Monday, June 3, 2019

ဒေသတွင်းအိမ်စာ (Regional Homework)

Padauk Drum
2019 June 3

Photo by MTI/Miniszterelnöki Sajtóiroda
 
၂၀၁၉ ခုနှစ်၊ ဇွန်လပထမအတွင်း မြန်မာအစိုးရနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဥပရောပနိုင်ငံ နှစ်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ချက် သမ္မတနိုင်ငံခရီးစဉ်သည် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် တရားဝင် ခ ရီး စဉ်ဖြစ်ပြီး၊ ဟန်ဂေရီ ခရီးစဉ်မှာ အလုပ်သဘောခရီးစဉ်ဖြစ်သည်။ ဇွန်လ(၃)ရက်နေ့တွင် ချက်သမ္မတနိုင်ငံ Prague မြို့၌ တွေ့ဆုံအပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်း မာရေး၊ ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံအဆင့် မြင့် ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်သွားလာရေး တိုးမြှင့်ဆောင်ရွက် သွားရန်တို့ကို နိုင်ငံတော်အ တိုင် ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ချက်သမ္မတနိုင်ငံခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဟန်ဂေရီနိုင်ငံသို့ ခရီးဆက်သွားခဲ့ကြ ပြီး၊ ဇွန်လ(၅)ရက်နေ့က ဟန်ဂေရီဝန်ကြီးချုပ် Mr. Viktor Orban နှင့် ဘူဒါပတ်စ်မြို့၌ အလုပ်သဘောတွေ့ ဆုံဆွေးနွေးခဲ့သည်။ ဟန်ဂေရီဝန်ကြီးချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံအပြီးတွင် နှစ်ဘက်မှ သက် ဆိုင်ရာအစိုးရများအနေဖြင့် သတင်းထုတ်ပြန်ခဲ့ကြသည်။

ဟန်ဂေရီဝန်ကြီးချုပ်ရုံး၏ထုတ်ပြန်ချက်တွင် ရွေ့ပြောင်းအခြေချသူများအရေးသည် အရှေ့တောင်အာရှနှင့် ဥရောပရှိ သက်ဆိုင်ရာဒေသတွင်းနိုင်ငံသီးသီးတွင် ကြီးမားသောစိန်ခေါ်ချက်များထဲမှ တစ်ခုအဖြစ် နှစ်ဘက် ခေါင်း ဆောင်များအကြား ဆွေးနွေးခဲ့ကြကြောင်း၊ စဉ်ဆက်မပြတ်တိုးပွားလာနေသော မူဆလင်လူဦးရေများ နှင့် အတူ တကွနေထိုင်လာနေရသည့် ပြဿနာရပ်များကလည်း ဒေသတွင်းနှစ်ခုလုံး၌ ပေါ်ထွက်လာသည် ကို တွေ့မြင်ရ သည်ဟု အလေးထားပြောဆို ခဲ့ကြကြောင်း[1] ရွေ့ပြောင်းအခြေချနေထိုင်သူမူဆလင် များနှင့် ပတ်သက်၍ ဇောင်းပေးဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

သို့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင်မူ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရခိုင် ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှုကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှု ပိုမိုထိရောက်စွာ တိုးမြှင့်သွား နိုင်ရေးအတွက် နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများ အပြန် အလှန် ဖွင့်လှစ်သွားနိုင်ရေးကိစ္စရပ်များကို နှစ် ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း[2] ဖော်ပြထားသည်။

ဟန်ဂေရီဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက်ပါ ရွေ့ပြောင်းအခြေချနေထိုင်လာသူမူဆလင်များ တိုးပွားလာ မှုကိစ္စရပ်အပေါ် နှစ်ဘက်မှ အလေးပေးဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသော်လည်း နိုင်ငံတော်အတိုင်ပင် ခံရုံး၏ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ကြိုးပမ်း ဆောင် ရွက်နေမှုကိစ္စရပ်များဟုသာ ဆက်စပ်ခေါင်းစဉ်အဖြစ် ဖော်ပြထားမှုကို တွေ့ရှိရသည်။

ဟန်ဂေရီဝန်ကြီးချုပ်၏သတင်းထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရွေ့ပြောင်းအ ခြေချသူ မူဆလင်များအရေးတွင် ဟန်ဂေရီဝန်ကြီးချုပ်နှင့် အမြင်ထပ်တူပင်ဖြစ်ကြောင်း အဓိပ္ဗါယ်ထွက်နေ သည်။ ထို့ကြောင့် “အောင်ဆန်းစုကြည် – ကမ္ဘာလုံးဆိုင်ရာအစ္စလမ်ကြောက်ရောဂါလက္ခဏာ[3]၊ အောင် ဆန်း စုကြည်နှင့် ဟန်ဂေရီဝန်ကြီးချုပ် အစ္စလမ်အပေါ် အခြေခံတူ[4] ၊ မြန်မာစုကြည် ဟန်ဂေရီ ဝန်ကြီး ချုပ် ကို နွေးထွေးသက်တောင့်သက်သာရှှိလှတာ ရယ်စရာ[5]”  စသည်ဖြင့် သတင်းခေါင်းစီးကြီးများပေး၍ အနောက်ဥရောပသတင်း ဌာနများတွင် ထိုရှုတောင့်အမြင်ကို အနှုတ်သဘောဆောင် ဖော်ပြခဲ့ကြသည်။

လက်ရှိဟန်ဂေရီဝန်ကြီးချုပ် Mr. Viktor Orban မှာ လက်ယာယိန်းဝါဒီတစ်ဦးဖြစ်သည့်အတွက် ရွေ့ပြောင်း အခြေချနေထိုင်လာသူမူဆလင်များအပေါ် ဆန့်ကျင်သည်က မထူးဆန်းသော်လည်း မြန်မာနိုင်ငံ သမ္မတအ ထက်မှာနေသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာမူ ထိုသို့အမြင်ရှိပါလေစ။

ဟန်ဂေရီဝန်ကြီးချုပ်အနေဖြင့် ရွေ့ပြောင်းအခြေချလာသူမူဆလင်များ တိုးပွားလာနေမှုကို ၎င်းနိုင်ငံ၏ အမျိုး သားအကျိုးစီးပွားအခြေခံမှ ဥရောပသမဂ္ဂနှင့်ဆန့်ကျင်လျှက် ခိုင်မာအားကောင်းစွာ ရပ်တည်ပြောဆိုလုပ်ကိုင်ဆောင် ရွက်နေသူတစ်ဦးပီပီ ဥရောပသမဂ္ဂအနေဖြင့် ဒီမိုကရေစီကို ပို့ကုန်သဖွယ်သဘောထားလုပ် ဆောင်နေမှုကို လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။

မည်သို့ပင်ဆိုစေကာမူ ဟန်ဂေရီဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက်ပါ ရွေ့ပြောင်းအခြေချလာသူ မူဆလင် များ အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဟန်ဂေရီဝန်ကြီးချုပ်ကဲ့သို့ ပွင့်လင်းမြင်သာစွာ ပြောဆို ရန်မ ဖြစ်နိုင်သော အခြေအနေအောက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးခေါင်းစဉ်ရပ်ဖြင့် ရော ချ၊ မျှောချ၊ လှိမ့်ချနေရသည့်အနေအထားပင်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက် က ဖော်ပြနေသည်။

ပြဿနာ၏ ဇစ်မြစ်ကို မကိုင်တွယ်ပဲ လှိမ့်ချ၊ မျှောချ၊ ရောချနေ၍ ပြေလည်နိုင်စရာ အကြောင်းမရှိပေ။ ဒေါ် အောင်ဆန်းစုကြည်အစိုးရတက်လာကတည်းက ရခိုင်ပြည်က ဘင်္ဂလီပြဿနာကို မူအရ ပြတ်သားစွာ ကိုင် တွယ်မှု လွဲချော်တိမ်းစောင်းနေခဲ့သည်များကို အောက်ပါအတိုင်း တွေ့ရှိရသည်။

၁။ ဘင်္ဂလီကိစ္စကို ဘင်္ဂလီဟု မူအရ မရပ်တည်ပဲ ဘင်္ဂလားဒေ့ရှ်မှ “ဘင်္ဂလီ” အသုံးအနှုန်းကို ကန့်ကွက်ခဲ့ ပြီး နောက် “ရခိုင်ပြည်နယ်က မူဆလင်များ” ဟု နာမည်ပြောင်းလဲ သုံးစွဲခဲ့သည်။

၂။ ရိုဟင်ဂျာသမိုင်းနှင့်ပတ်သက်၍ သာ/ယဉ်ဝန်ကြီးဌာနက ပြုစုသွားရန် ကြေညာခဲပြီးနောက် ၂၀၁၈ ခုနှစ် အစောပိုင်းကတည်းက အဆိုပါစာအုပ် ပြုစုပြီးဖြစ်ကြောင်း ကြားသိခဲ့ရသည်။ သို့ရာတွင် ယနေ့တိုင် အဆိုပါ စာအုပ်ကို အတည်ပြု ထုတ်ဝေနိုင်ခြင်း မရှိပေ။

၃။ ဒေသခံလူထု၏လုပ်ပိုင်ခွင့်ရရှိထားသော ကိုယ်စားလှယ်များနှင့် ကျောချင်းကပ် ရင်ချင်းဆက်၍ နွေးနွေး ချစ်ကြည် ရင်းနှီးစွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုတို့ ကင်းမဲ့လျှက် ဒေသခံများ၏ ဆန္ဒသဘောထား နှင့် ဆန့်ကျင်ကာ ဆောင်ရွက်နေသည့် ကော်မရှင်/ကော်မတီ စုစုပေါင်း သုံးလေးခုမက ရှိနေပါပြီ။ အဆိုပါ ကော်မရှင်/ကော်မတီများအနေဖြင့် လက်တွေ့တွင် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိပဲ နိုင်ငံတကာဖိ အား ကို ရှောင်လွှဲရန်ကိရိယာများအဖြစ်သာ အသုံးဝင်နေသည်။

ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် သေဆုံးသွားသည့်(ဘ)ဦးကျော်ဇောလီ၏သမီး(မ)အသိန်းချေအသက်(၁၀)နှစ် (၁၉ – ၅ – ၂၀၁၉) @ Myochit Khaing Fb 
 
ယနေ့တွင် ပြည်သူ့နှလုံး မသိမ်းကျုံးနိုင်ဖြစ်ခဲ့ရလေပြီဟုဆိုရမည့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများနှင့်ပင် ပဋိပက္ခသစ်များ ပေါ်ပေါက်လာနေရကား ဒေါ်အောင်ဆန်းစုကြည်အစိုးရမှာ ပြဿနာအသစ်များ ဖန်တီးရှင်အဖြစ် ပုံရိပ်ထင်လာနေပါပြီ။ ထို့ကြောင့် ပြဿနာဇစ်မြစ်ကို ကြပ်ပြေးမှအဝေး ကြည့်မှန်ပြောင်းနှင့် ကြည့်ကာ အနီးမှုန်အနေအထားဖြင့် ကိုင်တွယ်ဖြေရှင်းမနေပဲ လက်တွေ့ပဋိပက္ခနယ် ပယ်ထဲက ပါဝင်ပတ်သက်နေသူ လူထုလုပ်ပိုင်ခွင့်ရ ဒေသခံကိုယ်စားလှယ်များဖြင့် ကျောခြင်းကပ် ရင်ခြင်း ဆက် ၍ စိန်ခေါ်မှုအပေါင်းဟူသမျှကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းကျော်လွှားကြရန် အချိန်တန်ပြီ ဖြစ်ပါ ကြောင်း ဒေသတွင်း ပြင်ဆင်စရာရှိသည်များကို အမြန်ပြင်၊ လုပ်စရာရှိသည်များကို မြန်ဆန်တက်ကြွစွာလုပ် ကြရန် “ဒေသတွင်းအိမ်စာ” အဖြစ် တင်ပြလိုက်ရပါသည်။

————————————————————————

[1] https://www.kormany.hu/en/the-prime-minister/news/prime-minister-viktor-orban-in-talks-with-state-counsellor-of-myanmar-aung-san-suu-kyi

[2] https://www.facebook.com/state.counsellor/posts/1592092290924981?__tn__=K-R

[3] https://www.commondreams.org/views/2019/06/07/aung-san-suu-kyi-hungary-chilling-sign-global-islamophobia

[4] https://www.theguardian.com/world/2019/jun/06/aung-san-suu-kyi-finds-common-ground-with-viktor-orban-over-islam

[5] https://www.dw.com/en/opinion-myanmars-suu-kyi-cozying-up-to-orban-is-absurd/a-49108276


Previous ANP ရှေ့ဆက်ခရီး
Next ရခိုင်ပြည်က ရဲနီကြီး ကျော်ဇံရွှီ နှင့် သျှမ်းပြည်က ဗိုလ်ချုပ်ကြီးယွက်စစ်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */