" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 24, 2011

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ၂၀၁၁-ခု အောက် တိုဘာ(၉)ရက် နေ့စွဲပါ သဘောထား ကြေငြာ ချက် အား ကန့်ကွက်လွှာ

October 24, 2011



ပြသာနာ၏ မူလရင်းမြစ်မှာ အယူဝါဒကျဉ်းမြောင်းသော ရခိုင်အမျိုးသားရေးဝါဒီများ၏ သမိုင်းကြောင်း အမှန်ကို မသိချင်ယောင်ဆောင် အမှန်တရားကို လက်မခံလိုစိတ်ကြောင့် ဟိုးရှေးပဝေသဏီကတည်းက အတူတကွ လက် တွဲနေထိုင်လာခဲ့သော ရိုဟင်ဂျာလူမျိုးများအား ကြောက်စိတ်၊သံသယစိတ်ဖြင် ့ကြည့်ရှု မြင်ယောင် မိ သော ကြောင့် ဖြစ်သည်။

ဤနေရာတွင် Arakan ၏ မူလအစနှင့် ပတ်သက်၍ မငြင်းခုံလိုပါ…မည်သို့ပင် ဆိုစေ ကမ္ဘာမြေကြီး၏ အစိတ် အ ပိုင်း တစ်ခုသာဖြစ်သည်။အမှန်တရားကို လက်ခံရန် ပါမောက္ခ ပညာတက်ကြီးဖြစ်ရန်မလိုပါ။ ဗုဒ္ဓ၏ အဆုံးအ မ ကို တစ်သွေမတိန်း လိုက်နာသူ၊လူသားကောင်း တစ်ယောက်ဖြစ်လျှင် ဤအမှန်တရားကို လက်ခံရန် ခက်ခဲ မည်မ ဟုတ်ပါ။ုအချုပ်အားဖြင့် Arakan တွင် Rohingya လူမျိုးများ ရခိုင်လူမျိုးများထက် ရာစုနှစ်များစွာ စော၍ ရှိနေ သည်ကို သက်သေပြနိုင်လျှင် လုံလောက်သည်။


“တတိယစာပိုဒ်”

….ရခိုင်လူမျိုးများရှေး ပဝေသဏီကပင် နေထိုင်လာခဲ့သော ရခိုင်မြေကို လုယူလိုသူ ဘင်္ဂလီလူမျိုးတစ်စုသည် အကြမ်းဖက်နည်း၊အနုနညး၊၀ါဒဖြန့်ချီနည်း အစရှိသည့် နည်းပေါင်းစုံဖြင့် ကြိုးစားလာခဲ့သည်မှာ နှစ်ပေါင်းများ စွာ ကြာမြင်ခဲ့ပြီဖြစ်သည်။ ရခိုင်နာမည် ဖျောက်ဖျက်လိုသည့် ရည်ရွယ်ချက်ဖြင့်….အာရခိန်ပြည်ဟု ရေးသား မုှများပြုလုပ်လာကြပါသည်။

“ချေပချက်”

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်းဆောက်ရေးအဖွဲ့ လက်ထက်တွင် ထုတ်ဝေသော “သာသနာရောင်ဝါ ထွန်းစေ ဖို့” စာအုပ် စာမျက်နှာ ၆၅ အရ မူဆလင်များသည် နှစ်ပေါင်း ၁၀၀၀၊ ၁၂၀၀ ကျော်ကပင် အခြေချ နေထိုင်လာ ခဲ့သူ များဖြစ်သည်။ မည်သို့မည်ပုံရောက်ရှိ အခြေချနေထိုင်လာခဲ့သည် ကိုအားလုံးသောသမိုင်းပညာရှင်များ လက်ခံကြ သည် အတိုင်း အာရပ်ကုန်သည်များသည် ထိုအချိန်က ကုန်ကူးသန်းရောင်းဝယ်ရေးအတွက် ရခိုင် ကမ်းရိုးတန်း၊တနင်္သာရီကမ်းရိုးတန်းမှ တဆင့်် မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ ရောက်ရှိ အခြေချ ခဲ့သည်။

Arakan မြေမှာ ရှေးပဝေသဏီ ကတည်းက နေထိုင်လာခဲ့ကြတာ ရခိုင်တွေ စောသလား...? ရိုဟင်ဂျာတွေကစော သလား သမိုင်းအထောက်အထားနဲ့တင်ပြပါမည်။

၁၆ ရာစုတွင် ရေးသော “ဟာနီဖါ နှင့် ခိုင်ယာဖူရီ” စာအုပ်တွင် စာရေးဆရာ Shah Barid Khan က ယ္ခုမောင် တော ခရိုင်၊မောင်တောမြို့ လဘောစားရွာ(Arabshah Para) သို့ AD ၆၈၀-ခုနှစ်တွင် Mohammed Ali ၏သား Mohammed Hanif သည် Karbala စစ်ပွဲအပြီး သူ၏ ရဲဘော်ရဲဖက်များနှင့် ရောက်ရှိခဲ့သည်။ထိုအချိန်တွင် Queen ခိုင်ယာဖူရီသည် မေယုတောင်တန်း တလျှောက် လုယက်တိုက်ခိုက်မှုများ နှင့် အုုပ်စိုးနေချိန်ဖြစ်သည်။ Mohammed Hanif သည် ထို Queen ကို တိုက်ခိုက်သိမ်းယူပြီး လက်ထက်ယူခဲ့သည်။ထို့ကြောင့် Kaiyapuri နှင့်တကွ သူမ၏ အခြေအရံများသည် အစ္စလာမ်သာသာကို ခံယူပြီး အေးချမ်းစွာ နေထိုင်လာခဲ့သည်။ ယ္ခုထက် တိုင် ထိုမေယုတောင်ကြော တစ်ဝိုက်တွင် Hanifa Tonki နှင့် Kayapuri Tonki ဟူ၍ အထင်အရှား တွေ့မြင်နိုင် ပါသည်။ အချုပ်ဆိုရလျှင် ယနေ့ ရိုဟင်ဂျာ၏ မူလအစသည် ထိုဖြစ်ရပ်မှ မြစ်ဖျားခံလာသည်ဟု ဆိုနိုင်ပါသည်။

တစ်ဖန် အေဒီ (ရ၈၈-ခု )မဟာထိိုင် စန္ဒယား မင်းကြီးလက်ထပ်တွင် အာရပ်ကုန်သည် သင်္ဘောများ ရမ်းဗြဲကျွန်း အနီးတွင် ပျက်သွားရာမှ အကူအညီတောင်းလာသော အာရပ်များကို အာရ်ကန်၏ တစ်ခြားနေရာ မြို့ရွာများ တွင် နေရာချပေးခဲ့သည်။ ဤသည် မှာ ရိုဟင်ဂျာများ ရေးသော သမိုင်းအထောက်အထားများမှ ကောက် ယူ ခြင်းမ ဟုတ် (၁၉၅၇-ခုနှစ် နှင့် ၁၈၇၉-ခုနှစ်) တွင် ထုတ်ဝေခဲ့သော Burma Gazetteers(Akyab District) နှင့် British Burma Gazetteers တို့မှ ကောက်နုတ်ချက်ဖြစ်သည်။

အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ဝလီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ဤသည်များမှာ များစွာသော သ မို်င်း အထောက် အထားများမှ အချို့သာ ဖြစ်သည်။

သမိုင်းဆရာ Morris Collis ၏ အဆိုအရ တိဗက်-မြန်မာ အနွယ်ဝင်များသည် Arakan ကို India မှ ခွဲထုတ်၍ ဝေသာလီခေတ် နေထိုင်သူများနှင့် ရောထွေးသွားခဲ့ရာမှ Indo-Mongoloid ဟုခေါ်သော ရခိုင် လူမျိုးဖြစ်ပေါ် လာခဲ့သည်။ ဤအဖြစ်အပျက်မှာ( AD-၉၅၇) ခုနှစ်တွင် ဖြစ်ခဲ့သည်။

အထက်ပါ သမိုင်းထောက်အထားများကို ကြည့်ခြင်းအားဖြင့် Arakan တွင် ရှေးပဝေသဏီကပင် နေထိုင်လာခဲ့ ကြသူများမှာ ရခိုင်များလား…? ရိုဟင်ဂျာများလား…? ရခိုင် နှင့် ရိုဟင်ဂျာ နှစ်ခုစလုံးများလား ထင်ရှားစွာ သိ မြင် နိုင်ပါသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာကပင် ရခိုင်လူမျိုးများထက်စော၍ Arakan တွင် ရောက်ရှိ အခြေချ နေထိုင်လာ ခဲ့ သော ရိုဟင်ဂျာလူမျိုးများသည် မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်ကျက်စားရာ Arakan ကို Arakan ဟုသုံးခြင်း သည် အလွဲသုံးစားခြင်း မဟုတ်၊လုယူခြင်းလဲ မဟုတ်၊နာမည် ဖျောက်ဖျက်လိုခြင်းလဲ မဟုတ်ပါ။ ရက်စက်သော စစ် အစိုးရ အဆက်ဆက်၊အယူဝါဒ ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒီများ၏ ကိုယ်ကျိုးဖက်လူမဆန်ခြင်းကြောင့် လူသား အခြေခံအခွင့်အရေးများပါ နစ်နာဆုံးရှုံးခြင်း ခံနေကြရသော ရိုဟင်ဂျာ လူထုတစ်ရပ်လုံး၏ အ ခွင့်အရေး ကို ပြန်ရယူပြီး Sister Community ဖြစ်သော ရခိုင်လူမျိုးများ နှင့် အေးချမ်းစွာ နေထိုင်နိုင်ရန် မျက် မှောက်ခေတ် ၏ ဘောင်စည်းမျဉ်း၊စည်းကမ်း နှင့်အညီကြိုးစား ရုန်းကန်ခြင်းသာ ဖြစ်ပါသည်။

Arakan တွင် ဘိုးဘွား စဉ်ဆက်နေထိုင်လာခဲ့သော လူမျိုးများသည် အမိမြေကို Arakan ဟု သုံးနုံးလျှင် ဘယ် ဥပဒေကမှ အပြစ်ပေး အရေးယူ၍ မရပေ။ အယူဝါဒ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီများကြောင့် ထိုကဲ့သို့ မဟုတ် မမှန်ရေးသားပြီး တကမ္ဘာလုံးအား မျက်စိမှိတ်၊နားပိတ်ရန် ကြိုးစားနေကြ ခြင်းဖြစ်သည်။

“ဆဠမစာပိုဒ် “

ကမ္ဘာတစ်ဝှမ်းက ရခိုင်အမျိုးသားတို့ကို Arakanese ၊ ရခိုင်ပြည်ကို Arakan မြေပုံများတွင်လဲ Arakan ဟုသာ ယနေ့ထိ Arakan နှင့် Arakanese တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်၊ ဘဂါင်္လီလူမျိုးတစ်ခုသည် Arakan နှင့်ပက်သက်သော သမိုင်းများ၊စာအုပ်များကို လိမ်ညာ ဖြန့်ချီ….။

“ချေပချက်”

မည်သည့်် သမို်င်းဆရာကမျှ ရခိုင်အမျိုးသားတို့ကို Arakanese ဟူ၍ သုံးခဲ့သည်မရှိပါ။ Magh ဟူ၍သာ ရှိ သည်။ ရခိုင်သည် Magh ၏ updated version ဖြစ်သည်။ Arakanese ဟုဆိုလျှင် Arakan တွင်လူမျိုးအားလုံး ကို ဆိုလိုသည်။Hindu,Muslim,Buddist အားလုံးအကျုံးဝင်သည်။ မြေပုံတွင် Arakan ကိုသုံးခြင်းသည် မဆန်း ပါ…။Arakan ကိုသုံးခြင်းဖြင့် Arakan သည် ရခိုင်လူမျိုးအတွက်ချည်းသာ ဖြစ်မသွားပါ။ယခု အချိန်အထိ ကမ္ဘာ့ ပညာ ရှင် မည်သူကမှ Arakan နှင့် Arakanese တို့သည် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်သည်ဟု မှတ်ချက်မပေးပါ။ သိ လဲ မသိကြပါ။ရိုဟင်ဂျာ လူမျိုးများသည် မိမိတို့၏ သမိုင်းဖြစ်ရပ်အမှန်ကို ရေးခြင်းသာဖြစ်သည်။ဤသို့ ရေး ရာတွင်၊ဖြန့်ချီရာတွင် ရိုဟင်ဂျာမဟုတ်သော သမိုင်းဆရာများ၏ အမြင်နှင့် မဆန့််ကျင်ပါ…။

သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများ တွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အ နောက်ဘက် မေယုတောင်ကြားက ရိုဟင်ဂျာတွေဖြစ်တယ်။သူတို့ အဲဒီ ဒေသမှာ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ထောင်ကျော်ပြီလို့ပြောတယ်။ ပိုမိုသိလိုလျှင် ဒေါက်တာ သန်းထွန်း-Kalya Magazine p-27,1994,August ကို ကြည့်ပါ။ထိုကြောင့် ရိုဟင်ဂျာများသည် သမိုင်းကို လိမ်ညာဖြန့်ချီခြင်း မဟုတ် ရခိုင် လူမျိုးများသည်သာလျှင် ရိုဟင်ဂျာ၏ သမိုင်းဖြစ်ရပ်အမှန်ကို လက်မခံလိုခြင်းကြောင့် ဖြစ်ရပ်မှန်ကို လိမ်ညာ လှည်းစားခြင်းဖြစ်သည်။

“အဠမစာပိုဒ်”

ဘင်္ဂလီလူမျိုးတို့သည် တဖြည်းဖြည်း ရခိုင်လူမျိုးတို့၏ နေထိုင်ရဒေသ၊ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ၊ ဘဝ ရပ်တည်ရာ ဝမ်းစာရှာဖွေရေးလုပ်ငန်းများ၊ သဘာဝအရင်းအမြစ်များကို ၀ါးမျိုလာသည်မှာ ဒေသခံရခိုင် လူမျိုး များအဖို့ ဘဝရပ်တည်မူ မရနိုင်အောင် ဖြစ်လာနေပါပြီ…။ ရခိုင်လူမျိုးတို့၏ လူ့အခွင့်အရေးကို ကျူး ကျော် ချိုး ပေါက်ခံလာရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

“ချေပချက်”

အထက်ပါ မလိုတမာ ဝေဖန် ရေးသားမှုသည် တကယ်ဖြစ်ပျက်နေသာ Arakan ၏ ရိုဟင်ဂျာ ဖြစ်ရပ်ခံစားမူနှင့် လုံးဝဆန့်ကျင်နေသည်။ ရိုဟင်ဂျာလူမျိုးတို့ ဘိုးဘွားစဉ်ဆက်ကတည်းက ပိုင်ဆိုင် လုပ်ကိုင်လာသော လယ် ယာ မြေများ၊ ဥယျာဉ်ခြံမြေများကို သိမ်းပိုက် ၀ါးမျိုးနေသည်မှာ ဘင်္ဂလားမှ ဝင်လာသော ဘဂါင်္လီ ဗုဒ္ဓဘာသာဝင် လူမျိုးများ ၊ ရန်ကုန် အင်းစိန် ကျူးကျော် ရပ်ကွက်မှ နေရာချပေးသော ဗမာလူမျိုးများ နှင့်စစ်အစိုးရတို့ပင် ဖြစ် သည်။

၁၉၉၀ ခုနှစ် ဝန်းကျင်မှ စ၍ ရိုဟင်ဂျာ ပိုင်လယ်ယာမြေများ သိမ်းယူကာ တဘက်နိုင်ငံမှဝင်ရောက်လာ သော ဗုဒ္ဓ ဘာသာ မော့ဂ် များအတွက် အိမ်အသင့် လယ််အသင့် မြေအသင့် ရိုဟင်ဂျာများက တည်ဆောက်ပေးနေ ရသည်။ ဥပမာ မောင်တောမြို့ တောင်ပိုင်း နှင့် မြောက်ပိုင်းတွင် ထိုကဲ့သို့ စံပြ ကျေးရွာများကို တွေ့ရှိရမည်ဖြစ် သည်။မောင်တောမြို့၊မြို့မ ကညင်တန်းရှိ မူဆလင် ဘာသာရေး မောရ်ကောစ် ဗလီ ကျောင်းကြီးကို ဖျက်ဆီး၍ မီးသတ် တပ်ဖွဲ ဌါန အဖြစ်အသုံးပြုနေသည်။ ထိုဗလီကျောင်းကြီး၏ Mehrab ကို အိပ်သာအဖြစ် သုံးနေသည်။မောင်တော မြို့ အထက်တန်းကျောင်း အနောက်ဘက်ရှိ ရိုဟင်ဂျာ အိမ်ခြံများကို သိမ်းပိုက်ယူခဲ့သည်။ ဘူးသီး တောင်မြို့မှ မောင်တောမြို့သို့ အဝင်ဝတွင် ရှိသော ရိုဟင်ဂျာပိုင် လယ်မြေများကို သိမ်းယူပြီး ဘုရားတည်ခဲ့ သည်။ အလယ်သံ ကျော်မှ မြို့မ ကညင်တန်း အဝင်တွင် ဘင်္ဂလားဒေ့ချ် ဘုန်းကြီးကျောင်းတိုက်ကို ရိုဟင်ဂျာ တို့၏ လယ်မြေများပေါ် တွင် သိမ်းယူတည်ထောင်ခဲ့သည်။

တဖန် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်တည်ရှိရာ နေရာသည် ရိုဟင်ဂျာမူဆလင်တို့၏ အိမ်ခြံမြေဖြစ်သည်။ စစ် တွေမြို့မ ဗလီကြီး၏ မြောက်ဘက်တွင် မီးလောင်ရာမှ ဖျက်ဆီး သွားသော ရိုဟင်ဂျာပိုင် အိမ်ယာမြေများ ကို သိမ်း ယူပြီး လူမျိုး ရခိုင်များအတွက် ဆိုင်ခန်း၊ ယဉ်ကျေးမှုပြတိုက် စသည် တို့ကိုတည်းဆောက်ပေးခဲ့ သည်။

ထိုမှတစ်ပါး ၁၉၉၄-ခုနှစ်တွင် မင်းပြား နှင့် မြောက်ဦးမြို့နယ်များမှ ရိုဟင်ဂျာလူမျိုးများ၏ အိမ်ခြံမြေယာများကို သိမ်းယူးပြီး ထိုရိုဟင်ဂျာလူမျိုးများကို မောင်တောမြို့သို့ အိုးမဲ့အိမ်မဲ့ ဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုမိသား စုများ ကို ယ္ခုထက်တိုင် မောင်တောမြို့တောင်ပိုင်းရှိ ကျေးရွာများတွင် တွေ့နိုင်ပါသည်။

အထက်ပါ အချက်အလက်များသည် ခိုင်လုံသော အထောက်အထားများဖြစ်ပြီး အများစုထဲမှ အနည်းအကျဉ်း ကို တင်ပြခြင်းဖြစ်သည်။

အထက်ပါ တင်ပြချက်များကို ကြည့်ခြင်းအားဖြင့် လူအခွင့်အရေးချိုးဖောက်ခံရသူများမှာ ရခိုင်တွေလား ရိုဟင် ဂျာတွေလား သိသာနိုုင်ပါသည်။အစိုးရ နှင့် ရခိုင်လူမျိုးတို့၏ နေ့စဉ်မပြတ် ရက်စက် ချုပ်ချယ််မှုကို ခံနေရသူ များမှာ ရိုဟင်ဂျာများပင်ဖြစ်သည်။ ရိုဟင်ဂျာ တို့၏ နေထိုင်ရဒေသ၊ လယ်ယာမြေများ ဥယျာဉ်ခြံမြေ များ ကို သိမ်း ယူနေသူများမှာ ရခိုင်လူမျိုးများနှင့် စစ်အစိုးရတို့ပင်ဖြစ်ကြသည်။ ရိုဟင်ဂျာလူမျိုးတို့ ဘဝရပ်တည်မူ မ ရနိုင် အောင် ချုပ်ချယ် ကန့်သက် ဖိနှိပ် ရက်စက်နေသူ များမှာ ရခိုင်နှင့် စစ်အစိုးရတို့ပင် ဖြစ်ကြသည်။


“နောက်ဆုံး စာပိုဒ်”

ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများသည် ကမ္ဘာ့ ယဉ်ကျေးမှုပိုင် အဆောက်အအုံးများ ဖြစ်ပါသည်။ လူ ရမ်း ကား လူလိမ် ဘင်္ဂလီတစ်ချို့ကြောင့် ရခိုင်ပြည်ရှိ ဗုဒ္ဓသာသနာ အဆောက်အအုံးများသည် ပျောက်ကွ ယ်ရတော့မည်…။


“ချေပချက်”

ယခုမျက်မှောက်ကာလတွင် မည်သည့် ရခိုင်ဘာသာရေး အဆောက်အအုံးများကို တစ်ခြား ရခိုင်မဟုတ်သော လူ မျိုးများမှ ဖျက်ဆီးခြင်း မရှိပါ။ ရခိုင်လူမျိုးများ နှင့် စစ်အစိုးရ ပူးပေါင်း၍ ရိုဟင်ဂျာလူမျိုး အိစ္စလာမ်ဘာသာ ဝင်တို့ ၏ ဗလီကျောင်းများ၊သမိုင်းဝင်နေရာများကို ဖျက်ဆီးခြင်းများ၊သိမ်းပိုက်ခြင်းများ ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း (၅၀)ကျော်သွားပြီးဖြစ်သည်။

ဥပမာပြရလျှင် မောင်တောမြို့ မြို့မကညင်တန်းရှိ မေရ်ကောစ် ဗလီကြီး၊မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ ဗလီ ကျောင်း များ၊မြောက်ဦးမြို့ရှိ စန္ဒီခန် ဗလီကြီးများကို စစ်အစိုးရ အဆက်ဆက်က ပျက်စီးပြီး ရိုဟင်ဂျာ သမိုင်းဝင် အမှတ်အသားများကို တိမ်ကော မှေးမှိန် သွားအောင် ပြုလုပ်လျှက်ရှိနေသည်။ယ္ခု စစ်တွေမြို့ လောကနန္ဒာ ဘုရား တည်ရှိရာ နေရာသည်လည်း ရိုဟင်ဂျာမူဆလင်များ၏ အိမ်ယာမြေများ၊ ဗလီကျောင်းများကို ဖျက်ဆီး သိမ်းပိုက်ပြီး ဘုရားတည်ထားခြင်းဖြစ်သည်။

သမိုင်းဝင်သာသနာ့ အဆောက်အအိုများ ပျောက်ကွယ်အောင် ကြံစည်ဖန်တီးနေသူများမှာ ရခိုင်ပဲလား….စစ် အစိုးရ နဲ့ရခိုင်ပဲလား…. သိသာမြင်ရှုနိုင်ပေသည်။

ထို့ကြောင့် အနည်းဆုံး နှစ်ပေါင်း (၁၂၀၀) ခန့်ကပင် Arakan တွင်ရှိနေသော ရိုဟင်ဂျာများသည် Arakanese Rohingya ဟုမသုံးနှိင်လျှင် ရခိုင်များသည်လည်း Arakanese ဟုမသုံးနိုင်ပေ။ ရိုဟင်ဂျာ သည်ဘင်ဂါလီ ဖြစ် လျှင် ရခိုင်များသည် သမိုင်းအထောက်အထားများအရ ရိုဟင်ဂျာ ထက်စော၍ Indian ကုလားဘင်ဂါလီ ဖြစ် သည်။

အထက်ပါ အချက်အလက်များကို ထောက်ရှုခြင်း အားဖြင့် ရခိုင်တိုင်ရင်းသားများ တိုးတက်ရေးပါတီမှ ထုတ် ပြန် သော ကြေငြာချက်သည် အခြေအမြစ် မရှိ၊လူမျိုးရေး မုန်းတီးမူဝါဒီများ၏ လုပ်ရပ်သာဖြစ်ကြောင့် သက် သေပြ အပ်ပါသည်။



Sources:
Rohingyas are not British era settlers, summery of the facts from the Rohingyas of Arakan,AFK Jilani
A Short History of Rohingyas and Kamans of Burma, M.A Tahir Ba Tha (translated by A.F.K Jilani, edited by Mohd. Ashraf Alam)
ကိုယ်တွေ.ဖြစ်ရပ်များ



မျိုးချစ်မောင်


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */