Friday, July 5, 2019

ရိုဟင်ဂျာအရေး တရားဝင်စစ်ဆေးခွင့်ပြုဖို့ ICC ရှေေ့န တရားရုံးကို တင်ပြ

လွတ်လပ်တဲ့ အာရှအသံ
2019-07-04
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ရှေ့နေ Fatou Bensouda ကို ၂ဝ၁၈ ခုနှစ်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တခုတွင် တွေ့ရစဉ်။ 
                                                                                         Photo: AFP
                                    

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အနေနဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက လူသားဖြစ်တည်မှုဆန့်ကျင်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့မှုအတွက် တရားဝင် စတင်စုံစမ်းစစ်ဆေး ခွင့်ပြုဖို့ ICC ရှေ့နေ Fatou Bensouda ဖာတူး ဘင်ဆိုဒါ က တရားရုံးမှာ ကြာသပေ တးနေ့ မနေ့က တင်ပြလျှောက် ထားလိုက်ပါတယ်။ 

ဘင်ဆိုဒါက ICC ရဲ့ ပဏာမ စုံစမ်းစစ်ဆေးချက်တွေအရ ရိုဟင်ဂျာလူမျိုး အနည်းဆုံး ၇ သိန်းဟာ မြန်မာ ပြည်က နေ ရက်စက်စွာပြုကျင့်မှုနဲ့ ခြိမ်းခြောက်ခံရမှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခဲ့ကြ တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီလို ထိခိုက်ဒဏ်ရာတွေ အကြီးအကျယ် ရရှိခံစားခဲ့ ရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ မူလနေထိုင်ရာဒေသတွေမှာ ပြန်လည်နေထိုင်ခွင့်ကို လက်လွတ်ဆုံး ရှုံး ခဲ့ရပါတယ်၊ ဒါကြောင့် ICC ရဲ့ တရားစီရင် ပိုင်ခွင့်ကို အသုံးပြုပြီး ဒီပြစ်မှုတွေကို တရားဝင် စစ်ဆေးခွင့်ပြု ပါလို့ တင်ပြခဲ့ပါတယ်။ အခုအမှုအတွက် ၂ဝ၁၆ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ အခြေ အနေေ တွကို စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံပိုင်နက်နဲ့ ဘင်္ဂ လားဒေ့ရှ်ပိုင်နက် တစိတ်တပိုင်းအတွင်း ICC သဘောတူညီချက်စာချုပ်ပါ ပုဒ်မ ၇ နဲ့ အကျုံးဝင်တဲ့ ပြစ်မှု ၃ မှု ကျူးလွန်တာကို ခံစားခဲ့ရကြောင်း၊ အဲဒီပြစ်မှု ၃ ခုကတော့ Deportation မြန်မာပြည်ကနေ နယ်စပ်ဖြတ်ကျော် မောင်းထုတ်ခံရခြင်း၊ Other inhumane acts တခြားလူမဆန်ရက်စက်မှုတွေပြုကျင့်ခံရခြင်းနဲ့ Persecution လူမျိုးရေးနဲ့ ဘာသာရေးအပေါ် အခြေခံပြီး နှိပ်စက်ညှင်းပန်းခံရခြင်းတွေဖြစ်ကြောင်း စသဖြင့် ICC ရှေ့နေ Fatou Bensouda ဖာတူး ဘင်ဆိုဒါ ရဲ့ လျှောက်ထားချက်မှာ ဖေါ်ပြထားပါတယ်။ 

ဒီကိစ္စကို သိကျွမ်းသူတဦးဖြစ်တဲ့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ညှိနိုင်းဆောင်ရွက်ရေးမှူး ဦးနေဆန်းလွင်က အဲဒီလို စုံစမ်းစစ်ဆေးခွင့်ပြုရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ ဆုံးဖြတ်မှာဖြစ် တယ် လို့ RFA ကိုပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကစခန်းထဲမှာ တရားဝင်သွားစုံစမ်းဖို့အတွက် တရားသူကြီးတွေဆီက ခွင့်ပြုချက်လိုတယ်။ ဒါကြောင့် ဒီနေ့တင်ပြလိုက်တာဖြစ်တယ်။ လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ကျနော်တို့ နှိပ် စက်ခြေမှုန်းမှု ခံရသူတွေဘက်က ထပ်ပြီးတင်ပြချင်တာရှိရင် တင်ပြလို့ရတယ်။ အဲဒီနောက်မှာ တရားသူ ကြီး က ဥပဒေပညာရှင်တွေနဲ့ ကျနော်တို့ တင်ပြချက်တွေကို ကြည့်ပြီး စုံစမ်းခွင့် ရှိ မရှိ ဆုံးဖြတ်ချက်ပေး မယ်။”

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမယ့် ရိုဟင်ဂျာတွေ ထွက်ပြေးဝင်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အရေးယူလို့ ရပါတယ်။ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အခုလို လူ့အခွင့်အရေးချိုးဖေါက်မှုတွေ မရှိခဲ့ပါဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါ တယ်။ ကုလသမဂ္ဂဆိုင်ရာ မြန် မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒါဟာ မြန်မာနိုင်ငံအပေါ် တိုက်ခိုက်ဖို့ အတွက် ပူးပေါင်းကြံစည်မှုဖြစ်တယ် လို့ ပြောပါတယ်။

“သူတို့ တကယ် မျက်မြင်သက်သေ အထောက်အထားတွေ ပြနိုင်တာ မဟုတ်ဘူး။ သူများပြောစကားတွေနဲ့ လူမျိုးတုံး သတ်ဖြတ်တယ်လို့ စွပ်စွဲနေတာတွေနဲ့ ပတ်သက်ပြီး ဒီလို မရှိဘူးဆိုတာ ကျနော်တို့ အထပ်ထပ် ပြောနေ တယ်။ အာဆာရဲ့တိုက်ခိုက်မှုဟာ ဒီပြသနာရဲ့ အရင်းခံဖြစ်တယ်ဆိုတာကို မြုပ်ထားပြီးမှ ဒီဘက် ကေ နပြီးတော့ နယ်မြေလုံခြုံရေးအရ ပြန်လုပ်ရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကိုပဲ သူတို့က အဓိ က ထားပြီးတော့ တာဝန်ယူဖို့ကိစ္စ၊ အရေးယူဖို့ကိစ္စကိုပဲ သူတို့အားလုံးက တိုင်ပင်ကိုက်ညှိပြီး ပြောနေ ကြ တာ။ ဒါဟာ တကမ္ဘာလုံး က ဇတ်တိုက်ပြီးလုပ်ထားတဲ့ကိစ္စပါ။”

ဦးနေဆန်းလွင်က တကယ်လို့ ICC က တရားဝင်စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်မယ်ဆိုရင် လူမျိုးတုံးရှင်းလင်း မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူတဲ့အထိ ဆက်လက်ဆောင် ရွက် မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စုံစမ်းခွင့်ရရင် စခန်းတွေထဲမှာ သွားရောက်စစ်ဆေးမယ်။ အခုသူတို့ကိုင်တွယ်နေတာက လူသားဖြစ်တည် မှုဆန့်ကျင်တဲ့ပြစ်မှုနဲ့ နိုင်ငံကနေ အဓမ္မနှင်ထုတ်မှုပဲရှိသေးတယ်။ ဟိုမှာစစ်ဆေးချက်အရ ကျန်တဲ့သက်သေ အထောက် အထားတွေရရင် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ်ပါ ကိုင်တွယ်နိုင်မယ်။ လက်ရှိ အဓမ္မမှုတခု တည်း နဲ့ လည်း ဖမ်းဝရမ်းထုတ်လို့ရတယ်။ ဖမ်းဝရမ်းထုတ်ခံရသူတွေကို ပြည်ပထွက်ရင် ဘယ်နိုင်ငံကမဆို ဖမ်းလို့ ရတယ်။ နိုင်ငံတ ကာရဲတပ်ဖွဲ့နဲ့ သူတို့ဘယ်လိုပေါင်းပြီးလုပ်မလဲဆိုတာတွေတော့ ကျနော်တို့ မသိရသေး ဘူး။”

ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခုနှစ်က ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရဲ့အကျိုးဆက်တွေကို မြန်မာ အာ ဏာပိုင်တွေအနေနဲ့ ဒီနှစ်အတွင်း ပိုမိုရင်ဆိုင်ရမယ့် အလားအလာတွေ မြင်တွေ့နေရကြောင်းပါခင်ဗျာ။

(RFA အဖွဲ့သား ဦးခင်မောင်စိုး တင်ပြသည်) 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */