လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.24
■ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းမှာ ဗီယက်နမ်နိုင်ငံအနေနဲ့ ပိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင် လှုပ် ရှားဖို့ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က တိုက်တွန်းလိုက်တဲ့အကြောင်း FMT မလေးရှားသတင်း မှာ မနေ့က ဖော်ပြထားပါတယ်။
ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ မလေးရှားဝန်ကြီးချုပ်တို့ မနေ့တုန်းက တယ်လီဖုန်းကတဆင့် စကားပြောကြပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေးကို ထည့်သွင်းပြောဆိုခဲ့တာလို့ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin ကသူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြပါတယ်။ အခုနှစ်မှာ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ကျတဲ့ ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ကူညီရေးမှာ မလေးရှားနိုင်ငံကိုပါ ထိခိုက်နေတဲ့ ရိုဟင် ဂျာ ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ပိုကြီးမားတဲ့အခန်းကဏ္ဍကနေ လှုပ်ရှားပြောဆိုဖို့ အကြံပြု တိုက်တွန်းခဲ့ တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေ အတွက် မလေးရှားဟာ ဦးတည်ရာနိုင်ငံတခုအဖြစ် ရှိနေခဲ့တာကြာပါပြီ။
အခုလဆန်းပိုင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် လှေတစီး မလေး ရှား နိုင်ငံကို ရောက်လာခဲ့ပြီး ဒီလှေကို ပြုပြင်ပြီးရင် ပင်လယ်ထဲကို ပြန်လွှတ်မယ်လို့ မလေးရှားနိုင်ငံက ပြီးခဲ့ တဲ့အပတ်ကပဲ ပြောထားတယ်လို့ FMT သတင်းမှာ ဖော်ပြထားပါတယ်။
FB
No comments:
Post a Comment