B B C
ဘီဘီစီ မြန်မာပိုင်း
20 နိုဝင်ဘာ2019ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံ ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက် မယ် ဆိုပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂ဝ ရက်စွဲနဲ့ ကြေညာပါတယ်။
ICJ က ဒီဇင်ဘာလထဲ အမှုရုံးချိန်းရက်တွေ ထုတ်ပြန်လာခဲ့အပြီး ချက်ချင်းဆိုသလိုပဲ မြန်မာဘက်ကလည်း တုံ့ပြန်လာတာ ဖြစ်ပါတယ်။
ဂမ်ဘီယာရဲ့ တရားစွဲချက်ကို ICJ မှာ တုံ့ပြန်ရင်ဆိုင်ဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေကို လည်း ငှားရမ်းထားပြီး ဖြစ်တယ်လို့ မြန်မာဘက်က ထုတ်ပြောပါတယ်။
မြန်မာနိုင်ငံထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အတိုက်အခိုက် ခံခဲ့ရတာဟာ လူမျိုးတုံး သတ်ဖြတ်မှုထိ မြောက် နိုင် တယ်ဆိုတဲ့ နိုင်ငံတကာ စွဲချက်တွေ ရှိနေချိန်မှာ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာကို ICJ မှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရားစွဲ ခဲ့တာ ဖြစ်ပါတယ်။
- ICJ မှာ မြန်မာအမှုဖွင့်ခံရမှု သိသင့်တဲ့ အချက် ၅ ချက်
- မြန်မာအမှုရုံးချိန်းရက်တွေ ဒီဇင်ဘာထဲ ICJ သတ်မှတ်ပြီ
- အိုင်စီဂျေမှာ မြန်မာကို တရားစွဲရတဲ့အကြောင်း ဂမ်ဘီယာဝန်ကြီးနဲ့ ဘီဘီစီ အင်တာဗျူး
မြန်မာနိုင်ငံထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အတိုက်အခိုက် ခံခဲ့ရတာဟာ လူမျိုးတုံး သတ်ဖြတ်မှုထိ မြောက် နိုင် တယ်ဆိုတဲ့ နိုင်ငံတကာ စွဲချက်တွေ ရှိနေချိန်မှာ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာကို ICJ မှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရားစွဲ ခဲ့တာ ဖြစ်ပါတယ်။
ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးရေး၊ အပြစ်ပေးရေး ကုလသမဂ္ဂ ပဋိ ညာဉ် ကို မြန်မာက လက်မှတ်ထိုးထားပေမယ့်၊ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။
ဒါ့အပြင်၊ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ မြန်မာနိုင်ငံထဲ ချက်ချင်းရပ်ဖို့ အရေးပေါ် တားဆီးမိန့် တစ်ရပ် ICJ က ထုတ်ပြန်ပေးဖို့လည်း ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့ပါတယ်။
အဲဒီ အရေးပေါ် အမိန့် ထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေ ရဲ့ လျှောက် ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထား ပါတယ်။
အခု သဟေ့ဂ်မြို့ကို မြန်မာကိုယ်စားပြုတဲ့ အဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက်မယ် ဆို တာ အဲဒီ ဒီဇင်ဘာ ကြားနာပွဲတွေကို သွားမှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
- Universal Jurisdiction နဲ့ ဒေါ်အောင်ဆန်းစုကြည်
- ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ICC ခွင့်ပြု
- ICC ကိုရောက်ခဲ့ရင် ဥပဒေအရ ခုခံဖို့ ဘယ်လောက် ပြင်ထားလဲ
ဒါ့ကြောင့် ဒီ ကနဦး ကြားနာပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တက်ရောက်ဖို့ ဆုံးဖြတ်တာလို့ သူ့ အနေနဲ့ ရှုမြင်ကြောင်း ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
ဂျီနိုဆိုက် ကွန်ဗေးရှင်း ချိုးဖောက်မှု စွဲချက် ပင်မ အမှုကတော့ ICJ အနေနဲ့ အချိန်ယူစစ်ဆေးရဖွယ်ရှိပါ တယ်။
ဒီတော့ ရုံးချိန်း အခေါက်တိုင်းမှာဒေါ်အောင်ဆန်းစုကြည် သဟေ့ဂ်ကို သွားမှာလား ဆိုတာကတော့ မသေချာပါဘူး။
အခုလို ICJ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင် ဖြေရှင်းမယ်၊ သဟေ့ဂ်ကို ကိုယ်တိုင်သွားမယ် ဆိုတဲ့ အချက်တွေဟာ ရခိုင်မြောက်ပိုင်း အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန် မာ အစိုးရက ဘယ်လောက် အရေးတကြီး သဘောထား ကိုင်တွယ်နေသလဲ ဆိုတာကို ပြသနေတယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရေး ဆိုတဲ့ ချဉ်းကပ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်း စစ်ဆေးဖို့ ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် စစ်ဘက် ခေါင်းဆောင်တွေကို အာဂျင်တီးနားမှာ နာ မည်တပ် တရားစွဲတာမျိုးလည်း တပြိုင်တည်းမှာ ရှိနေပါတယ်။
အဲဒီ အမှုတွေကိုတော့ မြန်မာဘက်က တုံ့ပြန်စရာ မလိုဘူးလို့ သဘောထားပြီး၊ ICJ အမှုကိုတော့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်တာနဲ့ အညီ တုံ့ပြန် ဖြေရှင်းမယ်လို့ ဆိုထားနှင့်ပြီး ဖြစ်ပါတယ်။
ICJ အမှုကို ကြည့်ရင်လည်း ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက် ဆိုတဲ့ စွဲချက် အပေါ် အခြေခံ ထားတာ ဖြစ်ပါတယ်။
ဒီလို ကြီးလေးတဲ့ စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖြေရှင်းမယ် ဆိုတာဟာ နိုင်ငံတစ်ခုလုံးရဲ့ သိက္ခာ၊ နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ဆိုတဲ့ စိတ်စေတနာကို အများ သိနားလည်လိမ့်မယ်လို့ ဦးဟောက်ဒို ဆွမ်းကဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းဟာ အဖွဲ့အစည်း အုပ်စု တစ်ခုရဲ့ အကျိုးစီးပွားကို အကာအကွယ် ပြုပေး တာလို့ မရှုမြင်သင့်ဘူးလို့လည်း ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
ဘယ်သူမှ မနာတဲ့နည်း၊ အဓိက ပြည်သူမနာတဲ့ နည်းဖြစ်တဲ့ တပ်မတော် အပါအဝင် တိုင်းရင်းသား မျိုးနွယ်စု အသီး သီးကြား အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစားပေးလုပ်ဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ မူဝါဒ အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

Link : Here

No comments:
Post a Comment