Friday, November 22, 2019

အိုင်စီဂျေမှာ မြန်မာကို တရားစွဲထားတဲ့ကိစ္စ တပ်မတော် ဘယ်လို ရပ်တည်သလဲ

B B C 
 ဘီဘီစီ မြန်မာပိုင်း
21 နိုဝင်ဘာလ 2019

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ် သက် ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် မယ်လို့ ပြောထားသလို တပ်ဘက်ကလည်း လိုအပ်ရင် တပ်ကိုယ်စားလှယ်တွေ ပါကောင်းပါလာနိုင် တယ် လို့ လည်း နိုဝင်ဘာလ ၂၁ ရက် မှာ သူက ပြောပါတယ်။


ဒီအမှုကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်မယ်ဆိုပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂ဝ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

ICJ က ဒီဇင်ဘာလထဲ အမှုရုံးချိန်းရက်တွေ ထုတ်ပြန်လာခဲ့အပြီး ချက်ချင်းဆိုသလိုပဲ မြန်မာဘက်ကလည်း အခုလိုတုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ တိုက်ခိုက်ခံခဲ့ရတာဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်နိုင် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကို ကိုယ်စားပြုပြီး အနောက်အာဖရိက နိုင်ငံ ဂမ်ဘီ ယာက မြန်မာကို ICJ မှာ နိုဝင်ဘာ ၁၁ ရက် မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက် နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ် ပြန်ထားပါတယ်။

"ကျွန်တော်တို့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်၊ လိုအပ်တဲ့ အချက်တွေ စုဆောင်းတာတွေ၊ ပေးအပ် တာတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း " ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

သဟေ့ဂ်မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ခုနစ်သိန်း လေး သောင်းကျော် ထွက်ပြေးသွားခဲ့ကြပြီးတော့ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း နိုင်ငံတကာက စွပ်စွဲမှုတွေ ရှိပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီတိုက်ခိုက်မှုတွေ စဖြစ်ပွားတာဟာ ရဲစခန်းနဲ့ တပ်ရင်း တပ်စခန်း ပေါင်း ၃၀ ကို အာဆာလို့ ခေါ်တဲ့ မွတ်ဆလင် အကြမ်းဖက် အဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ မှာ အဲဒီ အချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြတာ မတွေ့ရဘူးလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၁၈ သြဂုတ် ၂၅ ရက်မှာ တပ်မတော် တပ်ရင်း ဂိတ်ကင်းစခန်းတစ်ခုနဲ့ နယ်ခြားစောင့်ရဲကင်း စခန်းပေါင်း ၃၀ ကို အကြမ်းဖက်အဖွဲ့တွေက အင်အားသုံး တိုက်ခိုက်ခဲ့လို့ တစ်လအတွင်း နိုင်ငံ့ဝန်ထမ်းနှစ်ဦး၊ ဟိန္ဒူ၊ မြို၊ ရခိုင်၊ ဒိုင်းနက် တိုင်းရင်းသားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် စုစုပေါင်း ၈၄ ဦး သတ်ဖြတ်ခံရပြီး ၅၄ ဦး ပျောက် ဆုံးခဲ့တယ်လို့ အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဂမ်ဘီယာရဲ့ တရားစွဲချက်ကို ICJ မှာ တုံ့ပြန်ရင်ဆိုင်ဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေကိုလည်း ငှားရမ်းထားပြီး ဖြစ်တယ်လို့ မြန်မာဘက်က ထုတ်ပြောပါတယ်။

ICJ ရုံးစိုက်ရာ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အနေနဲ့ ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက နိုဝင်ဘာလ ၂၀ ရက်က ထုတ်ပြန်ပါတယ်။

 ၂၀၁၇ မှာ ရိုဟင်ဂျာ မွတ်ဆလင် ခုနစ်သိန်းလေးသောင်းကျော် ထွက်ပြေးသွားခဲ့
 
ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးရေး၊ အပြစ်ပေးရေး ကုလသမဂ္ဂ ပဋိ ညာဉ်ကို မြန်မာက လက်မှတ်ထိုးထားပေမယ့် လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ မြန်မာနိုင်ငံထဲမှာ ချက်ချင်းရပ်ဖို့ အရေးပေါ် တားဆီးမိန့် တစ်ရပ် ICJ က ထုတ်ပြန်ပေးဖို့လည်း ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့ပါတယ်။

ICJ က မြန်မာနိုင်ငံကို အခုလို တရားစွဲ ခရတာဟာ စိန်ခေါ်မှု ဖြစ်သလို အခွင့်အရေးလည်း ဖြစ်လာနိုင် တယ် လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ICJက ကုလသမဂ္ဂ လက်အောက်ခံ သိက္ခာရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ် အဖွဲ့က ခုနက ပြောသလို အကြောင်းအရာအမှန်တွေ ရှင်းခွင့်ရမယ်ဆိုရင် နိုင်ငံတကာက အထင်အမြင်လွဲမှားမှုတွေ ကို ရှင်းနိုင်တယ် အဲဒီ့ အခွင့်အရေး ရနိုင်တယ်လို့ ထင်ပါတယ်" လို့ လည်း သူက ပြောပါတယ်။



"ဂမ်ဘီယာနဲ့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး၊ ပတ်သက်မှုလည်း မရှိ ဘူး" ဦးဟောက်ဒိုဆွမ်းအဲဒီ ICJ ဒီဇင်ဘာ ရုံး ချိန်း ရက်တွေဟာ အရေး ပေါ် တားဆီးမိန့် ထုတ်ပြန်ရေးအတွက် သာမက ICJ အမှု တစ် ခုလုံးရဲ့ လုပ်ငန်းစဉ် အစလည်း ဖြစ်တဲ့ အတွက် ဂျီနိုဆိုက် ကွန်ဗေး ရှင်း ချိုး ဖောက်မှု စွဲချက် အမှုကြီး တစ်ခုလုံး အတွက်လည်း ပြောဆိုဖို့ရာ အခွင့် အလမ်းကောင်းလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအ မတ်ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါ့ကြောင့် ဒီကနဦး ကြားနာပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တက်ရောက်ဖို့ ဆုံးဖြတ်တာလို့ သူ့အနေနဲ့ ရှုမြင်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဂျီနိုဆိုက် ကွန်ဗေးရှင်း ချိုးဖောက်မှု စွဲချက် ပင်မ အမှုကတော့ ICJ အနေနဲ့ အချိန်ယူ စစ်ဆေးရဖွယ် ရှိပါ တယ်။

အခုလို ICJ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး
ဆောင် ဖြေရှင်းမယ်၊ သဟေ့ဂ်ကို ကိုယ်တိုင်သွားမယ် ဆိုတဲ့ အချက်တွေဟာ ရခိုင်မြောက်ပိုင်း အရေး ကိစ္စနဲ့ ပတ် သက်ပြီး မြန်မာ အစိုးရက ဘယ်လောက် အရေးတကြီး သဘောထား ကိုင်တွယ်နေသလဲ ဆိုတာကို ပြ သနေတယ်လို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒီလို ကြီးလေးတဲ့ စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖြေရှင်းမယ် ဆိုတာဟာ နိုင်ငံတစ်ခုလုံးရဲ့ သိက္ခာ၊ နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ဆိုတဲ့ စိတ်စေတနာကို အများ သိနားလည်လိမ့်မယ်လို့ ဦးဟောက်ဒို ဆွမ်းက ဆိုပါတယ်။

"တပ်ဘက်က ကိုယ်စားလှယ် ပါခြင်းမပါခြင်းကတော့ ကျွန်တော် မပြောနိုင်သေးပါဘူး၊ ဒီကြားထဲမှာ ညှိနှိုင်းဆောင် ရွက်မှုတွေလည်း လုပ်နေပါတယ်။ လိုအပ်ရင်တော့ ပါကောင်းပါနိုင်တာပေါ့ "လို့ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောပါတယ်။

ဘယ်သူမှ မနာတဲ့နည်း၊ အဓိက ပြည်သူမနာတဲ့ နည်းဖြစ်တဲ့ တပ်မတော် အပါအဝင် တိုင်းရင်းသား မျိုးနွယ်စု အသီးသီးကြား အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး လုပ်ဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ မူဝါဒ အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */