကြံပြုဆုံးဖြတ်ပေးတာဖြစ်ပါတယ်။
"ICJ ခုံရုံးမှာအရင်ကဘာလုပ်ခဲ့ဖူးလဲ"
အထင်ရှားဆုံးဥပမာတခုကတော့ဒီလိုပါ။ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်ထိဖြစ်ခဲ့တဲ့ ဘော့စနီးယား စစ်ပွဲမှာ ဆာ့ဘ်စစ်တပ်က ဘော့စနီးယား မွတ်စလင် ကလေးရောလူကြီးပါ ၇ ထောင်လောက်ကို သတ်ဖြတ်ခဲ့ပြီး ၃ သောင်းလောက်ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်အတွက် လူမျိုးတုန်းသုတ်သင်မှု၊လူမျိုးနွယ်စုရှင်းလင်းမှုတွေနဲ့ ICJ ခုံရုံးမှာ ဦတိုက်လျှောက် ထားခဲ့ပါတယ်။ အဲဒီအမှုအတွက် လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှုတွေ မဖြစ် အောင် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ၂ဝဝ၇ ဖေဖေါ်ဝါရီလမှာ ခုံရုံးက စစ်ဆေးတွေ့ရှိပြီး၊ တာဝန်ရှိခေါင်း ဆောင်တွေကို International Criminal Tribunal (ICT)တရားရုံးကနေ ဆက်လက်ဆောင်ရွက်ဖို့ အကြံပြု ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။
"မြန်မာကိစ္စမှာ ဘယ်လိုဖြစ်လာတာလဲ"
၂ဝ၁၆ အောက်တိုဘာလနဲ့ ၂ဝ၁၇ ဩဂုတ်လတွေမှာ မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မှာ နယ်မြေ ရှင်း လင်းရေးဆိုပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး အစုလိုက် အပြုံလိုက် ထွက်ပြေးအောင် အကြမ်းဖက်မောင်းထုတ်တာတွေဖြစ်ခဲ့တဲ့အတွက် ဒါဟာ ကုလသမဂ္ဂက ချ မှတ်ထားတဲ့ ဂျနိုဆိုက်ကွန်ဗန်းရှင်းအရ လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှုမဖြစ်အောင် ကာကွယ်ဖို့ ပျက် ကွက်ခဲ့တယ်ဆိုပြီး နိုင်ငံပေါင်း ၅၇ နိုင်ငံနဲ့ဖွဲ့ထားတဲ့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က၊ သူ့အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံကို ကိုယ်စားလှယ်အဖြစ်ရွေးပြီး ICJ ခုံရုံးမှာ ဦးတိုက်လျှောက် ထား တာဖြစ်ပါတယ်။
"ICJ ခုံရုံးက ဘာဆက်လုပ်မလဲ"
တရားမျှတမှုရဖို့အတွက် အဓိကနှစ်လမ်းရှိတယ်လို့ Global Justice Center အဖွဲ့က ဆိုပါတယ်။ တခုက လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုအတွက် မြန်မာဟာ နိုင်ငံတနိုင်ငံအနေနဲ့ တာဝန်ယူအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နောက်တခုက ကျူးလွန်မှုတွေဖြစ်အောင် စီစဉ်ခဲ့တဲ့သူတွေ၊ ပါဝင်ခဲ့တဲ့သူတွေကို လူပုဂ္ဂိုလ် တဦးချင်းကို အရေးယူနိုင်ဖို့ဖြစ်ပါတယ်။

Link : Here

No comments:
Post a Comment