George Washington တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink
မြန်မာတပ်မတော်ရဲ့ လုပ်ရပ်ကို ICJ နိုင်ငံတကာတရားရုံးမှာ အကာအကွယ်ပေးခြင်းအားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အထောက်အကူဖြစ်စေမလားလို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မျှော်လင့်ထားပုံရကြောင်း မြန်မာ့အရေးကျွမ်း ကျင်သူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ICJ တရားရုံးမှာ ကိုယ်တိုင်ခုခံချေပဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းတွေနဲ့ပတ်သက်လို့ George Washington တက္ကသိုလ် နိုင်ငံတကာရေးရာ ပါ မောက္ခ Christina Fink ရဲ့အမြင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။
“ICJ တရားရုံးမှာခုခံချေပမယ့်ကိစ္စကို သူသာလျှင် အကောင်းဆုံးလုပ်နိုင်မယ်၊ သူ့ရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့ အချက်နှစ်ချက်လုံးကို ဒေါ်အောင်ဆန်းစုကြည်က ခံယူထားပုံရပါတယ်။ ဒါထက်ကျော်လွန်ပြီး ကြည့်မယ်ဆို ရင်- တိုင်းပြည်ကို ကာကွယ်ဖို့ကြိုးပမ်းအားထုတ်နေတဲ့သူ၊ စစ်မှန်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တဦးဆိုတာကို ပြခြင်း အားဖြင့် ပြည်တွင်းမှာ သူ့အတွက် အကျိုးအမြတ်တွေ ရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပုံရပါတယ်။ ၂၀၂၀ပြည့်ရွေးကောက် ပွဲမှာ သူ့ပါတီအတွက် ထောက်ခံမှုတွေ ပိုပြီးရဖို့ သူ့အနေနဲ့ လုပ်ဆောင်ပေး နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါအပြင်တပ် မတော်ရဲ့ လုပ်ရပ်ကို ဒီအချိန်မှာ သူ့အနေနဲ့ အကာအကွယ်ပေး မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က အလျော့ပေးမှုတချို့ ရနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ပုံရပါတယ်။”
အင်ကြင်းနိုင်။ ။ ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမယ်ဆိုတဲ့နေရာမှာ တဖက်က တင်ထားတဲ့ စွဲချက်တွေအတွက် အထောက်အထားတွေဟာ ငြင်းဆန်လို့ မရနိုင်အောင်ရှိနေတယ်လို့ ပြော ထားတာဆိုတော့ သူ့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ခုခံခြေပမယ်လို့ မြင်ပါသလဲရှင့်။
Christina Fink ။ ။ တရားရုံးမှာ အမှုစွဲတင်ခံရတဲ့ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက မြင်ပုံနဲ့ မြန်မာ နိုင်ငံထဲက လူတွေ မြင်ပုံ အလွန်ကို ကွဲပြားခြားနားနေပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်နေတာက လူ့အခွင့်အရေးကို လေးစားဖို့ အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ချိန်မှာ တရားမျှတမှုရှိရေး ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူတွေကတော့ ဒီအခြေအနေကို တမျိုးမြင်နေတယ်လို့ ကျမထင်ပါတယ်။ အမှုကိုရင်ဆိုင်ရမှာ ဒေါ်အောင် ဆန်းစုကြည် နိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲ ဖြစ်ဖြစ် သူ့ရဲ့ တိုင်းပြည်ကို ကာကွယ်ပေးတဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာပြည်က လူတွေကတော့ လေးစားကြမှာဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ အဲတော့ ICJ ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့်ကိစ္စ ပြည်တွင်းမှာ လူထုထောက် ခံပွဲတွေ ပြုလုပ်နေတဲ့အပေါ် ဘယ်လို မြင်ပါလဲရှင့်။
Christina Fink ။ ။ မြန်မာကို အောင်မြင်တဲ့ နိုင်ငံတနိုင်ငံအဖြစ် လူတိုင်းကမြင်ချင်ကြပြီး စစ်တပ်အုပ်ချုပ်မှုအောက် ဆယ်စုနှစ်ပေါင်းများစွာနေခဲ့ရတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုအားလုံးကို တိုင်းပြည် အပြင်မှာရှိတဲ့ လူတွေဘက်ကလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တိုင်းပြည်ပြင်ပ နှင်ထုတ်ခံရ သူတွေဟာ လူသားတွေပဲဆိုတာကို အသိအမှတ်ပြုဖို့၊ အခြားလူသားတွေလိုပဲ ဂုဏ်သိက္ခာရှိရှိ လေးစား ဆက်ဆံ ထိုက်တဲ့သူတွေဖြစ်တယ်ဆိုတာကို မြန်မာပြည်ထဲက လူတချို့ လက်ခံဖို့ ခဲယဉ်းနေတာကို နိုင်ငံ တကာမှာရှိတဲ့ သူတွေက စိတ်ပျက်ကြတာပါ။
နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတော်အ တိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦး ဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီ ရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး စာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်ကြောင်း စွဲ ချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့် လျောက်ထားချက်ကို ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ အများပြည်သူ ရှေ့ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

No comments:
Post a Comment