" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 2, 2023

တိုက်ပွဲပြန်စတဲ့ ပထမနေ့ ပါလက်စတိုင်းထိခိုက်သေဆုံးသူ များပြား

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ ဒီဇင်ဘာ၊ ၂၀၂၃ 

Palestinians gather at the site of an Israeli strike on a house, in Deir Al-Balah

အစ္စရေး နဲ့ ဟာမတ်စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးတဲ့ သောကြာနေ့မှာပဲ ဟာ မတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးက စစ်လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သီတင်းတပတ်ကြာ အပစ်ရပ်စဲမှု သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အစ္စရေးဘက်က ခုလို ပြန်လည် တိုက်ခိုက်တာမှာ ပါလက်စတိုင်း ၁၇၈ ဦး သေဆုံးပြီး ၅၈၉ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
အပစ်ရပ် သဘောတူညီမှု အဆုံးသတ်ပြီးတာနဲ့ အစ္စရေး လေတပ်၊ ရေတပ်နဲ့ မြေပြင်တပ်ဖွဲ့တွေဟာ သူ တို့အခေါ် အကြမ်းဖက်ပစ်မှတ်ပေါင်း ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာတောင်ပိုင်း Khan Younis အရပ်မှာ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်တာ ခံရပြီး ဒေသခံတွေ အ များအပြား အနောက်ဘက်ဒေသကို ဦးတည် ထွက်ပြေးခဲ့ကြတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ ရိုက်တာ သတင်းထောက်တွေက ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေ ဆိုးဆိုးရွားရွား ပိုပြီး ကြုံ လာရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မြေပြင်ထက်က ငရဲခန်း ဂါဇာမှာ ပြန်စပြီ − လို့ ဂျနီဗာ အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး ပြောခွင့်ရ Jens Laerke က ပြောပါတယ်။ အစ္စ ရေးဘက်က ပြန်စလာတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ် တွေ ထိခိုက် သေကြေရမယ့်အရေး ကုလသမဂ္ဂ အဖွဲ့တွေက သတိပေးနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */