ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံး ရပ်တန့် ဖို့ ဥရောပသမဂ္ဂ (EU) က ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တဲ့ ရခိုင်လက်နက် ကိုင် တပ်ဖွဲ့ AA ရဲ့ စီးနင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ EU အဖွဲ့ဝင် သံရုံးအကြီး အကဲတွေနဲ့ EU သံကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ သက်ဆိုင်သူတွေ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ကြဖို့နဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနဲ့အညီ အရပ်သားတွေကို အကာ အကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
သမိုင်းကြောင်းနဲ့ချီ အမြစ်တွယ်လာခဲ့တဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးမှုတွေ၊ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ဖြေရှင်းဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ ၄ လကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့လထဲမှာပဲ ကြေ ညာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း EU ကပြောဆိုခဲ့ပေမဲ့၊ ဆယ်စုနှစ်နဲ့ချီ ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် အရှိန်အဟုန်တွေ အားကောင်းလာစေဖို့၊ အပစ်အခတ် ရပ်စဲရေး ကာလကို နောက်ထပ် သက် တမ်းတိုးဖို့နဲ့ ရခိုင်ပြည်နယ်ကိုပါ ထည့်သွင်းဖို့လည်း တိုက်တွန်း ထား ပါတယ်။
ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တုန်းက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို ရခိုင်တပ် မတော် AA လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ အပေါ် နိုင်ငံတ ကာကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်လာနေတာပါ။
စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူ ပမ်ကြောင်းနဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ ဌာနေ ကိုယ်စားလှယ်လည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးလည်းဖြစ်တဲ့ Knut Ostby ကလည်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။
Link : Here

No comments:
Post a Comment