Wednesday, October 30, 2019

ရိုဟင်ဂျာ ဒုက္ခသည်လူငယ်များထဲ စိတ်ကျန်းမာရေးချို့ယွင်း သူ အများအပြားရှိနေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
30 အောက်တိုဘာ၊ 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အသက် ၁၈ နှစ် အောက် ကလေးတွေအနက် ၅ ယောက်မှာ ၁ ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Save the Children အဖွဲ့က Bhanu Bhatnagar က သူတို့အနေနဲ့ ဒုက္ခသည်စခန်းမှာ စိတ်ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကတော့ မြန်မာစစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အစုလိုက် အဓ မ္မပြုကျင့်မှုနဲ့ ရိုဟင်ဂျာရွာတွေကို မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က လွန်ခဲ့တဲ့ ၂ နှစ်က တိုက်ခိုက်မှုတွေဟာ ဆူပူမှု တွေကို ပြန်လည်ခြေမှုန်းတဲ့ စစ်ဆင်ရေးတွေ တရားဝင်လုပ်ခဲ့တာသာ ဖြစ်တယ်လို့ ပြန်လည် တုန့်ပြန်ထား ပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထား ပါတယ်။

Save the Children က တချို့ဒုက္ခသည်ကလေးတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်တိုက်ခိုက်မှှုတွေကို မျက်မြင်တွေ့ရှိ ရတာတွေကြောင့် အခုလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရလာတာဖြစ်သလို တခြားအကြောင်း ရင်းတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကြောင့်လည်း စိတ်ကျန်းမာ ရေးပြဿနာ ဖြစ်လာနိုင်တယ်လို့လည်း Bhatnagar က ပြောပါတယ်။ဒါ့အပြင် နေ့စဉ် ကျပ်ကျပ် တည် တည်း နေထိုင်နေရတဲ့ဘဝနဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေဟာ စခန်းတွေအပြင်ဘက်မှာ အလုပ်လုပ်ခွင့်မရကြဘဲ စခန်းအတွင်းမှာလုပ်ရတဲ့ အလုပ် တွေဟာလည်း အကန့်အသတ်နဲ့သာဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ ပညာသင်ကြားရေးနဲ့ သက်မွေဝမ်း ကြောင်း ပညာသင်ခွင့် မရရှိတာကြောင့် လူငယ်ဒုက္ခသည်တွေ ဘဝရှင်သန်ရေး အတတ်ပညာတွေ မရရှိ မှာကိုလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ အသက် ၁၅ နှစ်က ၁၈ နှစ်ကြား ဒုက္ခသည် ၁၁% သာ စခန်းတွင်း ပညာသင်ကြားခွင့် ရရှိကြပါတယ်။



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */