DVB
By ဒီဗွီဘီ
19 March 2019
By ဒီဗွီဘီ
19 March 2019
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေ ဟင်အောင်တို့တို ဒီကနေ့ မတ်လ ၁၉ ရက်မနက်မှာ စစ်တွေခရိုင်တရားက ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ် လိုက်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂နဲ့ ထောင်ဒဏ် ၂၀နှစ်စီနဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် စီတပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်လိုက်တာပါ။သူတို့နှစ်ဦးကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟော ပြောပွဲနဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲခဲ့ တာဖြစ်ပြီး မူလက စွဲဆိုထားတဲ့ပုဒ်မတွေထဲက မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ကိုတော့ ပယ်ဖျက်ပေးခဲ့ပါတယ်။
သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
Link : Here
No comments:
Post a Comment