Friday, June 12, 2020

ရိုဟင်ဂျာဒုက္ခသည်လှေတစီး ပင်လယ်အတွင်း လေးလ လောက်လောက် မျောနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
12 June 2020
မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသူ ရိုဟင်ဂျာ သုံးရာလောက်ပါလာတဲ့ လှေတစီးကို မလေးရှား ကမ်း ခြေစောင့် ကင်းလှည့်ရေယာဉ်တွေက အဝင်မခံဘဲ ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်ရတဲ့အတွက် အဝင်မခံတာဖြစ်တယ်လို့ မလေးရှားအရာရှိတဦးက ကြာသပတေးနေ့က ပြောပါတယ်။

အဲဒီလှေဟာ ပင်လယ်ပြင်မှာ သုံးလေးလကြာ ရှိနေခဲ့ပြီး၊ မလေးရှားရေပိုင်နက်ကို ဝင်ဖို့ အကြိမ်ကြိမ် ကြိုး စားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ထွက်လာသူတွေရှိသလို၊ ဘင်္ဂ လားဒေ့ရှ် ဒုက္ခ သည်စခန်းတွေကနေ ထွက်လာသူတွေလည်း ပါဝင်ပါတယ်။

အဲဒီ ဒုက္ခဿည်တွေဟာ လူ ၂၆၉ ဦးပါ တခြား လှေစီးဒုက္ခသည်တွေနဲ့ တဖွဲ့တည်းဖြစ်နိုင်တယ်လို့ မလေးရှား အာ ဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ပထမအဖွဲ့ကိုတော့ သူတို့လိုက်ပါလာတဲ့လှေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေတဲ့အတွက် တနင်္လာနေ့က ကမ်းကပ်ခွင့်ပြုခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီလှေနှစ်စီးဟာ မူလက ဘင်္ဂလားဒေ့ရှ်ကနေ အတူတကွ ထွက်လာ ခဲ့ကြပြီး၊ နောက်ပိုင်း နှစ်စီး ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */