ဗွီအိုအေ (မြန်မာဌာန)
03 ဒီဇင်ဘာ၊ 2019
ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူရေး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က နယ်သာလန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ICJ ရဲ့ ကြားနာမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံကို နောက်အ ပတ် လာရောက်တဲ့အခါ အဲဒီလို ဖိအားပေးလိုက်ပါလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကပြော ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က သတင်းထောက် တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Sheikh Hasina က သူ့နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတူ စပိန်နိုင်ငံ Madrid မြို့တော်မှာ ပြုလုပ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ ညီလာခံကို တက်ရောက်နေတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Sheikh Hasina က မြန်မာနိုင်ငံဟာ သူတို့ အိမ်နီးချင်းနိုင်ငံ မိတ်ဆွေနိုင်ငံဖြစ်တယ်၊ ဒါပေမယ့် ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူမယ်လို့ အမြဲပြောနေပေမယ့် ဒီအရေးမှာတော့ ရိုးစင်းမှုမရှိဘူး၊ နယ်သာ လန် နိုင်ငံလည်း ဝင်ရောက်ကူညီနိုင်တယ်လို့ စပိတ်နိုင်ငံမှာ ရောက်နေတဲ့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ကိုပြောခဲ့တယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BSS သတင်းဌာန Website စာမျက်နှာမှာ ဖော်ပြထား ပါ တယ်။ မြန်မာနိုင်ငံကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်းမရှိပါဘူး။

Link : Here
 
No comments:
Post a Comment