RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.03.11
နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က Crime Against Humanity ဆိုတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့အလိုရှိနေတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက် အင်္ဂါနေ့က ဟောင်ကောင်ကနေအပြန် မနီလာမြို့လေဆိပ်မှာဖမ်းပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပါတယ်။ ICC ထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။
"ဒူတာတေး အဖမ်းခံရတာ မြန်မာစစ်ခေါင်းဆောင်ကို သတိပေးချက် ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်"သမ္မတဟောင်း ဒူတာတေးဟာ ဒါဗိုစ်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာရော သမ္မတအဖြစ် တာဝန်ယူနေတဲ့အချိန်မှာပါ မူးယစ်ဆေးနှိမ်နင်းရေး စီမံချက်တွေကို ဆောင်ရွက်ရာမှာ သံသယရှိသူတွေကို တရားစီရင်စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုအဖြစ်၂၀၁၈ ခုနှစ်ကတည်းက ICC က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
-
တရားမစီရင်ဘဲ သတ်ဖြတ်မှုတွေကျူးလွန်ဖို့ အမိန့်ပေးခဲ့တာမရှိဘူးလို့ ဒူတာတေး ငြင်းဆိုတာတွေကိုလည်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒူတာတေးလိုပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုလည်း လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်ကျူးလွန်မှုတွေနဲ့ ICC တရားရုံးက စွဲချက်တင်ထားပါတယ်။
ဒါကြောင့် ဒူတာတေး အဖမ်းခံရတာကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေအတွက် ပြေးမလွတ်ဘူးဆိုတာ ပြသနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ခေါင်းဆောင်တွေကို ပြောချင်တာက၊ ICC ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကို ထောက်ခံထားတယ်။ ဖမ်းဝရမ်းထုတ်ပြီးရင် သူ့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ကလည်း ဖမ်းဖို့ တာဝန်ရှိသွားတယ်။ အဲတော့ ဘာကို ပြနေသလဲဆိုတော့ တရားဥပဒေအရ အရေးယူတဲ့ဟာကို ရင်ဆိုင်ဖို့ ဘယ်လိုမှ ရှောင်ပြေးလို့မရဘူးဆိုတာ သူတို့ သတိမူဖို့ လိုလိမ့်မယ်။ အရင်တုန်းကလည်း ယူဂိုဆလားဗီးယား ခေါင်းဆောင်ဟောင်းတွေကို ICC တရားရုံးကနေ ဖမ်းဝရမ်းထုတ်တာ၊ ကိုဆိုဗို ကိစ္စတွေမှာ အချိန်အတိုင်းအတာ တစ်ခုမှာ သူတို့တွေ တရားရုံးမှာ ရင် ဆိုင်ရတဲ့ အနေအထားရောက်တယ်ဆိုတာ တွေ့ရှိနိုင်တယ်”
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန် (Karim AA Khan) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ICC တရားရုံးကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment