လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
3 May 2020 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာကင်းလှည့်နေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကို မေလ ၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ၊ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်လို့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား တစ် ဦး ဒဏ်ရာ ရသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော် မင်း ထွန်းက RFA ကိုပြောပါတယ်။

နယ်ခြားမှတ်တိုင် ၄၁ အနားမှာ ARSA အဖွဲ့ဟာ ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်း နှစ်နိုင်ငံခြားထားတဲ့ ခြံစည်းရိုးတစ် ဘက်ကနေ ခြုံခိုတိုက်ခိုက်တာလို့ သူကပြောပါတယ်။ တိုက်ပွဲဟာ ၁၀ မိနစ်လောက်ကြာခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စစ်ကူသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ARSA ဘက်ကအရည်အ တွက်ကို မသိရသလို၊ ARSA အဖွဲ့ဟုတ်မဟုတ်ကိုလည်း အဆက်အသွယ် ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ အရင်ကလည်း ARSA ဘက်က ထောင်တဲ့ဗုံးကြောင့် ဒုရဲမှူးကြီး တစ် ဦးနဲ့ ရဲတချို့ ကျဆုံးခဲ့ရတာရှိပြီး အဲဒီနယ်မြေအတွင်းမှာရှိတဲ့ ခမောင်းဆိပ်ကို စာသွားပို့တဲ့ ရဲတပ်သား တွ ကို တိုက်ခိုက်လို့ တပ်သားတစ်ဦး ကျဆုံးတာလည်းရှိခဲ့ဖူးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါ တယ်။
RFA Burmese
RFA Burmese
FB Link : Here
No comments:
Post a Comment