ရန်ကုန်ခေတ်သစ်
၀၁ ဒီဇင်ဘာလ ၂၀၂၄
"စစ်ကောင်စီက ICC ကို အသိအမှတ်မပြုဘူးလို့ ဆိုထားတော့ ဖမ်း၀ရမ်းက ၁ လ၊ ၂ လအတွင်း ထွက်လာနိုင်တယ်။ ဖမ်း၀ရမ်းထွက်လာရင် အာဏာကို ဆက်ကိုင်ထားဖို့ လည်းခက်မှာပဲ။ အမှု မရင်ဆိုင်ဘူးဆိုရင် တစ်သက်လုံး ၀ရမ်းပြေးဘ၀ဖြစ်မှာပေါ့။ ဖမ်း၀ရမ်းထွက်လာရင်တော့ ဘယ်နိုင်ငံမှ မသွားရဲတော့ဘဲအခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်။ ၀ရမ်းပြေးကို ခေါင်း ဆောင်အဖြစ် ဆက်ထားဖို့လည်းခက်မှာပဲ"
ရခိုင်ပြည်မှ ရိုဟင်ဂျာတွေနဲ့ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတာကြောင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့လျှောက်ထားလိုက်ပါတယ်။ အဲဒီလို ICC က ဖမ်း၀ရမ်းထုတ်မယ့် အာရှမှ စစ်ခေါင်းဆောင် တစ်ဦးဖြစ်လာမယ့် မင်းအောင်လှိုင်အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်၍ Free Rohingya Coalition ရဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
Link : Here
No comments:
Post a Comment