ဘီဘီစီ မြန်မာပိုင်း
3 ဒီဇင်ဘာ 2019
"ကျွန်ုပ်ကို ပေးအပ်ထားသော တာဝန်တွေ နဲ့ တရားသူကြီး အာဏာကို ရိုးသားဖြောင့်မတ်စွာ၊ သစ္စာရှိစွာ၊ ဘက်မလိုက်ဘဲ ကောင်းမွန်သေချာစွာ ထမ်းဆောင်ပါမယ်လို့ အလေးအနက် ကြေညာပါတယ်"
ဒါက ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးတွေ တရားရုံးမှာ ကျိန်ဆို ကြေညာရတဲ့ စကားပါ။

- ICJ မှာ မြန်မာအမှုဖွင့်ခံရမှု သိသင့်တဲ့ အချက် ၅ ချက်
- ဘင်္ဂလားဒေ့ရှ်ဘက်က ရှေ့နေလိုက်ဖူးတဲ့အဖွဲ့ ဂမ်ဘီယာဘက်က လိုက်မယ်
ဒီတရားသူကြီးတွေဟာ နိုင်ငံတကာ တရားရုံးမှာ တရားစီရင်တဲ့အခါ သူတို့နိုင်ငံတွေကို ကိုယ်စားမပြုဘဲ လွတ်လပ်တဲ့ တရားသူကြီးတွေ အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားသူကြီးတွေ ဟာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်း ပုံစံနဲ့ ကမ္ဘာ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပြဋ္ဌာန်းပေးတဲ့ တရားရုံးအနေနဲ့ ရပ်တည် ဆုံးဖြတ်ကြရမယ့် သူတွေ ဖြစ်ပါတယ်။
အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု အပေါ် မတားဆီးနိုင်ဘူး၊ ဂျီနိုဆိုက် ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို မလိုက်နာဘူးဆိုပြီး စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ စတင် ကြား နာ တော့မှာ ဖြစ်ပါတယ်။
ဒီတော့ သူတို့တွေဟာ ဘယ်သူတွေပါလဲ။ သူတို့ကို ဘယ်လို ခန့်ထားကြသလဲ။

တရားသူကြီးတွေက ဘယ်သူတွေလဲ
နိုင်ငံတကာ တရားရုံး အိုင်စီဂျေကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
လက်ရှိ ဥက္ကဌကတော့ ဆိုမာလီယာ နိုင်ငံသား အဘဒ်ဒူကာဝီ အာမက် ယူနွတ် ဖြစ်ပါတယ်။ သူက အိုင်စီဂျေ မှာ ဒုက္ကဋ္ဌ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ ဖူးပါတယ်။
သူဟာ မိခင် ဆိုမာလီ ဘာသာစကားအပါအဝင် ဘာသာစကား ငါးမျိုးတတ်ကျွမ်းသူ ဖြစ်ပါတယ်။
ဥက္ကဋ္ဌဟာ တရားရုံးရဲ့ အစည်းအဝေးတွေ အားလုံးကို တက်ရောက်ရပြီး လုပ်ငန်းတွေကို ဦးဆောင်ညွှန်ကြား ရပါတယ်။

တရားစီရင် ကြားနာမှုတွေ၊ အဆုံးအဖြတ်မဲတွေ ပေးစဉ် အဖွဲ့ဝင် တရားသူကြီးတွေရဲ့ မဲတွေ နှစ်ဖက် အညီ အမျှဖြစ်နေတဲ့အခါ ဥက္ကဋ္ဌက အဆုံးအဖြတ် မဲပေးရပါတယ်။
ဒီတရားသူကြီးတွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေက ဥပဒေပညာ ပါရဂူဘွဲ့ရတွေ၊ နိုင်ငံတကာ ဥပဒေ ပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ လုပ်ခဲ့သူတွေ၊ ဥပဒေကျောင်းတွေက ပါမောက္ခတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေရဲ့ ဥပဒေ ဆိုင်ရာ လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတွေ ဖြစ်ကြပါတယ်။
အိုင်စီဂျေ တရားသူကြီး အဖွဲ့မှာ အမျိုးသား ၁၂ ဦးနဲ့ ဒုက္ကဋ္ဌ အပါအဝင် အမျိုးသမီး သုံးဦး ပါဝင်ပါတယ်။
ဒုက္ကဋ္ဌကတော့ တရုတ်နိုင်ငံက ရွှဲ့ဟန်ချင်း ဖြစ်ပါတယ်။ သူကတော့ တရုတ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာ န မှာလည်း တာဝန် ထမ်းဆောင်ဖူး သူဖြစ်ပါတယ်။
ဥက္ကဋ္ဌနဲ့ ဒုက္ကဋ္ဌ တို့ကို အဖွဲ့ဝင် တရားသူကြီးတွေကပဲ လျှို့ဝှက်မဲပေး စနစ်နဲ့ သုံးနှစ် တစ်ကြိမ် ရွေးချယ်ပေး ပါတယ်။
ကျန်တဲ့ တရားသူကြီးတွေကတော့ ဆလိုဗက်ကီးယား၊ ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီး၊ အမေရိကန်၊ အီတလီ၊ ယူဂန်ဒါ၊ အိန္ဒိယ၊ ဂျမေကာ၊ သြစတြေးလျ၊ ရုရှား၊ လက်ဘနွန်နဲ့ ဂျပန် နိုင်ငံတို့က ဖြစ်ပါတယ်။
ဒီတရားရုံးရဲ့ ရုံးသုံးဘာသာစကားကတော့ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာပါ။

အိုင်စီဂျေ တရားသူကြီးတွေကို ဘယ်လို ရွေးချယ်ခန့်ထားသလဲ
အိုင်စီဂျေက တရားသူကြီးတွေကို ကိုးနှစ်သက်တမ်း ရွေးကောက်ခန့်ထားတာ ဖြစ်ပါတယ်။ သူတို့ကို ရွေး ချယ်ပေးလိုက်တာကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီတို့က ဖြစ်ပါတယ်။
အရွေးခံရဖို့ဆိုရင် ဒီအဖွဲ့အစည်း နှစ်ခုစလုံးကနေ မဲအများစုနဲ့ ရွေးချယ်ခံရဖို့ လိုပါတယ်။
ဒီတရားရုံးမှာ တရားသူကြီးတွေ ရွေးတဲ့အခါ တရားရုံး ပုံမှန် ဆက်တိုက် လည်ပတ်နေ နိုင်အောင်အတွက် တရားသူကြီး သုံးပုံ တစ်ပုံကို သုံးနှစ်တစ်ခါ ရွေးချယ်ပါတယ်။ တရားသူကြီးတွေဟာ နောက်တစ်ကြိမ်ထပ် ရွေးကောက်ခံခွင့်လည်း ရှိပါတယ်။
အရွေးချယ်ခံမယ့် တရားသူကြီးတွေဟာ ကိုယ့်ကျင့်တရား ကောင်းမွန်သူတွေ၊ သက်ဆိုင်ရာ နိုင်ငံတွေက တရားရေး လုပ်ငန်းတွေမှာ အဆင့်မြင့် တာဝန် ထမ်းဆောင်ဖူးသူတွေ နဲ့ နိုင်ငံတကာ ဥပဒေ ပညာကို နှံ့စပ် သူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် တရား သူကြီး အဖွဲ့မှာ တစ်နိုင်ငံတည်းက တရားသူကြီး နှစ်ယောက်ကို ခန့်ထားခွင့် မရှိပါဘူး။

သူတို့ လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ဖို့ အတွက်လည်း တရားသူကြီး တစ်ယောက်ယောက်ဟာ တာ ဝန် ထမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ တခြားအဖွဲ့ဝင် တရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ် တာ က လွဲလို့ ဘယ်တရားသူကြီးကိုမှ ရာထူးက ဖြုတ်ချပိုင်ခွင့်မရှိပါဘူး။
ဘယ်နိုင်ငံတွေက တရားသူကြီးတွေကို ရွေးသလဲ
အိုင်စီဂျေမှာ တရားသူကြီးတွေကို ပထဝီ အနေအထားအရ ခွဲခြားထားပြီး အာဖရိက နိုင်ငံတွေက တရားသူကြီး သုံးယောက်၊ လက်တင် အမေရိကားနဲ့ ကာရေဘီယန်နိုင်ငံတွေက နှစ်ယောက်၊ အာရှက သုံးယောက်၊ အနောက်ဥရောပနဲ့ အနောက်နိုင်ငံတွေက ငါးယောက်၊ အရှေ့ဥရောပက နှစ်ယောက် ထားရှိရမှာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံရယ်လို့ အတိအကျ နေရာတစ်နေရာ ပုံသေမပေးပေမဲ့ လက်တွေ့မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက တရားသူကြီးတွေ တစ်ယောက်စီ ပါဝင်ပါတယ်။
တရားစီရင်မှုတစ်ခုမှာ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက တရားသူကြီး တစ်ဦး မပါနိုင်ဘူးဆိုရင် အဲဒီ နိုင်ငံက ယာယီ အစားထိုး တရားသူကြီး တစ်ယောက်ကို ထားရှိနိုင်ပါတယ်။ ဒီတရားသူကြီးက တခြားနိုင်ငံဘယ်နိုင်ငံက တရားသူကြီးကို မဆိုခန့်ထားနိုင်ပြီး သူက တခြား အဖွဲ့ဝင် တရားသူကြီးတွေလိုပဲ အခွင့်ရေး အပြည့်အဝ ရရှိပါတယ်။
နိုင်ငံတကာက တရားသူကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီတရားရုံးဟာ တရားရေး ကိစ္စတွေအတွက် ကမ္ဘာ့ တ ရားရုံး အဖြစ် ထူးထူးခြားခြား ရပ်တည်နေတဲ့ အဖွဲ့အစည်းလို့ ဆိုပါတယ်။ သူရဲ့ အဆုံးအဖြတ်ပေးမှု၊ ထင် မြင်ယူဆမှုနဲ့ စည်းမျဉ်းအမိန့်တွေနဲ့ အဲဒီလို ရပ်တည်နေတယ်လို့ ဆိုပါတယ်။
အဲဒီတရားသူကြီးတွေဟာ ဒီတရားရုံးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပိုအားကောင်းအောင် လုပ်ဖို့ ဆိုတဲ့ တာဝန်ကို အောင်မြင်ဖို့ တာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။
Link : Here
No comments:
Post a Comment