" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 1, 2023

ရိုဟင်ဂျာအရေးလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး NUG ဒုဝန်ကြီးဖြစ်လာ

Delta News
July 1, 2023 

ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးဖြစ်သလို လက်ရှိ NUG အစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးတဦး လည်း ဖြစ်တဲ့ ဦးအောင်ကျော်မိုးကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒီကနေ့ ခန့်အပ်လိုက် ပါတယ်။

 ဦးအောင်ကျော်မိုးကို ဒုတိယဝန်ကြီးခန့်အပ်လိုက်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော် မတီ(CRPH)က ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ ခန့်အပ်တာဝန်ပေးလိုက်တာလို့ ထုတ်ပြန်ထားသလိုကာယ ကံရှင်ဖြစ်သူကလည်း အတည်ပြုထားပါတယ်။

အခုလို ဒုဝန်ကြးအဖြစ် ခန့်အပ်ခံရတာနဲ့ပတ်သက်လို့ “တိုင်းပြည်နှင့်ပြည်သူအတွက် အလုပ်ပိုလုပ်ခွင့်ရလို့ ဂုဏ် ယူမိပါတယ်”လို့ ဦးအောင်ကျော်မိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ NUG အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာ ဦးအောင်ကျော်မိုးဟာ ပထမဆုံး အစ္စ လာမ်ဘာသာဝင် ဝန်ကြီးတဦးဖြစ်လာသလို ရိုဟင်ဂျာ တဦးအနေနဲ့လည်း ပထမဆုံးဒုတိယဝန်ကြီးအဆင့်တာဝန် ပေးအပ်ခံရသူဖြစ်လာပါတယ်။

အာဏာမသိမ်းခင်ကတည်းက ရိုင်ဟင်ဂျာအရေးလှုပ်ရှားသူတဦးအဖြစ် လူသိများတဲ့ ဦးအောင်ကျော်မိုးကို အမျိုး သားညီညွတ်ရေး အစိုးရ NUG က ၂၀၂၁ခုနှစ် ဩဂုတ်လအတွင်း လူ့အခွင့်အရေးဝန်ကြီးဌာနအကြံပေး အ ဖြစ်စ တင်ခန့်အပ်ခဲ့တာပါ။

အခုလ ပထမပတ်အတွင်းကတော့ ရန်ကုန်မြို့၊သာကေတမြို့နယ်မှာနေထိုင်တဲ့ ဦးအောင်ကျော်မိုးရဲ့ အကိုရင်း ဖြစ် သူ ဦးသန်းမြင့်ဟာ အမည်မသိသူတွေလက်ချက်နဲ့ ဓားထိုးခံရကာသေဆုံးခဲ့ပြီး ဒီကနေ့အထိလည်း ကျူးလွန် သူ တွေကို ဖမ်းဆီးနိုင်တာမျိုးမရှိပါဘူး။

ဦးအောင်ကျော်မိုးကို လူ့အခွင့်အရေးဝန်ကြီးဌာနအကြံပေးအဖြစ် NUG က စတင်ခန့်အပ်ချိန်မှာ ဘင်္ဂလားဒေ့ ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုဆိုထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ကြဖူးပါတယ်။

ရိုဟင်ဂျာတဦးအဖြစ် ခံယူရပ်တည်တဲ့ ဦးအောင်ကျော်မိုးဟာ ရိုဟင်ဂျာအရေးအပြင် ရခိုင်ပြည်နယ်အတွင်းက လူမျိုးစုအသီးသီးရဲ့အရေးကိစ္စတွေ၊မတူကွဲပြားတဲ့ လူမျိုးစုတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နှစ် ကာလကြာရှည်ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်တယ်လို့ ရိုဟင်ဂျာအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အဲ့ဒီထုတ်ပြန် ချက် မှာဖော်ပြခဲ့ပါတယ်။

သူဟာ လူ့အခွင့်အရေးနဲ့ မတူညီတဲ့လူမျိုးစုတွေကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး လှုပ်ရှားဆောင်ရွက်မှု တွေအတွက် ဗြိတိန်၊ကနေဒါ၊ပြင်သစ်၊စတဲ့ နိုင်ငံတကာအစိုးရအဖွဲ့တွေ၊ ဥရောပသမဂ္ဂ၊ကုလသမဂ္ဂနဲ့တခြား နိုင်ငံ တ ကာအဖွဲ့အစည်းတချို့ကပေးတဲ့ ဆုတံဆိပ်တွေလည်း ရရှိထားသူဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ၊ထိုင်း၊အာဖကန်နစ္စတန်နဲ့ အာဖရိကတိုက်က လိုက်ဘေးရီးယားနိုင်ငံတွေမှာ ကုလသမဂ္ဂ လက် အောက်ခံ အဖွဲ့အစည်းတွေ၊နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အကြီးတန်းအရာရှိတဦးအဖြစ်ဆယ်စုနှစ်တခုကျော် ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလို့လည်းသိရပါတယ်။

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */