Friday, October 25, 2019

AA တပ်ချုပ်ညီမကိုဖမ်းတာ မန်းဖောက်ခွဲရေးကိစ္စနဲ့ ဆက် စပ် ဟု သမ္မတရုံး ပြော

လွတ်လပ်တဲ့ အာရှအသံ ( RFA ) 
သက်စုအောင်
2019-10-25
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကို တွေ့ရစဉ်
Photo: Arakan Army
 
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီမကို မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အတူ မိတဲ့ ခြောက်ဦးကိစ္စနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးရတာဖြစ်ပြီးတေ့ာ၊ ယောက်ဖဖြစ်သူကိုလည်း ထိုင်းဘက်က ပြည်နှင် ဒဏ်ပေးလို့ ဖမ်းဆီးရတာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောဆိုလိုက်ပါ တယ်။

နေပြည်တော်ကျင်းပတဲ့ ဒီကနေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေး မြန်းချက်ကို အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဦးဇော်ဌေးက AA စစ်ဦးစီးချုပ်ရဲ့ညီမက စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အမျိုးသားကတော့ တက္ကစီ မောင်းနှင် သူဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းကပြန်လာတဲ့ ကိုကျော်နိုင်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်စုံ စမ်း ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံကို သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ 
 
 
ထိုင်းနိုင်ငံဘက်က ပြည်နှဏ်ဒဏ်ပေးရခြင်း အကြောင်းအရင်းကိုတော့ ဦးဇော်ဌေးက ရက္ခိုင့်တပ်တော် AA ဟာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတာနဲ့ ဆက်စပ်တယ်လို့ ဆိုပါတယ်။ AA တပ်ချုပ်ရဲ့ ယောက် ဖဖြစ်သူဟာ ကျန်းမာရေးမကောင်းလို့ ထိုင်းနိုင်ငံမှာဆေးကုသပြီး အနားယူဖို့ ခေတ္တသွားနေတာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြီးခဲ့တဲ့အပတ်က ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကလည်း အခုဖမ်းဆီးခံရသူတွေဟာ အဖွဲ့အစည်းနဲ့ ဘာမှပတ်သက်ခြင်း မရှိဘူးလို့ ပြောဆိုထားပါတယ်။ ဒီကနေ့ သမ္မတ ရုံးပြောဆိုချက်နဲ့ပတ်သက်ပြီး ခိုင်သုခကို ဆက်သွယ်မေး မြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဆက်နွယ်သောသတင်းများ 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */