Friday, June 7, 2019

AA ကို ထိရောက်တဲ့စစ်ဆင်ရေးလုပ်ဖို့ သမ္မတရုံးက ညွှန်ကြားထား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-07
နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲခန်းမမှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်က AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ထိရောက်တဲ့ သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေး အ တွက် လိုအပ်တဲ့ အင်အားကို အသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါ အသုံးပြုဖို့ သမ္မတရုံးက တပ်မတော်ကက ကြည်းကို ညွှန်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါ တယ်။

သမ္မတ အိမ်တော် သတင်းစာရှင်းလင်းရေးခန်းမမှာ ဒီနေ့ ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ရခိုင် ပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဇော်ဌေး က အဲဒီလို ပြောကြားခဲ့တာပါ။

တဆက်တည်းမှာပဲ ဥပဒေနဲ့အညီဆောင်ရွက်ဖို့နဲ့ ဒေသခံအရပ်သားတွေနဲ့ပတ်သက်ရင် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေကို အထူးသတိထားဆောင်ရွက်ဖို့နဲ့ သတိကြီးကြီးထားဆောင်ရွက်ဖို့ သမ္မတရုံးက ညွှန် ကြား ထားတယ်လို့ သိရပါတယ်။

AA ရခိုင်အဖွဲ့အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခုနဲ့ တစ်ဖွဲ့ချင်းစီ Bi-lateral ခေါ် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့  ငြိမ်းချမ်း ရေး စာပွဲဝိုင်းတွေကတဆင့် NCA လမ်းကြောင်းပေါ်ရောက်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြော ပါတယ်။

ဒီနေ့ အချိန်အထိ အဲဒီ အဖွဲ့ လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံမယ့်နေရာကို သဘောမ တူနိုင်သေးပေမယ့် ဒီလအတွင်း တွေ့ဖြစ်အောင်ဆောင်ရွက်ဖို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုများတဲ့အပေါ် တပ်မတော်ဘက်ကလည်း ရှင်းလင်းပြောဆိုတာတွေရှိကြောင်းနဲ့ အရပ်သားနဲ့ AA အဖွဲ့တို့ ရောထွေးနေတဲ့ အခြေအနေတွေ အပါအဝင် ရှုပ်ထွေးနေ တဲ့ ကိစ္စတွေကို စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းထောက်တွေက ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားပေမယ့် ဖမ်းဆီးလို့ မရသေး တဲ့အပေါ် မေးမြန်းရာမှာ ရဲတပ်ဖွဲ့က ဦးဝီရသူ သွားလာနိုင်တဲ့ နေရာတွေကို လိုက်လံရှာဖွေနေတယ်လို့ ပြောပါတယ်။

အစိုးရက ဦးဝီရသူကို ဖမ်းဆီးတရားစွဲဆိုဖို့ ညွှန်ကြားခဲ့တာဟာ ရန်ကုန်မြို့မှာ ဟောပြောခဲ့တဲ့ အကြောင်း အရာတွေကို အခြေခံတယ်လို့သာ လက်တလောမှာ ပြောနိုင်သေးတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */