VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 ဧပြီ၊ 2019
25 ဧပြီ၊ 2019
ဖမ်းဆီးခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ရဲ့ အယူခံမှုကို ငြင်းပယ်ခဲ့တဲ့ မြန်မာနိုင်ငံ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြင်တင် ရှုုတ်ချခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ပြောကြားချက်မှာ မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက် ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းသမားတွေကို အကာအကွယ် ပေးရာမှာ ရေရှည် အကျိုး သက် ရောက် မှု ရှိစေမယ့် ဆိုးရွားတဲ့ အချက်ပြမှု တစ်ခုဖြစ်တယ်လို့ ပါရှိပါတယ်။
ဆက်လက်ပြီး မကြာသေးမီ ကာလအတွင်း မြန်မာနိုင်ငံမှာ သတင်းထောက် တချို့ ၊ လူမှုအဖွဲ့အစည်း အဖွဲ့ တချို့နဲ့ သံချပ် ထိုးသူ တချို့ ဖမ်းဆီး ခံရမှုအပေါ် အမေရိကန် ပြည်ထောင်စုက အလွန် စိုးရိမ်မိကြောင်း လည်း ပြောပါတယ်။
သတင်းထောက် နှစ်ဦးရဲ့ အယူခံမှုကို ငြင်းပယ်ခဲ့တဲ့ တရားလွှတ်တော်ချုပ် ကတော့ ဘာကြောင့် ငြင်းပယ် ရသလဲ ဆိုတာကို ထပ်မံပြီး အသေးစိတ် မပြောခဲ့ပါဘူး။
သူတို့ရဲ့ ရှေ့နေတွေကသူတို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းနဲ့ တရားစစ်ဆေးနေတဲ့အချိန်အတွင်း ဥပဒေ စိုးမိုးရေး အရာရှိ တစ်ဦးက စာရွက်စာတမ်းတွေကို သူက ပေးခဲ့တာ ဖြစ်ကြောင်း ထွက် ဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံ အပေါ် ဝေဖန်မှုတွေ များစွာ ဖြစ်ပေါ် ခဲ့ပါတယ်။

Link : Here
No comments:
Post a Comment