VOA
ဗွီအိုအေ (မြန်မာဌာန)
20 နိုဝင်ဘာ၊ 2019
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင်ဖြေရှင်းသွားမယ့်အကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
20 နိုဝင်ဘာ၊ 2019
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင်ဖြေရှင်းသွားမယ့်အကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ မြန်မာနိုင်ငံအပေါ် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ICJ မှာ တရားစွဲဆိုထားတဲ့ အမှု ကို ရင်ဆိုင်ဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေကို ငှားရမ်းထားပြီး ဖြစ်ကြောင်းလည်းအတိုင် ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
နယ်သာလန်နိုင်ငံ the Hague မြို့က ICJ တရားရုံးကို စေလွှတ်မယ့် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြား ရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုထား ပါတယ်။
ဂမ်ဘီယာ နိုင်ငံကတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး ၁၉၄၈ ခုနှစ် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲချက်နဲ့ တရားစွဲခဲ့တာပါ။
ကုလသမဂ္ဂ တရားရုံးဖြစ်တဲ့ ICJ ကတော့ အမှုကို ရှေ့လ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်ကြားနာ စစ်ဆေး မှာဖြစ်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရင်တော့ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက အဖွဲ့ဝင် (၁၅)ဦးပါ ICJ တရားရုံးမှာ လျှောက်လဲချက် တင်သွင်းမှာဖြစ်ပြီး၊ နောက်တရက်မှာ မြန် မာဘက်က လျှောက်လဲရမှာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ နဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး၊ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment