Wednesday, December 4, 2019

ရခိုင်ပြသနာအတွက် နိုင်ငံတကာကို ဒေါ်စုဝေဖန်

VOA  
ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2016
ဦးကျော်ဇံသာ
  ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံမှာ Channel NewsAsia- CNA ရဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်း။ (MOFA) 
 
ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု ဟာ ပြသနာ ပိုမိုကြီး ထွားစေတယ် လို့ မြန်မာနိုင်ငံတော်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အခြေအနေတွေကို မျှမျှတတရှုမြင်ကြဖို့လဲ တိုက်တွန်းလိုက်ပါတယ်။ Reuters သတင်းထောက်တွေဖြစ်ကြ တဲ့ Aradhana Aravindan နဲ့ Yimou Lee တို့ Singapore နိုင်ငံ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကပေးပို့တဲ့ သ တင်းလွှာကို ဦးကျော်ဇံသာ က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နှိမ်နှင်းမှုကြောင့် လူပေါင်း (၈၀)ကျော် သေဆုံးပြီး ဘင်္ဂ လား ဒေ့ရှ်ဘက်ကို တသောင်းလောက် ထွက်ပြေးခဲ့ရတဲ့ ဗုဒ္ဓဘာသာ-မူဆလင် ပဋိပက္ခဖြစ်အောင် နိုင်ငံတကာအ သိုင်းအဝိုင်းက ဆွပေး သလိုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူမျိုးရေး အရှုပ်အထွေးကို နားလည်ကြဖို့လည်း မေတ္တာရပ်ခံလိုက်ပြီး စစ်တပ်ဟာ မူဆလင် သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်နေရ တယ် ဆိုတာ မမေ့သင့်ဘူးလို့ စင်ကာ ပူနိုင် ငံမှာ Channel NewsAsia- CNA ရဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

" လူ့အသိုင်းအဝိုင်းနှစ်ခုအကြား ဆက်ဆံရေးကောင်းမွန်အောင် ငြိမ်းချမ်း တည်ငြိမ်အောင် ကူညီမယ်ဆိုရင် ကျမအနေနဲ့ အထူးကျေးဇူးတင်နှစ်ခြိုက် မိမှာဖြစ်ပါတယ်။ ရဲစခန်းတွေကို ဝင်တိုက်ခဲ့တာတွေ ရှိခဲ့ပေမဲ့အခြေ အနေကို အဆိုးဘက်ကပဲ အလေးထားပြီး ပြောနေကြမယ် ဆိုရင်တော့ အကျိုးရှိလိမ့်မယ် မဟုတ်ပါဘူး။"

ဒီအနောက်မြောက်ဒေသ အကြမ်းဖက်မှုဟာ (၉)လသား ဒေါ်အောင်ဆန်းစုကြည် အစိုးရ အတွက် အကြီး မားဆုံး စိန်ခေါ်မှုဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင်ဟာ မြန်မာပြည်ထဲက ရိုဟင်ဂျာ မူဆ လင် လူနည်းစုကို ကူညီဖို့အတွက် ဘာမှ မလုပ်ဘူးဆိုပြီးတော့လည်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နေကြတာဖြစ်ပါတယ်။

အောက်တိုဘာလ ၉ရက်နေ့မှာ မြန်မာနယ်စပ်စခန်းတွေကို အတိုက်ခံရလို့ ရဲဝန်ထမ်း(၉)ဦး သေဆုံး ပြီး တဲ့နောက် စစ်တပ် ဝင်ရောက်လာပြီး အဲ့ဒီ့ဒေသဆီ စာနာမှု အထောက်အပံ့ ပို့ပေးနေတာကို ပိတ်ပင် လိုက် ပါတယ်။ ပြည်ပ အကဲခတ်တွေကို သွားလာခွင့်မပေးပဲ ထားခဲ့ပါတယ်။ စစ်သားတွေဟာ ရိုဟင်ဂျာ အမျိုး သမီးတွေကို မုဒိမ်းကျင့်တယ်။ နေအိမ်တွေကို မီးရှို့တယ်။ အရပ်သားတွေကို ပစ်သတ်တယ် ဆိုတဲ့ စွပ်စွဲ ချက်တွ ထွက်လာပါတယ်။ မြန်မာ စစ်ဘက်နဲ့ အစိုးရ ကတော့ ဒါကို လုံးဝငြင်းဆန်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီကဆိုရင် ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခဟာ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ ပြစ်မှုတရပ်တောင် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မြန်မာ ဗုဒ္ဓဘာသာဝင်အများစုက ဘင်္ဂလားဒေ့ရှ်ဘက်က ဥပဒေမဲ့ ဝင်လာသူတွေဖြစ်တယ်လို့ ယူဆထားကြတဲ့ ဒီရို ဟင်ဂျာ ဆိုသူတွေဟာ မြန်မာနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးထဲမှာ မပါဝင်ဘူး။

အဆင်းရဲဆုံးဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ သူတို့ဟာ ရခိုင်လူမျိုးတွေထက်တောင် လူဦးရေအားဖြင့် ပို များနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လူမျိုးတွေအတွက် စိုးရိမ်ဖွယ်ဖြစ်နေတယ်လို့ ဒေါ်အောင် ဆန်း စုကြည်က အခုလိုပြောသွားပါတယ်။

"ရခိုင်ပြည်နယ်မှာ မူဆလင်တွေပဲ စိုးရိမ်ထိတ်လန့်နေကြရတာမဟုတ်ပါဘူး။ ရခိုင်တွေလည်း စိုးရိမ် စိတ် နဲ့နေနေရတာပါ။ သူတို့ လူမျိုးဦးရေ နည်းပါး ကျဆင်းနေရတဲ့ ကိစ္စကို ရခိုင်တွေ စိုးရိမ်နေရပါတယ်။"

အခြေအနေကို ထိန်းနိုင်ဖို့၊ ငြိမ်သက်စေဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ရခိုင်ဒေသဟာ သူ့ အ စိုးရ တာဝန်စယူကတည်းက အထူး အလေးထားစောင့်ကြည့် ရတဲ့ ဒေသဖြစ်တယ်လို့ ဆိုပြီး ဒီပြသနာကို အဖြေရှာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ကိုဖီ အာ နန်က အဲ့ဒီ့မှာ လုံခြုံရေးဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ လုံခြုံရေးကြောင့် စာနာမှု အထောက် အပံ့ကို အနှောင့်အယှက် မဖြစ်စေ သင့်ဘူး။ လောလောဆယ် မှာတော့ ကူညီရေးအဖွဲ့တချို့ သွားခွင့် ရနေ ပြီဖြစ်ပြီး နောက်ပိုင်းမှာ ပိုသွားခွင့်ရမယ် လို့ မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါတယ် ။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */