Wednesday, December 4, 2019

အတိုင်ပင်ခံ ဘာကြောင့် ICJ သွားလဲ - ကန်ပါမောက္ခတဦး သုံးသပ်ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
02 ဒီဇင်ဘာ၊ 2019 
အင်ကြင်းနိုင်
 George Washington တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink 
 
မြန်မာတပ်မတော်ရဲ့ လုပ်ရပ်ကို ICJ နိုင်ငံတကာတရားရုံးမှာ အကာအကွယ်ပေးခြင်းအားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အထောက်အကူဖြစ်စေမလားလို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မျှော်လင့်ထားပုံရကြောင်း မြန်မာ့အရေးကျွမ်း ကျင်သူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။

အိုင်စီဂျေ တရားသူကြီးတွေ ဘယ်သူတွေလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
3 ဒီဇင်ဘာ 2019
 "ကျွန်ုပ်ကို ပေးအပ်ထားသော တာဝန်တွေ နဲ့ တရားသူကြီး အာဏာကို ရိုးသားဖြောင့်မတ်စွာ၊ သစ္စာရှိစွာ၊ ဘက်မလိုက်ဘဲ ကောင်းမွန်သေချာစွာ ထမ်းဆောင်ပါမယ်လို့ အလေးအနက် ကြေညာပါတယ်"

ဒါက ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးတွေ တရားရုံးမှာ ကျိန်ဆို ကြေညာရတဲ့ စကားပါ။

Going to the ICJ: Myanmar, Genocide and Aung San Suu Kyi’s Gamble

ICJ မှာ မြန်မာ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ (အပိုင်း ၁)

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
04 ဒီဇင်ဘာ၊ 2019
  ICJ တွင် အမှုရင်ဆိုင်နိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းခေါင်းဆောင်များ။

 
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုဖို့ လျှောက်ထားချက် ရဲ့သဘောသဘာ ဝက ဘာလဲ၊ မြန်မာနိုင်ငံ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ ဘယ်လောက်ရှိသလဲ၊ ဆိုတာတွေကို ခုတ ပတ် မြန်မာအရေးသုံးသပ်ချက်မှာ နိုင်ငံတကာ တက္ကသိုလ် အတော်များများမှာ နိုင်ငံတကာ ဥပဒေအပါ အဝင်၊ ဥပဒေဘာသာ ရပ်တွေကို ပို့ချခဲ့ဘူးတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် ထားပါတယ်။ ပထမဦးဆုံး Genocide စကားရပ်ရဲ့ ဥပဒေရှုထောင်က အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒေါက်တာ မြင့်ဇံက အခုလိုရှင်းပါတယ်။

ရခိုင်ပြသနာအတွက် နိုင်ငံတကာကို ဒေါ်စုဝေဖန်

VOA  
ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2016
ဦးကျော်ဇံသာ
  ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံမှာ Channel NewsAsia- CNA ရဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်း။ (MOFA) 
 
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု ဟာ ပြသနာ ပိုမိုကြီး ထွားစေတယ် လို့ မြန်မာနိုင်ငံတော်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အခြေအနေတွေကို မျှမျှတတရှုမြင်ကြဖို့လဲ တိုက်တွန်းလိုက်ပါတယ်။ Reuters သတင်းထောက်တွေဖြစ်ကြ တဲ့ Aradhana Aravindan နဲ့ Yimou Lee တို့ Singapore နိုင်ငံ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကပေးပို့တဲ့ သ တင်းလွှာကို ဦးကျော်ဇံသာ က တင်ပြပေးထားပါတယ်။

ICJ မှာ မြန်မာအတွက် ပါမောက္ခ Scahbas အကျိုးဆောင် မယ့် အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
မြန်မာနိုင်ငံအနောက်ဘက်မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေဟာ နိုင်ငံတကာဥပဒေ ချိုးဖောက် မှုမြောက်တယ်လို့ အစောဆုံးထောက်ပြခဲ့တဲ့ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ William Schabas က ICJ တရားရုံးမှာ မြန်မာအစိုးရရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အံ့သြသင့် စိတ်ပျက်ခဲ့ကြပါတယ်။

Tuesday, December 3, 2019

Bangladesh: Rohingya Children Denied Education


HUMAN
RIGHTS
WATCH
 



December 2, 2019
Unlawful Restrictions on Schooling Risk Creating a Lost Generation

(Bangkok) – The government of Bangladesh is blocking aid groups from providing any meaningful education to Rohingya children in refugee camps and banning the children from attending schools outside the camps, Human Rights Watch said in a report released today. The government should urgently lift the restrictions that unlawfully deprive almost 400,000 Rohingya refugee children of their right to education.

ICJ မှာ ရင်ဆိုင်ဖြေရှင်းမှုသည် အစိုးရမှ တာဝန်ယူ၊ တာဝန်ခံ မှုကို ပြခြင်းဟု ပြော

Network Media Group
သတင်းနှင့်မီဒီယာကွန်ယက်
December 2, 2019
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားရင်ဆိုင်ဖြေရှင်းရန်အတွက် အစိုးရ နှင့် တပ်မတော် ပူးပေါင်း လုပ် ဆောင်ခြင်း သည် အစိုးရမှ တာဝန်ယူ တာဝန်ခံ မှုကို ပြသခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီ အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆိုသည်။

ICJ တရားရုံး မှန်ကန်မျှတမှုရှိရန် မြန်မာမွတ်စလင် အမျိုး သားရေးရာအဖွဲ့ချုပ်ဌာနချုပ် တိုက်တွန်း

DVB
3 December 2019
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တ ရားရုံးအနေနဲ့ အမှုစစ်ဆေးရာမှာ မှန်ကန်မျှတပြီး မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ဖြစ်ထွန်းလာစေ လို တယ်လို့ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ်က ကြေညာပါတယ်။

ICJ အမူနှင့် ICC စုံစမ်းဖော်ထုတ်မှု ကိစ္စရပ်အပေါ် ကရင် အဖွဲ့အစည်း ၄၀ ကျော်က ထောက်ခံ ကြိုဆို

KIC
December 4, 2019

ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ တွင် မြန်မာနိုင်ငံရင်ဆိုင်သွားရမည့်အမှုနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး-ICC ၏ စုံစမ်းဖော်ထုတ်မှုအပေါ် ကမ္ဘာအနှံ့ရှိ ကရင်အဖွဲ့အစည်းပေါ်း ၄ဝကျော်မှ ကြိုဆိုထောက်ခံကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာကို ဆက်လက်ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နယ်သာလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား

ELEVEN 
3 DECEMBER 2019
REF: DHAKA TRIBUNE
ဒီဇင်ဘာ ၂ ရက်က မက်ဒရစ်မြို့၌ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ်ဆွေးနွေးပွဲ၌ ဟာစီနာနှင့် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်တို့ တွေ့ဆုံစဉ် (Photo: Dhaka Tribune) 

 ရိုဟင်ဂျာ မွတ်စလင်များကို ပြန်လည်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာကို ဆက်လက်ဖိ အားပေး ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။

ရိုဟင်ဂျာ ဒုက္ခသည်ကလေး လေးသိန်းဝန်းကျင် ပညာသင် ခွင့်ဆုံးရှုံးနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-03

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၃ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW သတင်းစာရှင်းလင်းစဉ်
Photo: Pimuk Rak/RFA 

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာ ကလေးငယ် လေးသိန်းလောက်ဟာ ပညာ သင်ယူခွင့် ပိတ်ပင်ခံထားရတာမို့၊ မျိုးဆက်တစ်ဆက်စာ ပညာရေးပြတ်လတ်မယ့်အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ICJ အမှုနဲ့ အငြင်းပွားဖွယ် ဒေါက်တာ William Schabas

နေမျိုးထွန်း
2019-12-02
                                  ပရော်ဖက်ဆာ ဒေါက်တာ ဝီလီယံရှဘတ်စ် William Schabas
                                                            Photo: William Schabas

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားပြီး လာမယ့် ဒီဇင်ဘာ ၁၀ ကနေ့ ၁၂ ရက်နေ့ အထိ နယ်သာ လန်နိုင်ငံ The Hague သဟိဂ်မြို့မှာ ကြားနာတော့မှာ ဖြစ်ပါတယ်။

အမှုရင်ဆိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးသွားမယ်လို့ နိုဝင်ဘာလ ကတည်းက အစိုးရဘက်က ကြေညာထားပေမယ့် ဘယ်ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ငှားရမ်းထား တယ် ဆိုတာ ဒီကနေ့ထိ လူသိရှင်ကြား ကြေညာခြင်းမရှိသေးပါ။

ICJ မှာ မြန်မာဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဘယ်သူလဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
03 ဒီဇင်ဘာ၊ 2019 
နိုင်ငံတကာဥပဒေ ပညာရှင် William Schabas  
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ် ချိုး ဖောက်မှု စွဲဆိုထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံ တကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်း လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။

မြန်မာအပေါ် ဖိအားပေးဖို့ နယ်သာလန်ကို ဘင်္ဂလားတိုက် တွန်း

VOA
 ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2019 
ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူရေး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က နယ်သာလန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထားအပေါ် ကန်နိုင်ငံခြား ရေးဝန်ကြီး အမြင်

VOA 

ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2019
မသိင်္ဂီထိုက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo
 
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်း ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူမ အနေနဲ့ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆို သွားပါတယ်။ အမေရိကန် ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ် Louisville တက္ကသိုလ် McConnell စင်တာ မှာ လုပ်တဲ့ အခမ်း အနားတွင်းမှာ တနလာၤနေ့က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

Monday, December 2, 2019

ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်ရေး နောက်ဆုံးအခြေ အနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
စုစု
02 ဒီဇင်ဘာ၊ 2019
  နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၀၂၊ ၂၀၁၇)

 ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက အစီအ စဉ် ဆွဲဆောင်ရွက်နေကြပေမယ့်လို့ နှစ်ဘက် သဘောတူညီချက် အစီအစဉ်အရ ပြန်လည်ဝင်ရောက်သူတွေ ဒီနေ့အထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြတဲ့ ဒုက္ခသည် အရေ အတွက်ကတော့ ၄၀၀ ကျော်လာပါပြီ။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ် သက် လို့ စုစု မေးမြန်းသတင်းပေးပို့ထားပါတယ်။

Key Rohingya Campaigners Face Abduction Threats

FARS NEWS AGENCY
Sun Dec 01, 2019
TEHRAN (FNA)- Two leading figures of the Rohingya campaign in Europe are fearing for their lives after calls for their abduction were circulated in a racist video message.

London-based Maung Zarni and Germany-based Nay San Lwin said they were targeted by Aye Ne Win, a businessman who allegedly financed the genocide against the ethnic group in Myanmar, Anadolu news agency reported.

Rohingyas: Hope At Last

INDIA LEGAL
By Prakash Bhandari in Dhaka
December 1, 2019



For the Rohingyas, the largely Muslim community living as stateless people in Myanmar for centuries and who have been facing rights abuses in their country of birth, there is hope yet. With the International Court of Justice (ICJ), the highest UN court and the International Criminal Court (ICC) approving a full investigation into Myanmar’s alleged crimes committed by the Myanmar military, the persecuted community now feels justice may not be long in coming.

မြန်မာအစိုးရက ICJ အမှုအတွက် ငှားထားတဲ့ရှေ့နေ William Schabas ဆိုတာ ဘယ်သူလဲ။

 မြန်မာအစိုးရက ICJ အမှုအတွက်ငှားထားတဲ့ရှေ့နေ William Schabas ဟာ   ၂၀၁၃ ခု အောက်တိုဘာလ (၃၀) ရက် တုံးက အာလ်ဂျာဇီးရား ရုပ်မြင်သံကြား သတင်းမှတ်တမ်း တွေ့ဆုံမေးမြန်းခန်းတစ်ရပ်တွင် ၄င်းကိုယ်တိုင် ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်ကြောင်း ပြောကြားခဲ့သည်။ အောက်ပါ ဗွီဒီယိုကို
ရှူစားကြည့်ကြပါ။


https://www.youtube.com/watch…
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */