Friday, July 5, 2019

စစ်ဘေးရှောင်စခန်း မြစ်ရေလျှံလို့ နေရာပြောင်းရွှေ့ရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-05
မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းဘေးက စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ရေကြီးနေတာကို ၂၀၁၉ ဇူလိုင် ၄ ရက်နေ့ကတွေ့ရစဉ် Photo: Khine Murn Chun-Mrauk U                                       
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ လေးမြို့မြစ်ဟာ တောင်ကျရေတွေကြောင့် ပြည့်လျှံ လာ ခဲ့ တာဖြစ်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းကိုလည်း အရေးပေါ်နေရာပြောင်းရွှေ့နေရတာဖြစ်ပါတယ်။
ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဆရာတော် အရှင်နန္ဒသာရက စစ်ဘေးဒုက္ခသည်တွေကို ကျေးရွာဘုန်းတော် ကြီးကျောင်းနဲ့ နီးစပ်ရာအိမ်တွေမှာ ယာယီခိုလှုံနေကြရတယ်လို့ မိန့်ပါတယ်။

“စင်္ဘောကိုင်းကယ်ဆယ်ရေးစခန်းကတော့ အခုတဲအိမ်ထက်ဝက်လောက်တော့ နေလို့မရတော့ဘူး။ ရေမြုပ် တယ်ပေါ့။ ဒီနေရာက လေးမြို့မြစ်နဲ့ စင်္ဘောကိုင်းရွာကြားက သဲသောင်ပြင်ပေါ်မှာ ဆောက်ထား တာ ဆိုတော့ မိုးရာသီမှာ ပုံမှန်ရေလွှမ်းတဲ့နေရာပေါ့။ အခုက တဲအိမ်ထက်ဝက်လောက်က နေလို့မရေ တာ့ဘူး။ လောလော ဆယ်က တော့ စင်္ဘောကိုင်းရွာဘုန်းကြီးကျောင်းနဲ့ ရွာထဲအိမ်တချို့က နေလို့ရတဲ့ နေရာတွေမှာ အန္တရာယ် မဖြစ်အောင်ဆိုပြီးတော့ အဆင်ပြေသလို ကြည့်ပြီးတော့ ပို့ထားတယ်”

လေးမြို့မြစ်ရေဟာ အခုလိုမိုးရာသီမှာ တောင်ကျရေတွေကြောင့် နှစ်စဉ်ရေကြီးလေ့ရှိတာပါ။

မြစ်ကမ်းဘေးမှာရှိနေတဲ့ ဒီယာယီကယ်ဆယ်ရေးစခန်းမှာ ဘုရားကြီး၊ မော်ရွာ၊ ဆင်စွယ်ကျိုး၊ စာပေါင်၊ ခြိပ်ချောင်း အစရှိတဲ့ကျေးရွာတွေက အိမ်ထောင်စု ၅၀၀ ဝန်းကျင်နဲ့ လူပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့သိရပါ တယ်။


ရေနစ်မြုပ်လို့ အရေးပေါ်ပြောင်းရွှေ့ထားရတဲ့ ဒုက္ခသည်တွေအတွက် ကုန်းပေါ်မှာ ယာယီတဲအိမ်တွေကို ကိုယ်ထူ ကိုယ်ထဆောက်လုပ်နေကြရတယ်လို့သိရပါတယ်။

ဒါပေမဲ့ တဲအိမ်တွေအတွက် အမိုးအကာလုံလောက်မှုမရှိတာကြောင့် အမိုးအကာတွေအရေးတကြီး လိုအပ် နေ တယ်လို့ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးမောင်ဝင်းတင် ကပြောပါတယ်။

“အမိုးအကာတွေမရှိလို့ အကုန်လုံးဒုက္ခတွေရောက်နေကြတယ်ဗျ။ မြစ်မှာလည်း ရေကတက်လာနေ တယ်။ ကျွန်တော်တို့ စင်္ဘောကိုင်းဒုက္ခသည်စခန်းမှာ အမိုးအကာတွေ တအားလိုနေတဲ့အတွက် အမိုး တွေကို ကျွန် တော်တို့ ဒုက္ခသည်တွေဆီ အကူအညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျ”

စခန်းမှာရှိတဲ့ မိသားစုတွေအတွက် နောက်ထပ်တဲအိမ် ၁၀၀ ကျော်လောက်ဆောက်လုပ်ဖို့ လိုအပ်နေသေး တယ်လို့ ဦးမောင်ဝင်းတင် ကပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးကြောင့် ထွက်ပြေးနေရသူဦးရေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၅၂၀၀ ကျော်၊ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ဟာ ယာယီ ကယ်ဆယ်ရေးစခန်းပေါင်း ၈၂ ခုမှာ ခိုလှုံနေကြရပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေအတွက် ရသေ့တောင်မြို့နယ်မှာ နေရာ ၂ ခု၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၁ ခု၊ မြောက် ဦး မြို့နယ်မှာ ၁ ခု၊ မင်းပြားမြို့နယ်မှာ ၁ ခုနဲ့ ဘူးသီးတောင်မြို့နယ်က နေရာ၂ ခုတို့မှာ ကယ်ဆယ် ရေး စခန်းတွေဆောက်လုပ်ပြီး နေရာချထားပေးဖို့ အစိုးရက စီစဉ်နေပါတယ်။

ဒါပေမဲ့ အိမ်ထောင်စုပေါင်း ၅၂၀၀ ကျော်ထဲက အိမ်ထောင်စု ၁၁၀၀ ကျော်လောက်သာ
အစိုးရကဆောက်လုပ်နေတဲ့ စခန်းတွေမှာ နေထိုင်ဖို့ ဆန္ဒပြုထားကြ တယ် လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကတော့ အစိုးရကစီစဉ်တဲ့စခန်းတွေမှာ နေထိုင်မယ့်ဒုက ္ခသည်တွေကိုသာ ဦးစားပေးကူညီမယ်လို့ပြောပါတယ်။

“နေထိုင်မယ်လို့ ဆန္ဒပြုထားတဲ့သူတွေကို ကျွန်တော်တို့က ဒီစခန်းတွေမှာ နေရာချထားပေးသွားမှာဖြစ် ပါတယ်။ ဆန္ဒမပြုသေးတဲ့သူတွေကတော့ မိမိနေရပ်ပြန်မလား၊ ပြန်မယ်ဆိုလည်း မိမိနေရပ်ပြန်နိုင်အောင် ကျွန်တော် တို့က ဆောင်ရွက်ပေးမှာပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ရဲ့ စခန်းထဲရောက် လာ တဲ့ သူတွေကိုပဲ ကျွန် တော်တို့ က အဓိကဦးစားပေးပြီးတော့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကျွန် တော်တို့ရဲ့ စခန်းထဲမှာဆိုရင် စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေး စတဲ့အကုန်လုံးကို ထည့်သွင်းရေး ဆွဲထားတာဖြစ်ပါတယ်”

စစ်ဘေးဒုက္ခသည်တွေအများစုကတော့ အစိုးရစီစဉ်ဆောက်လုပ်နေတဲ့နေရာဟာ သူတို့ရွာတွေနဲ့အလှမ်း ဝေးတာ၊ ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ အစိုးရက အလေးထားမှုမရှိတာတွေကြောင့် အခက်အခဲရှိနိုင်လို့ ဆိုပြီး အစိုးရ စီစဉ်နေတဲ့စခန်းတွေမှာနေထိုင်ဖို့ ငြင်းဆန်နေကြတာလို့သိရပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်အရ ဇွန်လ တတိယပတ်အထိ ယာယီ ကယ် ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည် နှစ်သောင်းကျော်ရှိပြီး စခန်းကိုမရောက်ဘဲ နီးစပ်ရာ ရွာတွေ မှာရှိနေတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေကတော့ နှစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ သိရ ပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်)
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */