" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 18, 2018

( 18.04.2018 ) ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် မြန်မာနိုင်ငံ၏ ဆောင် ရွက်ချက်များ ကို ရှင်းလင်းပြောကြား ( အင်္ဂလိပ် - မြန်မာ )


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမျိုးသမီးများငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စနှင့် စပ်လျဉ်းသည့် တံခါး ဖွင့်ဆွေးနွေးပွဲတွင် နယူးယောက်မြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက အမျိုးသမီး များ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် အရေးယူဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား

နေပြည်တော် ဧပြီ ၁၇



အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့် ဆွေးနွေးပွဲတစ်ရပ်ကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ၁၆-၄-၂ဝ၁၈ ရက်က ကျင်းပရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက်ပြီး အမျိုးသမီးများ အကြမ်းဖက်မှု ကာ ကွယ်တားဆီးရေးနှင့် အရေးယူဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

တောင်းဆိုမှုကို ငြင်းဆန်

မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပဋိပက္ခနှင့် ဆက်စပ်သည့် အမျိုးသမီး များအား အကြမ်းဖက်မှုကာကွယ် တားဆီးရေးတွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် တိုးမြှင့်ကာ ပူး ပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဤကိစ္စနှင့် ပတ်သက်သည့် အတွင်းရေးမှူးချုပ်၏ နှစ်စဉ်အစီရင်ခံစာ တွင် အမျိုးသမီးများ နှင့် ကလေးသူငယ်များ၏ အခွင့်အရေး များကို ကာကွယ်ရေးအတွက် မြန်မာ နိုင်ငံ အနေဖြင့် အရေးပါသည့် ခြေလှမ်း များ စတင်နိုင်ခဲ့သည်ဟု အသိအမှတ် ပြုထားကြောင်း၊ သို့ရာတွင် မြန် မာနိုင်ငံ အနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်ရုံးနှင့် အပြုသဘော ဆောင်စွာ ချိတ်ဆက် ဆောင်ရွက်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းလျက်ရှိသော် လည်း မြန်မာ့တပ်မတော်အား အစီရင်ခံ စာ၏ နောက် ဆက်တွဲစာရင်းတွင် ထည့် သွင်းထားသည်မှာ လွန်စွာစိတ်မကောင်း ဖွယ်ဖြစ်ကြောင်း၊ အတည်မပြုနိုင်သည့် စွပ်စွဲချက်များပေါ်တွင် အခြေခံ၍ နောက် ဆက်တွဲစာရင်းတွင် ယင်းသို့ထည့်သွင်း ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စွပ်စွဲထား သည့်အမှုများကို စုံစမ်းဖော်ထုတ်ရေး အတွက် ကော့စ်ဘဇားစခန်းရှိ ထိခိုက် စော် ကား ခံရသူ ဆိုသူများကို သွားရောက် တွေ့ဆုံမေးမြန်းရန် မိမိတို့ ဘက်မှ ကြိုးပမ်းခဲ့သော်လည်းစနစ်တကျ တွေ့ ဆုံမေးမြန်းခွင့်ပြုရန် တောင်းဆိုမှု ကို ငြင်းဆန်ခဲ့ခြင်းကြောင့် စွပ်စွဲမှုများ ကို အတည်မပြုနိုင်ခဲ့သည့်အပေါ် အလွန် စိတ်ပျက်ရကြောင်း။

ခိုင်မာသည့် ကတိကဝတ်ကိုပြသ

အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည့် လိင်အကြမ်းဖက် မှု စွပ်စွဲချက်နှင့် ပတ်သက်၍ မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ လျစ်လျူရှုရန်မရှိကြောင်းဖြင့် မြန်မာ အစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သက်သေ အထောက်ထား ခိုင်လုံစွာရှိပါက မည် သည့်ချိုးဖောက် သူကိုမဆို အကာ အကွယ်မပေးဘဲ ဥပဒေနှင့်အညီ အရေး ယူသွားမည်ဖြစ်ကြောင်း၊ အင်းဒင်အဖြစ် အပျက် တွင် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်သားခုနစ်ဦးကို မကြာမီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး အတွက် အစိုးရ၏ ခိုင်မာသည့် ကတိက ဝတ်ကို ရှင်းရှင်းလင်း လင်းပြသလိုက်ခြင်း ပင်ဖြစ်ကြောင်း။

ပြတ်သားစွာပယ်ချ

မူဆလင်များအား ၄င်းတို့နေအိမ် များမှ စွန့်ခွာထွက်ပြေးစေရန်အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုခဲ့သည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပြတ်သားစွာ ပယ်ချပါကြောင်း။

ပြင်းထန်စွာ အရေးယူ

မြန်မာနိုင်ငံ၌ လိင်အကြမ်းဖက် မှုသည် ဓလေ့ထုံးစံတန်ဖိုးထားမှုများအရ လွန်စွာစက်ဆုပ် ရွံရှာဖွယ်ကောင်း သည့် ပြစ်မှုဖြစ်ပြီး၊ ဥပဒေအရသာမက ယဉ်ကျေးမှုအရပါ တင်းကျပ်စွာတားမြစ် ထားကြောင်း၊ တပ်မတော် သားများ အနေဖြင့် ၁၉၅၉ တပ်မတော်အက် ဥပဒေနှင့် တပ်မတော်စည်းမျဉ်းများကို သာမက တည်ဆဲအရပ် ဘက် ဥပဒေနှင့် ဓလေ့ထုံးတမ်းများကိုပါ လေးစားလိုက် နာကြရသည်ကို အလေးထားပြောကြား လိုကြောင်း ၊ သို့အတွက် အရပ်သား ဖြစ်စေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်စေ ကျူးလွန် သူများကို ဥပဒေကြောင်းအရ ပြင်း ထန်စွာ အရေးယူမှုများ ပြုလုပ်ပါ ကြောင်း၊ လိင်အကြမ်းဖက်မှုကျူးလွန် ခဲ့သည့် တပ်မတော် သားများ အား တရားစွဲဆို အရေးယူမှုပြုခဲ့သည့်သာဓက များစွာ ရှိခဲ့ကြောင်း၊ တပ်မတော်၏ကျင့်ဝတ်ကို တိကျစွာ စောင့် ထိန်းရန်နှင့် လိင်အကြမ်းဖက်မှု စသည့်ပြစ်မှုများတွင် ပါဝင် ကျူးလွန်ခြင်းမပြုရန် တပ်မတော် သားများအား ရှင်းလင်းစွာ ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို တပ်မတော်သား များ သိရှိနားလည်စေရန်အတွက် စွမ်း ဆောင်ရည် တည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ ကြောင်း၊ တပ်မတော်သင်တန်းကျောင်း များရှိ သင်ရိုးòန်းတမ်းများတွင် လည်း လိင်အကြမ်းဖက်မှုတားဆီး ရေးနှင့် ပတ်သက်သည့် ဥပဒေများ ပါဝင်ကြောင်း။

တာဝန်မဲ့သော စွပ်စွဲချက်များ

ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ် သက်၍ 'မျိုးနွယ်စုများအား သုတ်သင် ရှင်းလင်းခြင်း' သို့မဟုတ် 'လူမျိုး သုဉ်း သတ်ဖြတ်ခြင်း' စသည့် အသုံးအနှုန်း များ သုံးစွဲမှုကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ပါကြောင်း၊ အထောက်အထား မခိုင်လုံသော တစ်ဖက်သတ်စွပ်စွဲ မှုများ၊ သတင်းမှား များ၊ နိုင်ငံရေးအရ ဆွပေးရန် ရည်ရွယ် သည့်အစီရင်ခံစာများပေါ်တွင် အခြေခံ သည့် ယင်းသို့တာဝန်မဲ့သော စွပ်စွဲချက် များ သည် လက်ရှိအခြေအနေကို ပိုမို ဆိုးရွားစေပြီး၊ ဒေသတွင်းရှိ လူမှု အသိုက်အဝန်းများကို ပိုမိုဝေးကွာစေ မည်ဖြစ်ကြောင်း။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆိုးရွားစွာထိခိုက်စေမည်

မြန်မာနိုင်ငံအပေါ် ယင်းသို့ ဆက်တိုက်ပုံဖော် ပြောကြားနေမှုများ သည် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား လက်ရှိပူးပေါင်းဆောင်ရွက် မှုများနှင့် လက်ရှိလူသားချင်းစာနာ ထောက်ထားမှုပြဿနာအပြင် ရှုပ်ထွေး သည့် ရခိုင်ပြည်နယ် အခြေအနေကို ရေရှည် အဖြေရှာမှုများ ပြုလုပ်နိုင် ရန်အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ဆိုးရွားစွာ ထိခိုက်စေမည်သာဖြစ် ကြောင်း။

အပြုသဘောဆောင်သည့်နည်းလမ်း

ပဋိပက္ခနှင့်ဆက်စပ်သည့် လိင် အကြမ်းဖက်မှုများကို ရှုတ်ချသကဲ့သို့ အချို့သော အုပ်စုများက ၄င်းတို့၏ ကိုယ်ပိုင်နိုင်ငံရေး အကျိုးအမြတ်ရရှိရေး အတွက် ယင်းကဲ့သို့ ထိခိုက်လွယ်သည့် ကိစ္စရပ်ကို အသုံးချ နေကြခြင်း ကိုလည်း ရှုတ်ချသင့်ကြောင်း၊ လိင်အကြမ်းဖက်မှု ပြဿနာကို အမည်နာမဖော်ထုတ်ဝေဖန်ပြစ် တင်ခြင်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက် များ မျှဝေခြင်းနှင့် ယင်းကိစ္စကို ဖြေရှင်း ရန် ကြိုးပမ်းလျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံ များအား ကူညီခြင်းဖြင့် အပြုသဘော ဆောင်သည့် နည်းလမ်းကို အသုံးပြုရ မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
---------------------------------------------------------------------------------------------------------------------------

Myanmar strongly objects use of such words as “ethnic cleansing” or “genocide” in reference to the situation in Rakhine State: Permanent Representative to UN

Myanmar’s Permanent Representative to UN spoke on Myanmar’s efforts in prevention of sexual violence and measures taken to address the issue at the United Nations Security Council’s open debate on Women, Peace and Security:

“Preventing sexual violence in conflict through empowerment, gender equality and access to justice” at the United Nations Headquarters on 16 April 2018.

SPEAKING at the debate, Permanent Representative ofMyanmar, Ambassador U Hau Do Suan explained Myanmar’sposition of preventing and addressing conflict – related sexualviolence by taking further steps to cooperate with the United Nations. With regard to the Annual Report of the Secretary- General on Conflict related Sexual Violence, he said that the report acknowledges important steps taken by Myanmar to protect the rights of women and children. However, it is most regrettable that the Tatmadaw has been listed in the annex of the report despite Myanmar’s genuine efforts to engage constructively with the office of the Special Representative of the Secretary-General on Sexual Violence in Conflict (SRSGSVC).Besides, the decision of the listing was made based on unverified allegations in spite of our attempts to interview the alleged victims in the camps of Cox’s Bazar to investigate the cases. However, we are disappointed that our request for proper investigations had been denied.

With regard to the alleged sexual violence as mentioned in the Secretary-General’s report, the Government of Myanmar has made its position very clear that it will not condone any human rights abuse. If there is concrete evidence, we are ready to take action against any perpetrator in accordance with the law without impunity. The recent sentencing of seven military personnel to 10 years in prison with hard labour who were involved in the Inn Din incident, is a clear demonstration of the Government’s strong commitment to the rule of law. Myanmar delegation categorically rejects the groundless accusationsthat sexual violence had been used as a strategy to force the Muslim people to flee their homes.

In Myanmar, sexual violence is crime strongly abhorred by our traditional values, and strictly forbidden by law and its culture. Myanmar delegationstressed that the members of the armed forces are subject not only to the Military Act of 1959 and Military by-laws, but also to the existing civilian laws and traditions. As such, severe legal action is taken against perpetrators, be they civilian or member of security forces. There were a number of evidences of prosecutions of military personnel for committing sexual violence.

Members of the armed forces have been clearly instructed to strictly follow Military Code of Conduct and not to involve in crimes including sexual violence. A series of capacity building workshops were held to educate military personnel on human rights. The curriculums of the military training schools include teaching of law related to prevention of sexual violence.

Myanmar strongly objects the use of such words as “ethnic cleansing” or “genocide” in reference to the situation in Rakhine State. Such irresponsible accusations based on unsubstantiated, one-sided allegations, fake news and tempered reports for political purpose, will only exacerbate the current situation and will lead to further polarization of different communities in the region.

He said such incessant rhetoric against Myanmar will only impact negatively on the existing cooperation between Myanmar and the United Nations, as well as the on-going bilateral cooperation with Bangladesh in the efforts to find a lasting solution to the current humanitarian problem as well as the complex situation in Rakhine.

According to the Ministry of Foreign Affairs, Ambassador U Hau Do Suan also reminded that as we all condemn conflict-relat- Ambassador U Hau Do Suan, Permanent Representative of Myanmar to UN ed sexual violence, we should also deplore the exploitation of this sensitive issue by certain groups as a tool to achieve their own political goal. The problem of sexual violence cannot be resolved through naming and blaming. The international community must take a constructive approach through sharing of information of violations and assisting the member states in their efforts to address the issue.



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */