အမေရိကန် အောက်လွှတ်တော် အစည်းအဝေး
လူသားချင်းစာနာမှု အထောက်အကူပေးဖို့နဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန် ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ် အရေးယူမယ့် Burma Act ၂၀၁၉ နဲ့ မြန်မာ နိုင်ငံရေး အကျဉ်း သားများ ကူ ညီစောင့် ရှောက်ရေး ဥပဒေမူကြမ်းတွေကို သီးခြား ဥပဒေတွေအဖြစ် ပြဌာန်းဖို့ ဒီကနေ့ စက် တင်ဘာလ (၂၄) ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး အမေ ရိကန်လွှတ်တော်ကနေ တသံတည်းထွက်ဖို့ အောက်လွှတ်တော် ပါတီနှစ်ရပ်လုံးက ဝါရင့်ခေါင်း ဆောင်တွေ ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
မြန်မာစစ်ဗိုလ်ချုပ်တွေသာမက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါ ပစ်မှတ်ထားအရေးယူမယ့် Burma Act ၂၀၁၉ နဲ့ မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးဥပဒေမူကြမ်း Burma Political Prisoners Assistance Act တို့ကို သီးခြားဥပဒေတွေအဖြစ် ပြဌာန်းဖို့ အောက်လွှတ်တော်မှာ အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ် မယ့် အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်နဲ့ နီးစပ်တဲ့ ဝါရှင်တန် အခြေစိုက် ICR ရိုဟင်ဂျာအရေး ဆောင် ရွက်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို အခုလို ပြောပါတယ်။
“အခု အောက်လွှတ်တော်မှာ Burma Act ၂၀၁၉ ကို ကန့်ကွက်မဲ့သူမရှိ အတည်ပြုပြဌာန်းသတ်မှတ်ဖို့ ကြိုး စားနေကြပါတယ်။ ဒီဥပဒေမူကြမ်းဟာ မြန်မာစစ်တပ် အဆင့်မြင့်အရာရှိတွေအပေါ် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှု ချမှတ်ရုံမဟုတ်ပဲ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်မှာဖြစ် ပါ တယ်။”
အခု အောက်လွှတ်တော်မှာ မဲခွဲဖို့ ရှိနေတဲ့ Burma Act ၂၀၁၉ ဥပဒေမူကြမ်းမှာ ပိုပြီးပြင်းထန်တဲ့ အချက် ကတော့- စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုဝင်တွေကိုပါ ထောက်ပံ့နေတဲ့ မည်သူမဆို ပိတ်ဆို့အရေးယူ မှာဖြစ်တယ်လို့ ထည့်သွင်းထားပါတယ်။
ဇူလိုင်လတုန်းက အောက်လွှတ်တော်မှာ အတည်ပြုပြဌာန်းခဲ့တဲ့ NDAA အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ မြန်မာကို ပိတ်ဆို့အရေးယူတဲ့ Burma Act ၂၀၁၉ ဥပဒေမူကြမ်းကို ပြင်ဆင်ချက်အနေနဲ့ ထည့်သွင်းပြီး အတည်ပြုခဲ့ပြီးသာဖြစ်ပါတယ်။ အခု အောက်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို ထပ်ပြီး မဲခွဲ ဆုံးဖြတ်တာဟာ သီးသန့် ဥပဒေအဖြစ် ပြဌာန်းဖို့ အတွက် ကြိုးစားတာဖြစ်ကြောင်း Simon Billenness ကိုပြောပါတယ်။
“အောက်လွှတ်တော်မှာ မနက်ဖြန် မဲခွဲဆုံးဖြတ်ကြမယ့်ကိစ္စက Burma Act ၂၀၁၉ ကို သီးခြား ဥပဒေမူကြမ်း အဖြစ် အတည်ပြုဖို့ ဖြစ်ပါတယ်။ အောက်လွှတ်တော် တခုလုံးအနေနဲ့ မြန်မာကို ပိတ်ဆို့အရေးယူရေး ဘယ်လောက်အထိ ထောက်ခံသလဲဆိုတာ ပြသဖို့ဖြစ်ပါတယ်။ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့အချက် မနှစ်က အောက်လွှတ်တော်မှာပဲ ဒီဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်တုန်းက ရခဲ့တဲ့ မဲအရေအတွက် နှိုင်းယှဉ် ကြည့်ရမယ့် အချက်ဖြစ်ပါတယ်။”
မေး။ ။ ဒါဆိုရင် ၂၀၁၈ ခုနှစ်က NDAA ကို နောက်ဆုံး ပြဌာန်းချိန်မှာ အထက်လွှတ်တော်က ပယ်ချခဲ့တဲ့ အတွက် Burma Act ပါမလာခဲ့ဘူးဆိုတော့ ဒီနှစ်အလားအလာ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ဒီနှစ်မှာ အခြေအနေတွေ ပိုပြီးကောင်းမွန်လာတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာအပေါ် ပိတ်ဆို့ အရေးယူရေးနဲ့ ပတ်သက်လို့ အထက်လွှတ်တော်ဘက်က ခိုင်မာတဲ့ ထောက်ခံမှုတွေ ကျနော်တို့ရထားပါ တယ်။ အထူးသဖြင့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဝင် ရီပါပလင်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ် လုံးက အမတ် အများအပြားရဲ့ ထောက်ခံမှုတွေရထားပြီပါပြီ။ ဒါကြောင့် ဒီနှစ် NDAA အမျိုးသားကာ ကွယ် aရးခွင့်ပြုမိန့် နောက်ဆုံး ဥပဒေမူကြမ်းရေးဆွဲရမှာ မြန်မာအပေါ်ပိတ်ဆို့အရေးယူရေး ကိစ္စပါဝင်ဖို့ အခွင့်အ လမ်းတွေ ပိုများနေပါတယ်။
အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အသီးသီးတင်သွင်းထားတဲ့ မူကြမ်းတွေကို ပြန်လည်ညှိုနှိုင်းဖို့ ယာယီဖွဲ့စည်းထားတဲ့ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်လုံးပါဝင်တဲ့ ကော်မတီ မှာ NDAA ဥပဒေမူကြမ်း မှာပါတဲ့ အချက်တွေကို ဆွေးနွေးညှိုနှိုင်းနေကြတာဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ Burma Human Rights and Freedom Act ဆိုတဲ့ မူကြမ်းရှိနေပြီး၊ အောက်လွှတ်တော်မှာ Burma Act ဆိုတာရှိနေတာပါ။
ဒီကနေ့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်လို့ AI နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အာရှဆိုင်ရာတာဝန်ခံ Franciso Bencosme ကလည်း အခုလို ပြောပါတယ်။
“အောက်လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာကို အမြဲပဲ ဖိအားပေးနေတာပါ။ မနက်ဖြန်မှာ မဲခွဲဆုံးဖြတ် မယ့် အထူးသဖြင့် ဥပဒေမူကြမ်းတွေထဲက တခုဖြစ်တဲ့ Burma Act ဟာ မြန်မာနဲ့ ပတ်သက်လို့ အမေရိ ကန် လွှတ်တော်အနေနဲ့ တသံတည်းဖြစ်ဖို့ အထက်လွှတ်တော်ကို အချက်ပေး လိုက်တာဖြစ်ပါတယ်။ နောက် Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကို သီးသန့်ခွဲ ထုတ်ထားတာကို ကြည့်ရင် ရိုဟင်ဂျာ အကြပ်အတည်း အပြင် မြန်မာနိုင်ငံတွင်းဖြစ်နေတဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို အမေရိကန်လွှတ်တော်က စောင့်ကြည့်နေတယ်ဆိုတာ ပြသနေပြီး မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး အမေရိကန်က ဦးစားပေးဆောင်ရွက်နေတယ်ဆိုတာကိုလည်း ပြသတာဖြစ်ပါတယ်။”
၂၀၁၉ Burma Act ဥပဒေမူကြမ်း ကို အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်ရှိ ဥက္ကဋ္ဌ ဒီမိုက ရက် လွှတ်တော်အမတ် Eliot Engel နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot တို့က ဦးဆောင်တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ် ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်တား မြစ်ချက်အပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အတွက် လူ သားချင်းစာနာမှု အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂၂၁ သန်း ပါဝင်တဲ့ ဘတ်ဂျက် လျာထားချက်၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ အဖွဲ့ အစည်းတွေကို ဒဏ်ခတ်အရေးယူဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကိုတော့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin နဲ့ Missouri ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Ann Wagner တို့က ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းမှာတော့ နိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်ရေးအပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကူညီစောင့်ရှောက် ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အမေရိ ကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီပံပိုးဖို့ စတဲ့အချက်တွေ ပြဌာန်းထားပါတယ်။

Link : Here
No comments:
Post a Comment