Friday, April 12, 2019

ICC ကို ကန်ပြည်ဝင်ခွင့် ငြင်းပယ်ဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
နိုင်ငံတကာ
12 ဧပြီ၊ 2019
ICC နိုင်ငံတကာ ပြစ်မူဆိုင်ရာခုံရုံး တရားသူကြီး Fatou Bensouda အနေနဲ့ တာဝန်စယူခဲ့တဲ့ ၂၀၁၂ ကနေ စပြီး ဆိုးဝါးမူတွေကြုံခဲ့တဲ့ မာလီ၊ ကိုလမ်ဘီယာနဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတွေကို အချိန်ပေးသွားရောက် ခဲ့ရပေမယ့်၊ မရောက်ဖို့များတဲ့ နိုင်ငံကတော့ အမေရိကန်ပါ။
အမေရိကန် တပ်သားတွေအနေနဲ့ အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မူ ကျူးလွန်တယ်လို့ စွပ်စွဲထားမူကို ICC နိုင်ငံ တကာခုံရုံးရှေ့နေတွေကနဦး စုံစမ်းစစ်ဆေးရာမှာ လွန်လွန်ကျူးကျူး မလုပ်ဖို့ အရင်လတွေတုန်းက အမေရိကန်ဖက်က သတိပေးခဲ့သလို ပြီးခဲ့တဲ့အပတ်က ထပ် သတိပေးလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ICC အနေနဲ့ အမေရိကန်ရဲ့ ဥပဒေကို တိုက်ခိုက်နေ တယ်လို့ စွပ်စွဲလိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအပေါ် ICC က ရဲ့ စုံစမ်းစစ်ဆေးမူနဲ့ ပတ်သက် သူ တွေကို ဗီဇာ ပိတ်ပင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က ကြေညာခဲ့ပြီး၊ ICC အနေနဲ့ အခုလမ်း ကြောင်း ကို ပြောင်းရင်ပြောင်း၊ မပြောင်းရင်တော့ နောက်ထပ် ပိတ်ဆို့ အရေးယူမူတွေ ထပ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ခုလို အမေရိကန်လုပ်ရပ်ကြောင့် နိုင်ငံတကာ တရားမျှတမူဖော်ဆောင်ရေးအပေါ် ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်မူတွေရှိနေပါတယ်၊ ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အာဏာရှင်ဆန်ဆန် ပြည်သူတွေအပေါ် ထိန်းမနိုင် သိမ်းမရ လူ့အခွင့်အရေးချိုးဖောက်နေတာကို နောက်ဆုံးလုပ်နိုင်တဲ့ ဒီ လုပ်ငန်းစဉ် အားနည်းသွားမှာကို စိုးရိမ်ကြတာပါ။

ဒါပေမဲ့ တချို့နိုင်ငံတွေအတွေက်တော့ ICC ကို ဆန့်ကျင်ရဲဖို့ တွန်းအားပိုဖြစ်စေနိုင်ပြီး၊ ခုလို အမေရိကန်က ခြိမ်းခြောက်တဲ့ တနေ့ထဲမှာပဲ၊ မလေးရှားနိုင်ငံကလဲ မွတ်ဆလင် လူထုဖိအားကြောင့် ICC ဝင်ဖို့ အရင်ပြင် ဆင်ခဲ့ တာကို နောက်ပြန်ဆုတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */