Sunday, April 6, 2025

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

ဧရာဝတီ
5 April 2025 

 

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

စစ်ခေါင်းဆောင် ဘန်ကောက်ကို ရောက်လာတဲ့ ဧပြီ ၃ ရက်ကနေ ၅ ရက်အထိ ထိုင်းနိုင်ငံသားတွေရဲ့ ဆန္ဒပြမှု‌တွေ ဆက်တိုက်ရှိလာတာဖြစ်ပြီး စစ်ခေါင်းဆောင်တည်းခိုနေတဲ့ ဟိုတယ်ထဲအထိပါ ဝင်ရောက်ဆန္ဒပြမှုတွေ ရှိခဲ့တာပါ။

ဧပြီ ၅ ရက်မှာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ရှိတဲ့ UN ရုံးနဲ့ မြန်မာသံရုံးတွေရဲ့ ရှေ့မှာ ထိုင်းနိုင်ငံ သားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြတယ်။ စစ်ခေါင်းဆောင်ကို ထိုင်းမြေပေါ် နင်းခွင့်ပြုခဲ့တဲ့အတွက် ထိုင်းအစိုးရအနေနဲ့ ပြန်ဖြေရှင်းရမယ်ဆိုတဲ့ အချက်တွေအပါအဝင် နိုင်ငံအတွင်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်ကို လက်ခံတဲ့အပေါ် ထိုင်းအစိုးရကို ရှုံ့ချတယ်ဆိုပြီး ကန့်ကွက် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့တွေအနေနဲ့ ဒီဆန္ဒပြပွဲတွေကို နှောင့်ယှက်၊ တိုက်ခိုက်မှုတွေရှိခဲ့ပြီး ဒီနေ့ UN ရုံးရှေ့မှာ စစ်ခေါင်းဆောင်ကို ဆန္ဒပြဖို့ လာရောက်ခဲ့တဲ့ Bright Future အဖွဲ့က ခေါင်းဆောင်ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */