မြန်မာတိုင်းမ်အပတ်စဉ်
စစ်ထက်အောင်
21 NOV 2019
လွန်ခဲ့သောအပတ်က တရုတ်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ သန်းလှူဒါန်းပြီး အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က နေပြည်တော်ရှိ အဆင့်မြင့်အရာရှိများ သို့ထိုငွေကို လွှဲပြောင်းပေးနေသည့် ပုံကိုတွေ့ရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံတော်အတိုင်ပင် ခံရုံး က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်၏ (၇၄) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြအခမ်းအနား မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Thet Aung/AFP/ Getty Images
REF: AFP
19 နိုဝင်ဘာ 2019
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် လူမျိုးတုံးသတ် ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားမှုအား ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးရှေ့မှောက်၌ ဒီဇင်ဘာလ အတွင်း ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂခုံရုံးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မွတ်စလင်အများစု နေထိုင်သည့် အာဖရိကနိုင်ငံငယ်ကလေးဖြစ်သော ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အား ဘင်္ဂါလီများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရေးပေါ်တရားရုံးအမိန့်စာတစ်ရပ် ထုတ်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး အမှု၏ ပိုမိုကျယ်ပြန့်သည့်အပိုင်းကို ကိုင်တွယ်မည်လား ဟူသည်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ် ချရန်ကိုမူ ဆိုင်းငံ့ထားဆဲဖြစ်သည်။