Monday, May 4, 2020

ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ ၂ ဦး ဒဏ်ရာရ

ဧရာဝတီ
Byသီဟလွင် 
3 May 2020
မောင်တောရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ / သော်ဟိန်းထက် / ဧရာဝတီ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ယမန်
နေ့ မေလ ၂ ရက် နေ့က ARSA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်သောကြောင့် ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးတလျှောက် ကင်းလှည့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ နယ်ခြားမှတ် တိုင်၊ ဘီပီ ၄၁ ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ သို့ ရောက်ရှိစဉ် ARSA အဖွဲ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက် ခြမ်းမှ ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်စစ်ကြောင်းကပါ စစ်ကူပေးပြီး ပြန် လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ARSA အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ARSA အနေနဲ့က အရင်ကပြောထားတာအတိုင်းပဲ၊ ဒီလအတွင်းမှာတော့ ICJ မှာ အစီအရင်ခံစာ တင်ရမှာ ဖြစ် တဲ့အတွက် အစီအရင်ခံစာ မတင်ခင်ကာလအတွင်းမှာ လှုပ်ရှားမှု ပိုများလာတာကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ဧပြီလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ခမောင်းဆိပ်ကျေးရွာအနီးတွင် ARSA အဖွဲ့၏ ယာယီစခန်းချရာနေရာ မှ ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၅ ရက်နေ့ကလည်း အောင်ဇူနယ်မြေရုံးမှ အရေးကြီးလုပ်ငန်းစာရွက်များ ပေးပို့သော ရဲတပ်ဖွဲ့ဝင်များ ကို ARSA အဖွဲ့က ချောင်းမြောင်းပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရသေးသည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း နယ်ခြားမှတ်တိုင် ဘီပီ ၄၁ ၏ မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် ARSA အဖွဲ့ဝင် ၂ ဦးကို လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ARSA အဖွဲ့ က ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်စစ်ဆင်ရာ တွင် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးပြုန်းတီးစေမှု) စွပ်စွဲချက်ကြောင့်အပြည်ပြည် ဆိုင်ရာ တ ရားရုံး (ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ က မြန်မာနိုင်ငံကိုယ်စား သွားရောက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။

မြန်မာနှင့် ဂမ်ဘီယာ၏ နှစ်ဘက်လျှောက်လဲချက်များကို နားထောင်ပြီးနောက် ICJ က အချက် ၄ ချက်ပါဝင် သော ကြား ဖြတ်အမိန့်တခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့ရာ ယခုမေလအတွင်း မြန်မာနိုင်ငံက အစီ အရင်ခံစာတခု တင်သွင်းရမည် ဖြစ်သည်။

အဆိုပါ အချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်သော လူမျိုးပြုန်းတီးစေမှု တားဆီး ရေးဆိုင်ရာ နိုင် ငံတကာ သဘောတူညီချက်တွင် ပြဌာန်းထားသည့် အပိုဒ်တချို့မှ အချက်အလက်များ အပါ အ ဝင် သက်သေ အထောက် အထားများ မဖျက်ဆီးရန်နှင့် လေးလအတွင်း အစီအရင်ခံစာတင်ရမည့် အ ချက်အလက်များ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက်ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မ
တော် အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူး လွန်စေရန် အစီအမံ များ ဆောင်ရွက်ရန် အချက်များလည်းပါဝင်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */