" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 10, 2018

( 10.08.2018 ) Government of the Republic of the Union of Myanmar Ministry of the Office of the State Counsellor PRESS RELEASE


Government of the Republic of the Union of Myanmar
Ministry of the Office of the State Counsellor

PRESS RELEASE




(Dated: 10 August 2018)

Myanmar-Bangladesh Ministerial Meeting was held on 10 August 2018 at Thingaha Hotel, Nay Pyi Taw. The meeting was chaired by the Union Minister of the Ministry of the Office of the State Counsellor, U Kyaw Tint Sweand the Foreign Minister of the Government of the People’s Republic of Bangladesh, Mr. Abul Hassan Mahmood Ali. Union Ministers U Thein Swe and Dr. Win Myat Aye, officials concerned and delegates from both sides participated in the meeting.

The meeting discussed the implementation of the bilateral agreement, the ‘Arrangement on Return of Displaced Persons from Rakhine State’signed between the governments of Myanmar and Bangladesh in November 2017.

The meeting reached agreement on the following points:-

1. Both parties agreed that there should be early repatriation of displaced person from Rakhine who recently fled to Cox’s Bazar. Repatriation will be in a voluntary, safe and dignified manner. In this regard, a hotline has been established between the Ministers to facilitate ease of discussions.

2. It was agreed to distribute the agreed Verification Forms to those at Cox’s Bazar, for the displaced persons to fill up the forms themselves. Signatures, finger-prints, and photo IDs, are to be completed when filling the forms to indicate voluntary return and assist with Myanmar’s verification process.

3. As agreed in the Arrangement, Myanmar has built two reception centres and one transit camp. Bangladesh has confirmed progress on the five transit camps; one is complete, another under construction, and remaining three to be built.

4. Both parties agreed to intensify cooperation on counter-terrorism and the fight against drug trafficking through exchange of intelligence, closer cooperation between the border-guard officials and conducting enhanced coordinated border patrols.

5. Both parties agreed to cooperate on the issue ofrepatriation of displaced persons currently residing along the international border between Myanmar and Bangladesh, in particular the area between the international border and the fence erected on Myanmar’s territory in an expeditious manner.

6. It was also agreed that any humanitarian aid given to those inhabiting the area on Myanmar’s territory should be given by the aid agencies from Myanmar side.

7. Bangladesh has agreed to revise the language used in the ID cards being issued to those who are currently residing in Cox’s Bazar.

8. They also agree to conduct a joint inspection of the boundary line between the boundary pillars BP34 and BP 35.

Both Ministers reiterated their commitment for closer consultation in resolving the issue of displaced persons from Rakhine State in the spirit of good neighbourliness. They also agreed to promote closer economic and trade relations of interest of both countries.



---------------------------------------------------------------------------------------------------------------------------


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက်
( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် )

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းက နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား သူ များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်အား အကောင်အထည်ဖော်ရေး နှင့် ပတ်သက်ပြီး အမြင်ချင်းဖ လှယ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူအာဆန်မာမွတ်အာလီတို့မှ ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှု ကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်အောက်ဖော်ပြပါအချက်များသဘောတူညီခဲ့ပါသည်-

(က) မကြာသေးမီက ကော့(ဇ်)ဘဇားသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ရခိုင်ဒေသမှ နေရပ် စွန့်ခွာ သွား ကြသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်နိုင်ရန် နှစ်နိုင်ငံအကြား သဘော တူ ညီခဲ့ပါသည်။ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် မိမိ ဆန္ဒအလျောက် လုံခြုံစိတ်ချစွာနှင့် ဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍နှစ်နိုင်ငံဝန်ကြီးများအကြား ပြန်လည်လက် ခံရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရေး အတွက်တိုက်ရိုက် အဆက်အ သွယ် မှု ပြုနိုင်မည့် HOTLINE တစ်ခုထူထောင်ထားပြီးဖြစ်ပါသည်။

(ခ) နှစ်နိုင်ငံအကြား သဘောတူထားသည့် စိစစ်ရေးပုံစံ (VERIFICATION FORMS) များကို ကော့(ဇ်) ဘ ဇား တွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူမျာထံ ဖြန့်ဝေရေးနှင့် ပုံစံများကို ၎င်းတို့ကိုယ်တိုင် ဖြည့် စွက်နိုင် ရန် သဘောတူညီခဲ့ပါသည်။ ထို့ပြင် မြန်မာ အစိုးရအနေဖြင့် စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် အထောက် အကူပြုစေရန်နှင့် နေရပ်စွန့်ခွာသွားသူများသည် ၎င်းတို့ဆန္ဒအလျောက် ပြန်လည်ဝင် ရောက် လိုခြင်း ဖြစ်ကြောင်းအား သက်သေပြနိုင်မည့် ပြန်လည်ဝင်ရောက်လိုသူ၏လက်မှတ်၊ လက်ဗွေနှင့် ဓါတ်ပုံများအား ပုံစံများတွင်ထည့်သွင်းဖြည့်စွက်သွားစေရန်အတွက်လည်းနှစ်နိုင်ငံအကြား သဘောတူညီ ခဲ့ပါသည်။

(ဂ) ပြန်လည်လက်ခံရေးအစီအစဉ်တွင် သဘောတူထားသည့်အတိုင်း မြန်မာအစိုးရအနေဖြင့် ယာယီလက် ခံရေးစခန်း(၂)ခုနှင့် ကြားစခန်း (၁)ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ဆောင်ရွက် ရန်သဘောတူထားသည့် ယာယီစခန်း(၅)ခု အနက် စခန်း (၁) ခုအား ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ ယာယီ စခန်း (၁)ခုမှ ဆောက်လုပ်ဆဲ ဖြစ်ကြောင်း၊ ယာယီစခန်း (၃) ခုမှာ ဆောက်လုပ်ရန် ကျန်ရှိနေသေးကြောင်း ကို အတည်ပြု ပြောကြား ခဲ့ပါသည်။

(ဃ) အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင် ဆောင်ရွက် သွားရန်အတွက် သတင်းများ အပြန်အလှန် ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးအတွက် တာဝန်ရှိ သူ များအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးပေါင်းဆောင် ရွက် မှုမြှင့်တင်ရေးတို့ကို နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။

(င) မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာ နယ်နိမိတ်တွင် နေထိုင်လျက် ရှိသူများ၊ အထူး သ ဖြင့် နိုင်ငံတကာ နယ်နိမိတ်နှင့်မြန်မာနိုင်ငံပိုင်နက် နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုး အ ကြား နေထိုင်နေသူများအား ပြန်လည် လက်ခံနိုင်ငံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ် သွား ရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။

(စ) ထို့ပြင် အဆိုပါ မြန်မာပိုင်နက်နယ်မြေပေါ်တွင်နေထိုင်နေသူများအား လူသားချင်း စာနာ ထောက်ထား မှုပစ္စည်းများ ထောက်ပံ့ပေးသည့်ကိစ္စအား မြန်မာနိုင်ငံဘက်ရှိ အထောက် အပံ့ပေးရေး ဆိုင်ရာအဖွဲ့အစည်း များမှ ဆောင်ရွက်သွားရန်အတွက် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။

(ဆ) မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများအား ထုတ်ပေးထားသည့် သက်သေခံ လက်မှတ်များ အပေါ်တွင် အသုံးပြုထားသည့် အသုံးအနှုန်းအား ပြန်လည်ပြင်ဆင်ပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောတူ ညီခဲ့ပါသည်။

(ဇ) နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားရှိ နယ်စပ်မျဉ်းအား နှစ်နိုင်ငံ ပူးတွဲစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် နှစ်နိုင်ငံအကြားသဘောတူညီခဲ့ပါသည်။

ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများကိစ္စအားဖြေရှင်းရာတွင်အိမ်နီးချင်းကောင်းပီသစွာဖြင့်နှစ်ဖက်ညှိနှိုင်း  တိုင်ပင် ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင် ရာကိစ္စ ရပ်များ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ပါသည်။








No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */