" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 24, 2022

မင်းလှမြို့နယ်တွင် ရိုဟင်ဂျာ(၄)ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

The Arakan Express News
စက်တင်ဘာ ၂၄ ၊ AEN
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က ခရီးသွား ရိုဟင်ဂျာ အမျိုးသား (၄)ဦး ဖမ်းဆီးခံရပြီး၊ လဝက ဥပဒေအရ ပြစ်မှုထင်ရှားသည် ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခံရကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေထိုင်ကြသည့် ဘော်ရှော်၊ ကဟူရာမက်၊ ပါညာနှင့် နာစင်းတို့ (၄)ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ရခိုင်ပြည်နယ်မှ ပွဲစားများ၏ အစီအစဉ်ဖြင့် အဆင့်ဆင့် ရေလမ်း၊ ကုန်လမ်းနှင့် ထွက်ခွာလာရာ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်၊ ပရဆိုင်ကျေးရွာ၏ အနောက်ဘက်တောစပ်တွင် တည်းခိုနေစဉ် လူကုန်ကူးပွဲစားအဖွဲ့က ၎င်းတို့အား စွန့်ပစ်သွားခဲ့ကြောင်း၊ တောအတွင်း နေထိုင်နေစဉ် မင်းလှရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲအရင်းအမြစ်များထံက သိရှိရသည်။
 
အဆိုပါ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မောင်တောဒေသခံ ရိုဟင်ဂျာ (၄)ဦးအား မင်းလှမြို့နယ် လဝက ဦးစီးဌာနမှ ၁၉၄၉ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအအတွင်း နေထိုင်သူများမှတ်ပုံတင််ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) /၆ (၃)အရ ဟုဆိုကာ အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြပြီး၊ မင်းလှမြို့နယ် တရားရုံးမှ ချက်ချင်းဆိုသလို အမှုစစ်ခဲ့ပြီးနောက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ - 515

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */