စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များရောက်လာစဉ် ( Photo: BGB )
ဘင်္ဂလားပယ်လယ်အော်တွင်းက စိန့်မာတင် ကျွန်းငယ်လေးကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ရေး တင်း မာမှုတွေ ဖြစ်နေတာပါ။ တပ်ဖွဲ့တွေ ချထားမှုက နယ်စပ်လုံခြုံရေးနဲ့ မူးယစ်မှောင်ခိုမှုတွေ တိုက်ဖျက်ရေးအတွက် ပုံမှန် ဆောင်ရွက်ချက် ဖြစ်တယ်လို့ နယ်ခြားစောင့်တပ်က ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေရှ့်ဘက်က အခုလို တပ်ချတာဟာဆိုရင် ၁၉၉၇ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်တယ် လို့ နယ်ခြားစောင့်တပ်ရဲ့ ဒုတိယ ဗိုလ်မှူးကြီး Sarker Mohammad Mustafizur Rahman က AFP သတင်းအေဂျင်စီကို ပြောပါတယ်။
မြန်မာနိုင်ငံ မြေပုံတချို့မှာ စိန့်မာတင်ကျွန်းကို ထည့်သွင်းထားမှုနဲ့ ပတ်သက်ပြီး ဒါကာက မြန်မာသံ အမတ်ကြီးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီးနောက် ၂ လ အကြာမှာ အခုလို တပ်ချတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရ ဝက်ဘ်ဆိုက် တခုမှာ စိန့်မာတင် ကျွန်းကို မြန်မာပိုင်နက်ထဲ ထည့်သွင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလတုန်းကလည်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခံခဲ့ရ ပါ တယ်။

Link : Here
No comments:
Post a Comment