Tuesday, December 3, 2019

ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာကို ဆက်လက်ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နယ်သာလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား

ELEVEN 
3 DECEMBER 2019
REF: DHAKA TRIBUNE
ဒီဇင်ဘာ ၂ ရက်က မက်ဒရစ်မြို့၌ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ်ဆွေးနွေးပွဲ၌ ဟာစီနာနှင့် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်တို့ တွေ့ဆုံစဉ် (Photo: Dhaka Tribune) 

 ရိုဟင်ဂျာ မွတ်စလင်များကို ပြန်လည်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာကို ဆက်လက်ဖိ အားပေး ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်က ဟာစီနာသည် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်၊ ဥရောပ ကောင်စီဥက္ကဌ ချားမီရှယ်တို့ နှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ပြုလုပ်နေသော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ် ဆွေး နွေးပွဲ၌ သီးခြားစီ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုနှစ်ရပ်အပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က သတင်းထောက် များနှင့် တွေ့ဆုံခဲ့သည်။

မိုမန်က “ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်တယ်။ သူတို့က ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူ မယ်လို့ အမြဲပြောပါတယ်။ သူတို့က ပြဿနာတွေ ဖန်တီးပြီး ဖြေရှင်းချက်တွေ ပေးပါ လိမ့် မယ်။ ဒါပေမဲ့ သူတို့အာဏာပိုင်တွေဟာ ရိုးသားမှု မရှိပါဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ အကူအညီလို အပ်ပါ တယ်”ဟု ဟာစီနာ၏ နယ်သာလန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုကို ကိုးကားလျက် ပြောကြား ခဲ့သည်။

တစ်သန်းကျော်သည့် ရိုဟင်ဂျာဒုက္ခသည်များအား နေရာပေးရန်အတွက် ကော့ဘဇားခရိုင်၏ တောင်ကုန်းဒေသ သည် ပတ်ဝန်းကျင်ဆိုင်ရာအရ ပြင်းထန်စွာ ရိုက်ခတ်ခံရမှုရှိကြောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေး ဒုက္ခ များအပြင် အခြားအန္တရာယ်များလည်း ကြီးထွားလာနေကြောင်း ဟာစီနာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဒုက္ခသည်များအတွက် နေထိုင်စရာများ ဖန်တီးပေးရန် တောင် ကုန်းထူ ထပ်သော ဒေသရှိ သစ်ပင်များကို ခုတ်လှဲပစ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များအား အန္တရာယ်လွတ်ကင်းသည့် နေထိုင်စရာများပေးရန်အတွက် ကောင်းမွန်သော အဆောက်အအုံများကို ပြင်ဆင်ခဲ့ပြီးနောက် ဘာရှန်ချားကျွန်း၌ ယာယီနေရာချထားပေး ရန် ကြိုးပမ်းနေသည်ဟုလည်း ဟာစီနာက ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်၌ ICJ ကြားနာမှုကို တက်ရောက်ရန်ကိစ္စနှင့်ပတ်သက်၍ ဟာစီနာက “ဒေါ်အောင်ဆန်း စုကြည်ဟာ သည်ဟိတ်မြို့မှာ ရှိပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် ဖိအားတ ချို့ပေးမှာဖြစ်ပြီး ဆက်ပြီးတော့ ပေးသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းတို့၏အသံကို မြှင့်တင်ခြင်း၊ နိုင်ငံရေးအထောက်အပံ့တိုးချဲ့ပေးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခ သည် ၁ ဒသမ ၂ သန်းကျော်အတွက် အရေးပေါ်အကူအညီ များထောက်ပံ့ပေးခြင်းတို့အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက နယ်သာလန်နိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ဟာစီနာက ပြောကြားခဲ့ သည်။

ဥရောပကောင်စီဥက္ကဋ္ဌ ချားမီရှယ်နှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂလား ဒေ့ရှ်သည် မြန်မာ နိုင်ငံနှင့် အပြန်အလှန်ဆွေးနွေးမှုများ အဆက် မပြတ်ပြုလုပ်နေကြောင်းလည်း ပြောကြား ခဲ့သည်။

“ဒါပေမဲ့ ပြဿနာက သူတို့အနေနဲ့ မြန်မာနိုင်ငံသားဖြစ်ခွင့် အာမခံချက် မရမချင်း ပြန်သွားကြမှာ မဟုတ်တာ ပါ ပဲ”ဟု ဟာစီနာ က ဆိုသည်။

ဥရောပကောင်စီဥက္ကဋ္ဌက ယခုအရေးကိစ္စ၌ တရုတ်နိုင်ငံ၏အခန်းကဏ္ဍနှင့်ပတ် သက်၍ မေးခွန်းထုတ် သည့် အခါ ရှိတ်ဟာစီနာက တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့အားလုံးသည် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံသင့်ကြောင်း သဘောတူကြသည်ဟု ဖြေကြားခဲ့သည်။

“ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ တွေက ရိုဟင်ဂျာတွေကို သူတို့ရဲ့မူရင်းဒေသ ဆီ ပြန်သွားဖို့လိုလားပြီး ကျွန်မတို့နဲ့အတူ သူတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဟာစီနာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတစ်ရပ်ကို လိုလားပြီး ယခုအကျပ်အတည်းနှင့်ပတ်သက်၍ ဖြေရှင်းမှုတစ်ရပ်ကို ရှာဖွေရန် အဆင့်တိုင်း၌ ဆက်သွယ်ကာ အဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုကို ပြ သ ခဲ့သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ရှိတ်ဟာစီနာ က ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ ဗိုလ်ချုပ်ကြီး (တပ်မတော်အကြီးအကဲ) က မြန်မာတပ်မတော်အကြီး အကဲနဲ့ တွေ့ဆုံသွား မှာဖြစ်ပါတယ်”ဟုလည်း ရှိတ်ဟာစီနာက ပြောကြားခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */