Wednesday, September 25, 2019

မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း ၂ရပ် ကန် အောက်လွှတ် တော်အတည်ပြု

VOA
 ဗွီအိုအေ (မြန်မာဌာန)
25 စက်တင်ဘာ၊ 2019 
အင်ကြင်းနိုင်
 BURMA Act ၂၀၁၉ ဥပဒေမူကြမ်းပြင်ဆင်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃မဲ၊ ကန့်ကွက်မဲ ၁၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ (စက်တင်ဘာလ ၂၄၊ ၂၀၁၉)
 
ဒီဥပဒေကြမ်းမှာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေ အပေါ် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဆို့အရေး ယူမှာဖြစ်ပါတယ်။ 
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုး ဖောက်ကျူးလွန်မှု တွေမှာ တာဝန်ရှိ သူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မယ့် BURMA Act ၂၀၁၉ ဥပဒေမူကြမ်းပြင်ဆင်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ စက်တင်ဘာလ (၂၄) ရက် အင်္ဂါနေ့က ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်း ပြင်ဆင်ချက် အဆိုကိုတော့ ကန့် ကွက်မဲ့သူမရှိ အတည်ပြုခဲ့ပါတယ်။ မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်မှာ သီးခြား ဥပဒေတွေ အဖြစ် ပြဌာန်းဖို့ အောက်လွှတ်တော်က ကြိုးပမ်းချက်တွေကို မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်၊ လူ့အခွင့်အရေးချိုး ဖောက်မှု တွေ မှာ တာဝန်ရှိသူတွေ၊ သူတို့ကို စုံစမ်းစစ်ဆေးအရေးယူဖို့ ပျက်ကွက်သူတွေပါ အရေးယူဒဏ်ခတ်မယ့် BURMA Act ၂၀၁၉ (Burma Unified through Rigorous Military Accountability Act) ကို စက်တင် ဘာ လ (၂၄) ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၆၃မဲ၊ ကန့်ကွက်မဲ ၁၅ မဲနဲ့ အတည် ပြုခဲ့ပါတယ်။ အဲဒီလို မဲခွဲဆုံးဖြတ် ရာမှာ (NV=not voting) မဲမပေးတဲ့ အမတ်ပေါင်း ၁၅၆ ဦးရှိခဲ့ပါတယ်။

ဒီဥပဒေမူကြမ်း အဆိုကို တင်သွင်းခဲ့တဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin က မူကြမ်းထဲမှာပါတဲ့ အဓိက အချက်ကို လွှတ်တော်မှာ အခုလို ပြောသွားပါတယ်။

“ဒီဥပဒေကြမ်းမှာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေ အပေါ် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဆို့အရေးယူ မှာဖြစ်ပါတယ်။”

ဒါအပြင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ် ဟာ အခုချိန်ထိ မြန်မာပြည်သူ အရပ်သားတွေကို ဆက်လက်ညှင်းပမ်းနှိပ်စက်နေဆဲဖြစ်ပြီး နိုင်ငံတကာခုံရုံးတင်သင့်နေပြီး ပြောင်းလဲဖို့ အချိန်တန်ပြီလို့ Andy Levin ပြောသွားပါတယ်။

BURMA Act ၂၀၁၉ မူကြမ်းကို ဦးဆောင်ရေးဆွဲသူတဦးဖြစ်တဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot ကလည်း လွှတ် တော်တရပ်လုံး ဝိုင်းဝန်းထောက်ခံဖို့ အခုလို ပြောသွားပါတယ်။

“ဒီလို ရက်စက်တဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူ အပြစ် ပေးနိုင်ဖို့ လိုအပ်နေတဲ့ နည်းလမ်းကို အထောက်အကူပေးမယ့် BURMA Act ကို ဒီကနေ့ အောက်လွှတ် တော်မှာ ကျနော်တို့ မဖြစ်မနေ အတည်ပြုရမှာဖြစ်ပါတယ်။”

ဒါအပြင် အခုလို သီးခြားဥပဒေအဖြစ် ပြဌာန်းမယ့် နည်းလမ်းပဲဖြစ်ဖြစ်၊ ဇူလိုင်လက အောက်လွှတ်တော်က အတည်ပြုထားတဲ့ NDAA အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ ပြင်ဆင်ချက်အဖြစ် ထည့် သွင်းထားတဲ့ BURAM Act ၂၀၁၉ ကိုပဲဖြစ်ဖြစ် အထက်လွှတ်တော်က အချိန်မဆိုင်းပဲ ထောက်ခံဖို့ အောက် လွှတ်တော်အမတ် Chabot က တိုက်တွန်းခဲ့ပါတယ်။

မနေ့က အောက်လွှတ်တော်မှာ တင်သွင်းတဲ့ BURAM Act ၂၀၁၉ မူကြမ်းအဆိုကို ထောက်ခံခဲ့သူက တက္က ဆက်ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Michael McCaul ဖြစ်ပါတယ်။

“ကျယ်ပြန့် ပြင်းထန်လှတဲ့ ရိုဟင်ဂျာ အကြပ်အတည်းဟာ အောက်လွှတ်တော် ပါတီနှစ်ရပ်လုံးကို တညီ တညွတ်တည်းဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အောက်လွှတ်တော်အမတ် Chabot တင်သွင်း ခဲ့တဲ့ မြန်မာစစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ကြောင်း ကြေညာချက် 1091 ကို အောက် လွှတ်တော်တခုလုံးက တခဲနက်တည်း ထောက်ခံခဲ့ကြပါတယ်။ အခု ဥက္ကဌ Engle ရဲ့ BURMA Act ကလည်း ပြီးခဲ့တဲ့ အမေရိကန်အစိုးရလက် ထက်က မလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ကို အရေးယူ ဒဏ်ခတ်ဖို့ ဖြစ်ပါတယ်။ ဒီလို အရေးယူမယ့်အဆင့်ဟာ အချိန်တောင် နှောင်းနေပါပြီ။ ဒါကြောင့် အခုပါတီနှစ်ရပ်လုံး က သဘောတူထားတဲ့ ဒီဥပဒေမူကြမ်းကို ထောက်ခံကြဖို့ လုပ်ဖေါ်ကိုင်ဖက်တွေကို ကျနော် တိုက်တွန်း ချင်ပါတယ်။”

BURMA Act ၂၀၁၉ ဥပဒေမူကြမ်း ကို အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်ရှိ ဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ် Eliot Engel နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot တို့က ဦးဆောင်တင်သွင်း ခဲ့တာ ဖြစ် ပါတယ်။ မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ် ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်တား မြစ် ချက်အပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အတွက် လူ သားချင်းစာနာမှု အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂၂၁ သန်း ပါဝင်တဲ့ ဘတ်ဂျက် လျာထားချက်၊ မြန်မာ နိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ အ ဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အခုလို အမေရိကန် အောက်လွှတ်တော်မှာ အင်္ဂါနေ့က မြန်မာ့အရေး ဖိအားပေးတဲ့ ဥပဒေမူ ကြမ်းတွေထဲ သီးခြားဥပဒေအဖြစ် ပြဌာန်းဖို့ အဆိုတင်သွင်းထားတဲ့ Burma Political Prisoners Assistance Act မြန် မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကိုတော့ အသံနဲ့ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲမရှိ အတည် ပြုခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သူတဦးဖြစ်တဲ့ ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin က အခုလို ပြောသွားပါတယ်။

“သတင်းသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ အမှားကို ထုတ်ဖေါ်ဝေဖန်ပြောဆိုရဲသူတွေ ကို မဖြစ်မနေ အကာကွယ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Wagner နဲ့အတူ ကျနော်တို့ အောက်လွှတ်တော်မှာ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ ဆိုကို ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်း သား တွေ နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွတ်မြောက်ရေး တောင်းဆိုထားသလို၊ အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပြဌာန်းထားပါတယ်။”

ဒီဥပဒေမူကြမ်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ကူညီစောင့်ရှောက် ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက် နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီပံပိုးဖို့ စတဲ့အချက်တွေ ပြဌာန်းထားပါတယ်။

အခု ဥပဒေမူကြမ်း နှစ်ခုလုံးဟာ ဇူလိုင်လက အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ NDAA အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ ပြင်ဆင်ချက်အနေနဲ့ ပါဝင်ထားပြီးသားဖြစ်ပါတယ်။ ဒီပြင်ဆင်ချက် ဥပဒေမူကြမ်းနှစ်ခုကို အင်္ဂါနေ့က အောက်လွှတ်တော်မှာ ထပ်မံမဲခွဲ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းကတော့ မြန်မာ့အရေး သီးခြားဥပဒေတွေ အဖြစ် ပြဌာန်းနိုင်ဖို့ အောက်လွှတ်တော်ရဲ့ ကြိုးပမ်းချက် ဖြစ်ပါတယ်။

  

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */