ခင်မောင်စိုး
2019-11-20
၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office
Photo: Myanmar State Counsellor Office
မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့အတွက် နယ်သာလန်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးအကောင်း ဝေဖန်ချက်တချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်ခဲ့မှုတွေအတွက် ဂမ်းဘီယာနိုင်ငံက တ ရားစွဲခံနေရတဲ့ အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကိုယ်စား ရင်ဆိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရှိရာ နယ်သာလန်နိုင်ငံ သဟိဂ်မြို့ကို ဦးဆောင်သွားရောက်မယ်လို့ ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက် ပါတယ်။
ဒီအမှုအတွက် နိုင်ငံတကာ ဥပဒေပညာရှင်တွေကို ငှားရမ်းထားတယ်လို့လည်း မြန်မာအစိုးရရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ဒါဟာ တိုင်း ပြည် နဲ့ လူထုအတွက် နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ အမြင့်မားဆုံး နိုင်ငံရေးစွမ်းဆောင်ချက်ပဲလို့ RFA ကို ပြော ပါတယ်။
ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်မှာ အဆင့်မြင့်သုတေသန ပါမောက္ခအဖြစ် ပို့ချနေတဲ့ ဒေါက်တာ ဒေါ်ခင် မာမာကြည်က မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို နိုင်ငံတကာက ဂဃနဏ မသိကြသေးတဲ့အတွက် နားလည်မှုလွဲမှားနေတာတွေ အများအပြားရှိနေတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပညာရှင်တွေ အကူအညီနဲ့ အသေအချာ ပြင်ဆင်သွားပြီး ပကတိအခြေအ နေတွ ကို ရှင်းလင်းတင်ပြနိုင်ရင် ဒီ ခရီးစဉ်ဟာ အခက်အခဲ မဟုတ်ဘဲ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက်ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ လူမျိုးတုံးသက်ဖြတ်မှု ကျူးလွန်ခဲ့သူတွေကို ထိရောက်စွာ အရေးယူမယ့်အစား အခုလို သူကိုယ် တိုင်က ဦးဆောင်ပြီး ကာကွယ်မယ်ဆိုတဲ့အတွက် အံသြမိတယ်လို့ ဝေဖန်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လ်ဖောနီးယားပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ့အရေး စိတ်ဝင်စားသူ ဦးကျော် ဝဏ္ဍ ကတော့ အခုလို ဆုံးဖြတ်ခဲ့မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကထက် ပိုမိုလေးစားမိ တယ် လို့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင် ရွက် ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့တဲ့ အမှုကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြန်မာအစိုးရ ဖက်က လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။

L:ink : Here
No comments:
Post a Comment