" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, October 31, 2019

ရတက်မအေးရသည့် ရခိုင်ပြည်နယ်အရေး

မြန်မာတိုင်းမ်
ခင်မြတ်မြတ်ဝေ
မြန်မာတိုင်းမ်အပတ်စဉ်
31 Oct 2019
ကုလားတန်မြစ်အတွင်း သွားလာနေသည့် ခရီးသည်တင်ရေယာဉ်တစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ • အီးပီအေ
 
၂၀၁၈ ခုနှစ်ကုန်ပိုင်းက စတင်မြင့်တက်လာသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တို့ကြား တိုက်ပွဲများသည် အချိန်ကြာလာသည်နှင့်အမျှ လျော့ကျသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်သည့် အခြေအနေသို့ ဆိုက်ရောက်လျက်ရှိသည်။ ထိုအခြေအနေအောက်တွင် ဒေသခံပြည်သူများ၏ ဘဝလုံခြုံမှုအခြေအနေ သည် စိုးရိမ်ဖွယ်အနေ အထားရောက်ရှိနေပြီး ၎င်းတို့၏လုံခြုံရေးအတွက် မည်သည့်အဖွဲ့အစည်းကမျှ အာ မခံချက်ပေးနိုင်ခြင်းမရှိပေ။

ယခင်က ကျေးရွာများထဲတွင် လက်နက်ကြီးပစ်ခတ်၊ မိုင်းခွဲတိုက်ခိုက်မှုများဖြစ်သည့်အဆင့်မှ အစိုးရအမှုထမ်းနှင့် အရပ်သားများကို လုံခြုံရေးအရစစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံရမှုများ ရှိလာခဲ့သည်။ အထူးသဖြင့် အောက်တိုဘာ ၂၆ ရက်က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ယာဉ်ပေါ်ရှိခရီး သည်များကို အေ‌အေက ဖမ်းဆီးပြီးနောက်ပိုင်းတွင် ရသေ့တောင်၊ ကျောက်တော်နှင့် မင်းပြားမြို့နယ် တို့ တွင် တိုက်ပွဲအရှိန်က မြင့်တက်နေသည်။

အောက်တိုဘာ ၁၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီမနှင့် ယောက်ဖ ဖြစ်သူတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး တစ်ပတ်အကြာတွင် အေအေက စစ်တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ပေါ်က ခရီးသည် ၅၈ ဦးကိုဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသည့် ခရီးသည် ၅၈ ဦးတွင် အရပ်သားများနှင့်အတူ တပ်မတော်နှင့်ရဲတပ်ဖွဲ့ ဝင်များလည်း ပါဝင်ခဲ့သည်။

ဖမ်းဆီးထားသူများကို စက်လှေဖြင့် ပြောင်းရွှေ့ခေါ်ဆောင်လာစဉ် တပ်မတော်က ရဟတ်ယာဉ်သုံးပစ်ခတ် မှုကြောင့် သေဆုံးခဲ့သူများရှိကြောင်း အေအေက ထုတ်ပြန်ခဲ့သော်လည်း တပ်မတော်ကမူ အေအေ၏ လက် ချက်ကြောင့် ဖမ်းဆီးခံရသူများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ အောက်တိုတာ ၂၈ရက်အထိ ဖမ်း ဆီးခံရသူများထဲမှ ၁၅ ဦးပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း အခြေအနေကို အတိအကျမသိရသေးပေ။

"တပ်ဘက်က ရဟတ်ယာဉ်နဲ့လိုက်ပစ်လို့ သေတယ်ဆိုတာကိုကန့်ကွက်တယ်။အခု ကျွန်တော်တို့ ပါသွားတဲ့တ ချို့ ကို ပြန်ရပြီ။ ဆက်ပြီးနည်းပေါင်းစုံ လိုက်နေတယ်။အဲဒီထဲက လူတွေသေတယ်ကြားတယ်။ သူတို့က တရားခံဘာလို့ ခေါ်သွားတာလဲ။ကျွန်တော်တို့က အုန်းပွဲငှက်ပျောပွဲနဲ့ လိုက်မတောင်းနိုင်ဘူး။ စိစိညက် ညက်ကြေနိုင်တဲ့လက်နက်နဲ့ပဲ လိုက်တောင်းနိုင်တယ်" ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု တပ်မတော်ဘက်က ပြောဆိုထားသည်။ အလားတူ အေအေဘက်ကလည်း တိုက်ပွဲများဆက်လက်အရှိန်မြင့်လာပါက မဟာမိတ်များ၏အကူအညီဖြင့် ဆက်လက်တိုက်ပွဲဝင်မည်ဟု တုံ့ပြန်ထားသဖြင့် အခြေအနေသည် တင်းမာသည့်အရိပ်အယောင်များကို ပြနေ သည်။

ဘာကြောင့် အေအေဖြစ်လာလဲ
 
လွတ်လပ်ရေးရပြီးလပိုင်းအတွင်း အစပျိုးခဲ့သည့် မြန်မာပြည်၏ပြည်တွင်းစစ်သည် နှစ်ပေါင်း ၇၀ ကျော်ကြသည့် တိုင် ဆက်လက်တောက်လောင်နေမြဲဖြစ်သည်။ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် တိုင်ထိရောက်သည့်အောင်မြင်မှုမရခဲ့ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်လေးများပင် ထပ်မံတိုးပွားခဲ့သည်။ ထိုအဖွဲ့များတွင် အေအေလည်းပါဝင်ခဲ့သည်။

၂၀ဝ၈ ခုနှစ်တွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan)ဖြစ်တည်လာပြီး နောက် ယင်းအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့တစ်ရပ်အဖြစ်အေအေကို ၂၀ဝ၉ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ ရခိုင်ပြည်သူများအား ကာကွယ်ရန်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေး ရည်မှန်းချက်များဖြင့် ထူ ထောင်ထားသည်ဟု ၎င်းတို့၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့အ စည်း (ကေအိုင်အို)ဌာနချုပ်၊ လိုင်ဇာတွင်အခြေစိုက်သည့် အေအေ၏ လှုပ်ရှားရာဒေသများမှာ ရခိုင်ဒေသအချို့နှင့် ချင်း၊ ကချင်၊ ရှမ်းနှင့် မြန်မာ-•ဘင်္ဂလားဒေ့ရှ်နယ် စပ်ဖြစ်သည်။ လက်ရှိအင်အား ၇çဝဝဝ ကျော်ရှိကြောင်း သုတေသနအဖွဲ့အစည်းအချို့က ခန့်မှန်းသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းလေးခုကို အေအေ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီး ရခိုင် ပြည်နယ်ရှိ ခရိုင်လေးခုအနက် စစ်တွေခရိုင်ရှိနေရာအချို့နှင့် မောင်တောခရိုင်တို့သည် စစ်မီးပျံ့နှံ့နေသည့် နေရာများ ဖြစ်လာခဲ့သည်။ ယင်းခရိုင်နှစ်ခုအောက်တွင် မြို့နယ် ၁၁ မြို့နယ်ရှိပြီး အဆိုပါအရေအတွက် သည် ၁၈ မြို့နယ်ရှိသော ရခိုင်ပြည်နယ်၏ ထက်ဝက်ကျော် ဧရိယာဖြစ်သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းတစ်လျှောက်တွင် ရခိုင်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကဦးတည်၍ ရခိုင်ပါတီ များ တည်ထောင်သော်လည်း အောင်မြင်မှုမရရှိခဲ့သည်အတွက် အေအေပေါ်ပေါက်လာခြင်းဖြစ်သည်ဟု နိုင်ငံရေ းသုံးသပ်သူအချို့က ဆိုသည်။ အေအေကမူ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ရရှိထား သည့် အုပ် ချုပ်မှုပုံစံမျိုးကိုလိုလားကြောင်း တရားဝင်ပြောဆိုထားသည်။ ဖက်ဒရယ်စနစ်ထက် ပိုမိုသာ လွန်သည့် အဆင့်အတန်းမျိုးကို ရည်ညွန်းသည့် 'ကွန်ဖက်ဒရေးရှင်း 'ဟု အေအေက ဆိုသည်။

ယင်းတောင်းဆိုချက်ကို တပ်မတော်ဘက်က ပယ်ချခဲ့ပြီး အေအေအပေါ်တပ်မတော်၏သဘောထားသည် အစဉ်တစ်စိုက် တင်းမာနေဆဲ ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း အေအေနှင့်ဖြစ်ပွားသည့် စစ်ဆင်ရေးကို 'သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး 'ဟု တပ်မတော်က အမည်တပ်သည်။ လက်ရှိဖြစ်နေသည့် အခြေ အနေများမှာ အေအေကြောင့်ဟု တပ်မတော်က ပြောဆိုသည်။

" နံပါတ်တစ် တရားခံက အေအေပါပဲ" ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ကအောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ "ဒီကိစ္စတွေ ဖြစ်လာတာ ပြည်သူလူထုအတွက် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးဘူး။ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားတွေ ပျက်ပြားနေတယ်။ တရားဥပဒေစိုးမိုးမှု မရှိဘူး။ အဓိကပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံ မှုမရှိဘူး" ဟု လက်ရှိရခိုင်ပြည်နယ်၏အခြေအနေကို ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် အေအေမရှိပါက ပြည်နယ်အေးချမ်းရေးအတွက် သေချာပေါက်အာမခံကြောင်း ဗိုလ်ချုပ်ထွန်း ထွန်းညီက ပြောသည်။ သတင်းစာရှင်းလင်းပွဲ၌ အေအေသည် အရပ်သားအချို့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူအချို့ကိုသတ်ဖြတ်ခြင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့များကို ဖမ်းဆီးခြင်းအပြင် ဘင်္ဂလီကျေးရွာများတွင် လူသစ်စုဆောင်းမှုများ ရှိနေသည်ဟု ပြောကြားထားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကိုယ်တိုင်အေအေ၏အကြမ်းဖက်လုပ်ရပ်များသည် ဒီမိုကရေစီစနစ်နှင့်မထိုက်တန် သည့်လုပ်ရပ်များဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် အင်န်စီအေလေးနှစ်ပြည့် အခမ်းအ နားတွင် ပြောကြားခဲ့သည်။

"ဒီအကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါဘူး" ဟု ကာကွယ်ရေးဦးစီး ချုပ်က ပြောသည်။

စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် ညီနောင်မဟာမိတ်အဖွဲ့၏ ထိုးစစ်ရပ်ရန် ကြေညာချက်အပေါ် တပ်မ တော်က အခွင့်ကောင်းယူကာ မြေပြင်တွင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲအရှိန်မြှင့်ခဲ့သည်ဟု အေအေ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်သည်။

"အခုဖြစ်နေတာကိုရပ်စဲချင်ရင် ထိုးစစ်ကိုရပ်တန့်ပေးပါ။ အစိုးရကလည်း ရဟတ်ယာဉ် သုံးစွဲခွင့်ပြုထားတယ်။ ရခိုင်ပြည်ကို လူမျိုးရေးအငြိုးအတေးတွေနဲ့ မြေလှန်တဲ့စနစ်ကို ကျင့်သုံးနေတယ်" ခိုင်သုခက တောင်းဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းပေါ်က အေအေ

တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားသည့်တိုင် အေအေသည် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တရားဝင်ပါဝင်ခွင့် ရရန် လိုလားနေဆဲဖြစ်သည်။ အေအေကို တရားဝင် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တန်းတူဆွေးနွေးရန် တပ်မတော်က သဘောထား တင်းမာခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်းတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့ ပါဝင်လာခဲ့သည်။ သို့သော် အေအေ သည် ငြိမ်းချမ်းရေးကိုအမှန်တကယ်မလိုလားဟု တပ်မတော်ဘက်က ယူဆထားသည်။

အေအေသည် ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)?၊ မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ပုံစံဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်းအလိုက် အပစ်ရပ်စဲရေး(Bilateral Agreement) လက်မှတ် ထိုးနိုင်ရန် ဆွေးနွေးဆဲဖြစ်သည်။

မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရအကြားတွင် ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် အဆိုပြုလွှာအကြမ်း များကို အပြန်အလှန်ပေးပို့ထားကြပြီး ယင်းအဆိုပြုလွှာများတွင် ပါဝင်သောအချက်များသည် တစ် ဖက်နှင့်တစ်ဖက်ကွာဟလွန်းနေသည်။ တပ်မတော်အဆိုပြုချက်အရTNLA အဖွဲ့သည် နမ့်ဆန်နှင့်မန် တုန် မြို့နယ်များသို့ ပြန် လည်အခြေချရမည်ဖြစ်ပြီးMNDAA (ကိုးကန့်အဖွဲ့)ကမူဟုန်အိုင်းနယ်မြေထဲ ပြန်နေရ မည်ဖြစ်သည်။ အေအေအ ဖွဲ့ကိုမူ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ကချင်ပြည်နယ်တွင် ပြန်လည်အခြေချရ မည်ဖြစ်ပြီး သဘောတူပါကရခိုင် ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်များသာ ကျန် ရှိမည်ဖြစ်ကာ ကျန်လှုပ်ရှားတပ်များကို တပ်မတော်က ဖယ်ပေးမည်ဟု ကမ်းလှမ်းထားကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့သည်စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ်အရှေ့ ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံခဲ့သော်လည်း တိကျသည့်သဘောတူညီချက်မရခဲ့ပေ။ နိုဝင်ဘာလ အတွင်း ထပ်မံတွေ့ဆုံရန် သဘောတူညီမှု ရရှိထားသော်လည်း လက်ရှိတိုက်ပွဲများကြောင့်တွေ့ဆုံရန် နှစ်ဖက်စလုံးက အတိ အကျ မပြောနိုင်သေးပေ။

လက်ရှိငြိမ်းချမ်းရေးကော်မရှင်တွင် တပ်မတော်က ပါဝင်သည့်တိုင် နှစ်ဖက်ညှိနှိုင်းမှုတွင် လုပ်ပိုင်ခွင့်ပေါ် အကန့်သတ်ရှိနေသည်ဟု တကောင်းနိုင်ငံရေးလေ့လာရေးအဖွဲ့ဒါရိုက်တာဦးရဲမျိုးဟိန်းက သုံးသပ်သည်။

"ကျွန်တော်တို့မြင်တာ ငြိမ်းချမ်းရေးကော်မရှင်က ညှိတော့ညှိတယ်။ သူ့မှာလည်း အကန့်သတ်တော့များတဲ့ သ ဘောရှိတယ်။ အေအေက လက်ရှိအခြေအနေမှာ ရခိုင်ပြည်ထဲမှာရောက်တော့ရောက်နေပြီ။ ခိုင်ခိုင်မာ မာရောက်နေပြီ။ သို့ပေမဲ့ လိုင်ဇာမှာ အခြေချရမယ်ဆိုတဲ့ သဘောက အရှိတရားနဲ့ မနီးစပ်ဘူး ထင်ပါတယ်" ဦးရဲမျိုးဟိန်းက ဆိုသည်။

ကျယ်လာသည့် စစ်ဘောင်နှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များ

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၈၈çဝဝဝ ကျော်အထိရှိနေ ပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး တာဝန်ရှိသူများက ပြောသည်။ တစ်နှစ်ကျော် တိုက်ပွဲ ကာလအ တွင်း အရပ်သားသေဆုံးသူ ၉၅ ဦး ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိသည်ဟု ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုများ အစည်းအရုံး အထွေထွေအတွင်းရေးမ·း ကိုဇော်ဇော်ထွန်းက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်ပြဿနာက ပိုမိုကြီးထွားလာပြီး လက်နက်ကိုင်နှစ်ဖက်ကြား ပြည်သူက မြေစာပင် အခြေနေကို ရောက်ရှိနေပြီဖြစ်သည့်အတွက် အစိုးရက လက်ပိုက်ကြည့်မနေဘဲ ကြားဝင်ဖြေရှင်းပေးရန် လို အပ်နေပြီဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

"အစိုးရကအပြုံးနဲ့ နိုင်ငံရေးကိုတည်ဆောက်လို့မရဘူး။ ဖက်ဒရယ် လိုချင်တယ် နှုတ်က ပြောနေပြီး လက် တွေ့ မကျင့်သုံးဘူး" ဟုဒေါ်ထုမေကဆိုသည်။

ရခိုင်ပြည်နယ်ရှိ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများကို မလျှော့ချနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည် နယ်၌ မဲဆန္ဒနယ်အချို့ ချန်လှပ်ခံရနိုင်သည်။ စစ်ကြောင့် ရွေးကောက်ပွဲအပေါ် ရခိုင်လူထု၏စိတ်ဝင်စားမှု နည်းပါးသွားပါက ရခိုင်တိုင်းရင်းသားပါတီများကို အဓိကထိခိုက်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။

"ရွေးကောက်ပွဲဖြစ်ဖို့ မလွယ်တော့ဘူး။ မြို့နယ်တချို့လောက်ပဲ ဖြစ်နိုင်တယ်။ အစိုးရယန္တရားတွေလည်း ကောင်းကောင်းမလည်ပတ်ဘူး။ ရွေးကောက်ပွဲလုပ်ဖို့ တော်တော့်ကိုခက်ခဲတဲ့ အနေထားဖြစ်လာတယ်" ဟု ရခိုင်ဒီမိုက ရေ စီအဖွဲ့ချုပ်ပါတီက ဦးမျိုးကျော်က ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ရခိုင်ပြည်နယ်အခြေစိုက်ပါတီ လေးခုရှိပြီး ထိုပါတီများ အားလုံး ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲနှစ်ကြိမ်တွင်ရခိုင်ပါတီကအနိုင်ရခဲ့သည့်တိုင် ဗဟိုအစိုးရ ကသာ လုပ်ချင်ရာလုပ်နေသည့်အတွက် ရွေးကောက်ပွဲကို စိတ်မဝင်စားဟု ခိုင်သုခကပြောသည်။

အကယ်၍ ရခိုင်တွင်ရွေးကောက်ပွဲမကျင်းပနိုင်ပါက နိုင်ငံရေးကိုယ်စားပြုမှုမရှိသည့်ဒေသများတွင် စစ် ဘောင်ပိုကျယ်ရန်သာရှိသည်ဟု ဦးရဲမျိုးဟိန်းက သုံးသပ်သည်။

အစိုးရအဖွဲ့က ငြိမ်းချမ်းရေးရရှိရန် ဘက်ပေါင်းစုံကကြိုးစားနေချိန်တွင် ရခိုင်ပြည်နယ်တွင် အကျိုးစီးပွား ပြဿ
နာနှင့် သယံဇာတ ခွဲဝေရေးကိစ္စများသည် တိုက်ပွဲများ၏ နောက်ကွယ်တွင် ရှိနေကြောင်း တိုင်းရင်း သားအရေးလေ့လာသုံးသပ်သူ ဦးဇင်လင်းကဆိုသည်။လက်ရှိ အခြေအနေအရ ရွေးကောက်ပွဲကာလအထိ တိုက်ပွဲများဆက်နိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ထိုအခြေအနေများအောက်တွင် တစ်ဖက်နှင့်တစ်ဖက်အမြစ်ပြတ်ခြေမှုန်းရေးဆိုသည်ထက် ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖွင့်ကာ သဘောတူညီမှုရရှိအောင် ကြိုးစားရန်လိုအပ်နေသည်ဟု မြန်မာ့ငြိမ်း ချမ်းရေးအကဲခတ်များက အကြုံပြုသည်။

"တပ်မတော်မှာလည်း အင်အားရှိတာပဲ။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက်အပြုတ်ဆိုတာမဖြစ်နိုင်ဘူး။ ဆွေးနွေးအဖြေ ရှာရမှာပဲ"ဟု မြောက်ဦးစစ်တမ်းစာအုပ်ကိုရေးသားခဲ့သူ ဦးမောင်မောင်စိုးက ပြောသည်။

၁၉၈၀ ပြည့်နှစ်ကတည်းက ရခိုင်ပြည်နယ်ကို အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့်အတွက် လက်နက် ကိုင်အဖွဲ့အခြေချမည်ကို တပ်မတော်ဘက်က လုံးဝလက်မခံခဲ့ပေ။ သို့သော် တစ်ဖက်တွင် အေအေက ရခိုင်ပြည် နယ်တွင် အခြေချရန်ကြိုးစားနေရာ တစ်ဖက်နှင့်တစ်ဖက်အခြေအနေက ပြောင်းပြန် အချိုး ကျနေသည့်အနေထားဖြစ်နေသည်ဟု ဦးမောင်မောင်စိုးက လက်ရှိအခြေအနေကို သုံးသပ်သည်။

"တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရဖို့အချိန်တော့ ယူရမယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရမချင်းကတော့ဒေသ ခံလူထုက အထိနာနေဦးမှာပဲ"ဟု ၎င်းကပြောသည်။

နှစ်ဖက်စလုံးကလေးစားသည့် အစိုးရအဖွဲ့က ကြားဝင်ဖြေရှင်းနိုင်မှသာ ရခိုင်အရေးအဆင်ပြေနိုင်ဖွယ် ရှိ ကြောင်း ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း၏(Yangon School of Political Science) ဒါရိုက်တာဦးမြတ်သူ က ပြောသည်။ ငြိမ်းချမ်းရေးကော်မရှင်တွင် ကြားဝင်ညှိနှိုင်းပေးသူများသည် လက်နက်ကိုင်နှစ်ဖက်စလုံး အပေါ် အတိုင်းအတာတစ်ခုထိသြဇာအာဏာ လွှမ်းမိုးနိုင်သူဖြစ်ရန်လိုအပ်ကြောင်း ၎င်းကအကြံပြုသည်။

"ပုံမှန်အားဖြင့် လက်နက်ကိုင်တပ်က သံသယများတယ်။ ယုံကြည်မှုရဖို့က ခက်ခဲတယ်။ တခြားလက်နက် ကိုင်အဖွဲ့တွေလို အရင်ကတိုက်ခဲ့တယ်၊ ခုတိုက်ပွဲမဖြစ်တော့ဘူး။ အဲဒီလို လက်နက်ကိုင်တွေရဲ့ အခြေအနေက တစ်မျိုးပေါ့။ အေအေလက်ရှိ အခြေနေက

ပိုခက်ခဲတယ်"ဟု ၎င်းက ဆိုသည်။


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */