" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 23, 2015

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ

7DAY NEWS
Thursday, July 23, 2015


၁။ ဥက္ကဋ္ဌ - ဦးကျော်မင်း
၂။ ပါတီဝင်အရေအတွက် - တစ်သောင်းခန့်
၃။ ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၄၀ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်။
၄။ ပါတီဆောင်ပုဒ်နှင့်မူဝါဒ - ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရှင်သန်ရေး။
၅။ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက် - လူကောင်းဖြစ်ရမည်။ ပြည်သူလက်ခံနိုင်မည့်သူဖြစ်ရမည်။ နိုင်ငံရေးအတွေးအမြင်နှင့် အတွေ့အကြုံရှိသူဖြစ်ရမည်။တိုင်းရင်းသားပြည်သူများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။
၆။ ရန်ပုံငွေ - ဗဟိုအလုပ်အမှုဆောင်အပါအဝင် ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် အဓိကလည်ပတ်သည်။
၇။ ပါတီနောက်ခံသမိုင်းကြောင်း -၁၉၉၁ က ဖျက်သိမ်းခဲ့သော အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီကိုအခြေခံ၍ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီကို၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် တည်ထောင်ခဲ့သည်။


ပါတီ ဥက္ကဋ္ဌ နှင့် အမေးအဖြေ
 
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။နိုင်ငံတစ်နိုင်ငံ ဆို ရင် ဦးတို့သိထားတာ ဖွဲ့စည်းပုံတစ်ခုရှိရမယ်။ အဲဒီတော့ ဖွဲ့စည်းပုံတစ်ခုရှိနေတာပဲ။ အဲဒါကို ဘာကိစ္စပြင်ဆင်ဖို့ လိုသ လဲဆိုတဲ့ ရည်ရွယ်ချက်က အရေးကြီးတယ်။ ရည်ရွယ်ချက်သည် အများ ပြည်သူအတွက်ဆိုရင် မြန်မာ ပြည်မှာရှိတဲ့ လူမျိုးစုံအားလုံးအတွက် ကောင်းမယ်ဆိုရင် ဒါပြင်ဆင်ရမှာပဲ။ လက်ရှိဖွဲ့စည်းပုံကိုစစ်အစိုးရက ဦးဆောင်ပြီး ရေး ဆွဲခဲ့တာကိုး။ ဒီတော့တချို့တချို့ကိစ္စတွေက ပြည်သူ တွေအတွက် မကောင်းတာရှိတယ်။ စစ်တပ်သြဇာလွှမ်းမိုးမှုများတယ်။ ပြင်ဆင်ရမှာပဲ။ ဦးတို့က ပြင်ဆင်ရမယ်ဆိုတာကို အခြေခံအားဖြင့် သ ဘောတူတယ်။ ဒီဖွဲ့စည်းပုံကို မြန်မာပြည်မှာ လက်ရှိရှိနေတဲ့ လက်နက် ကိုင် အဖွဲ့အစည်းတွေကလည်း ပြင်ဆင်ချင်တယ်။ အဲဒီတော့ ဖွဲ့စည်း ပုံမပြင်နိုင်ရင် သူတို့ကလည်းငြိမ်းချမ်းရေးယူမှာမဟုတ်ဘူး။ အစိုးရနဲ့ မယူဖို့ဆိုတာကများတယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာဘယ်လိုပါ ဝင်ဆောင်ရွက်ဖို့ရှိပါလဲ။
 
Peace Process ဆိုတာ အခုအကျိုးစီးပွားနှစ်ခုက ဘာဖြစ်နေလဲ။ အားပြိုင်မှုရှိနေတယ်။ အဲဒါအကြမ်း အား ဖြင့်ပြောတာ။ အတိအကျပြော ဖို့တော့ ခက်တယ်။ တစ်ဖက်က တိုင်းရင်းသားလူမျိုးစုများ၊ နောက်တစ်ဖက်ကလက် ရှိအုပ်ချုပ်နေတဲ့ အုပ်ချုပ်သူများပေါ့။ အုပ်ချုပ်တဲ့ အထဲမှာ တပ်ကလူများတာကိုး။ တချို့တိုင်းရင်းသားတွေက ပွင့်ပွင့် လင်းလင်းပြောရင် ဗမာနဲ့တိုင်းရင်းသားလူမျိုးစုများနဲ့ အားပြိုင်မှုလို့မြင် နေတယ်။ အဲဒီ အမြင်ပျောက်ဖို့လိုတယ်။ ဗမာလည်းတိုင်းရင်းသားပဲ။ တိုင်းရင်းသားလည်း တိုင်းရင်းသားပဲ။ အားလုံးအတူတူပဲ။ ဒီနိုင်ငံအ ကျိုးစီးပွားအတွက် တူတူလုပ်ရမယ်။ ပူးတွဲလုပ်ရမယ်။ ညီတူညီမျှလက် တွဲပြီးတော့ မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်ရ မယ်။ အဲဒီစိတ်ဓာတ်ဖြစ် အောင် ပထမဆုံးလုပ်ရမယ်။ မဟုတ်ရင် ဒီသံသယက အလယ်မှာရှိနေရင် ဗမာနဲ့တိုင်း ရင်းသားများဆိုတာ အဲဒါမကောင်းဘူး။ တိုင်းပြည်အ တွက်။ အဲဒါဖြစ်လာဖို့အတွက် တိုင်းရင်း သားတွေရဲတောင်း ဆိုမှုတွေ ကိုလည်း ပြည်မဗဟိုအုပ်ချုပ်တဲ့သူတွေက အထိုက်အလျောက် လိုက် လျောပေးရမှာပေါ့။

စီးပွားရေးနဲ့ပတ်သက်လို့ကော ပြည်သူတွေရဲ့ဝင်ငွေနဲ့ ထွက်ငွေမျှတ အောင်ဆောင်ရွက်ပေးဖို့ရှိ ပါသလား။

 
အခွင့်အလမ်းမရှိတဲ့သူကို အခွင့်အလမ်းရှိတဲ့သူက၊ အာဏာမရှိတဲ့ သူကို အာဏာရှိတဲ့သူက ခေါင်းပုံဖြတ်တာ။ ဒီစနစ်တွေပျောက်မှပဲတိုင်း ပြည်စီးပွားရေးတိုးတက်မယ်လို့ ဦးတို့ကခံယူတယ်။

အကယ်၍ သမ္မတရွေးချယ်ခွင့်ရမယ်ဆိုရင် ဘယ်လိုလူမျိုးက သမ္မတ ဖြစ်သင့်တယ်ထင်ပါလဲ။
 
အများစုကထောက်ခံအားပေးပြီးတော့ တင်လိုက်တဲ့သူက ပိုပြီး သိက္ခာရှိမယ့်သူဖြစ်မယ်။ ပိုပြီးတော့ အား ရှိမယ့်သူဖြစ်မယ်။ ဂုဏ်ရှိတဲ့ သူဖြစ်မယ်။ပါဝါလည်းပိုများလာမှာပေါ့။ အဲဒီတော့ လွှတ်တော်တစ်ခုက ရွေးတဲ့သမ္မတ ထက် မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူအားလုံးက မဲထည့်ပြီး တော့ တက်လာတဲ့သမ္မတသည် ပိုပြီးတော့ ဂုဏ်သိက္ခာရှိသော၊ အာဏာ ရှိသော၊ ကြည်ညိုလေးစားဖို့ကောင်းသော သမ္မတဖြစ်မယ်လို့ဦးလေးက ခံယူတယ်။

ဘာကြောင့်ပြည်သူတွေက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို မဲပေးသင့်လဲ။
 
ဦးတို့က လွယ်လွယ်နဲ့ရှင်းရှင်းပဲ ပါတီနာမည်ပြောတာနဲ့ ပြည်သူ တွေက နားလည်သွားပြီ။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီလည်းအပြည့် အဝမရှိဘူး။ နာမည်(အမည်)ခံပဲရှိတယ်။ လူ့အခွင့်အရေးဆိုတာတော့အများ ကြီးဆုံးရှုံးနေတယ်။ ဒီပါတီက အဲဒါတွေကို ဖော်ဆောင်ပေးမယ်။ ထိန်းသိမ်းပေးမယ်။ အဲဒါတွေရှိလာဖို့အတွက် ရုန်းကန်ပေးမယ့်ပါတီဆို တော့ ဒီပါတီကိုမဲထည့်ရမယ်လို့ သူတို့ခံယူမှာပါ။

ပါတီ ဥက္ကဋ္ဌအသက်-(၇၀)နှစ်
ပညာအရည်အချင်း-B.Com, B.Ed

နိုင်ငံရေးအတွေ့အကြုံ-၁၉၈၈ အရေးအခင်းတွင် ပါဝင်လှုပ် ရှားမှုကြောင့် အလယ်တန်းကျောင်းအုပ်အဖြစ်မှ ထုတ်ပယ်ခံရ။ အမျိုး သားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်၊ ၁၉၉၀ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးခံရ၊ လွှတ်တော်ကိုယ် စားပြုကော်မတီ (CRPP)တွင်ပါဝင်၊ ၂၀၀၅ တွင် မိသားစုဝင် လေးဦးနှင့်အတူ ထောင်ဒဏ် ၄၇ နှစ်ချမှတ်ခံရပြီး ၂၀၁၂ တွင် သမ္မတလွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက် လာ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အလုပ်အကိုင် -အလယ်တန်းကျောင်းအုပ်(ငြိမ်း)၊ နိုင်ငံရေးသမား
စံပြပုဂ္ဂိုလ် - မိဘ
ဆက်သွယ်ရန်လိပ်စာ- ၀၉-၇၃၂၄၇၈၈၇


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */