VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 ဇန္နဝါရီ၊ 2021
မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်စလင်လူနည်းစုတွေအတွက် လူကုန်ကူးမှု လမ်းကြောင်းတွေနဲ့ ပတ်သက် လို့ စိုးရိမ်မှုတွေ တိုးလာနေချိန် အခုလို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ နောက်ဆုံးလူကုန်ကူးမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘန် ကောက်မြို့ Don Mueang ခရိုင်က အိမ်တအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာ ၁၉ ဦးကို တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ပြောခွင့်ရ ဗိုလ်မှူးကြီး Kissana Phathanacharoen က ပြောပါတယ်။
ဒါ့အပြင် ဘန်ကောက်အနီး Pathum Thani ခရိုင်က ထိုင်းအမျိုးသမီးတဦးကိုလည်း ရိုဟင်ဂျာတွေကို နေထိုင် ခွင့် ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတဦး ပြောပြတာကတော့ ရိုဟင်ဂျာအုပ်စုဟာ ရခိုင်ပြည် နယ် က ထွက်ခွာလာကြတာဖြစ်ပြီး ထိုင်းနိုင်ငံကနေတဆင့် မလေးရှားကိုသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

SEE ALSO:
ထိုင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာတချို့မှာ ကိုဗစ်ရောဂါပိုးတွေ့
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၉ ဦးထဲက ၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကုသမှုခံယူနေကြောင်းနဲ့ ကျန်တဲ့ သူ တွေကိုတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Quarantine သီးသန့်ခွဲ ထိန်းသိမ်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြော ခွင့်ရက ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြရတာပါ။ မြန်မာအစိုးရ ဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ နိုင်ငံသား ဖြစ်ခွင့်လည်း ငြင်းပယ်ခံထားရပြီး အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု စတာတွေ အတွက်လည်း အလွယ်တကူ မရရှိကြပါဘူး။
No comments:
Post a Comment