" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 17, 2019

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ စည်းဝေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 နိုဝင်ဘာ၊ 2019
အခုနှစ် ဇူလိုင်လအတွင်းက ဘန်ကောက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် စုပေါင်းဓာတ်ပုံရိုက်နေကြသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ။ (ဇူလိုင် ၁၁၊ ၂၀၁၉)

အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလိုလုပ်တာဟာ မြောက်ကိုရီးယားနိုင်ငံအပေါ်မှာ ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ လုပ်ဆောင်လိုက် တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောလိုက်ပါတယ်။

အခုလိုလုပ်တာက ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားကင်းမဲ့ပြီး နိုင်ငံရေး သဘောတူညီချက်ရအောင် ကူညီဆောင်ရွက်ပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဘက်က စိတ်စေတနာကောင်းနဲ့ လုပ်ဆောင်လိုက်တယ်ဆိုတာကို ပြသနေတယ်လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာရှတိုက်နိုင်ငံများ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအ တွင်း အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဘက်က အခုလို ကြေညာလိုက်ပြီး သိပ်မကြာခင်မှာပဲ ဂျပန်ကာကွယ် ရေးဝန်ကြီး Taro Kono ဘက်က တန်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ဘယ်သူကမှ အပြုသဘောဆောင်ပြီး မြင်လို့မရနိုင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံဟာ ပဲ့ထိန်းဒုံးကျည်အသစ်တွေ၊ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ အပါအဝင် အခုနှစ်အ တွင်း ဒုံးကျည်အစင်း ၂၀ ထက်မနည်း ထပ်တလဲလဲ ပစ်လွှတ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရန်စပြီး အန္တရာယ်များတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ Kwon Jong Gun က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့မှာကျင်းပတဲ့ အာရှနိုင်ငံများ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း တောင်တရုတ် ပင်လယ်အရေးကိစ္စနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံက ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းလည်း တတ်ရောက်ခဲ့ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေဟာ အမေရိကန်၊ တရုတ်နဲ့ ဂျပန်တို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့ လည်း စည်းဝေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဖိအားတွေ မြန်မာအပေါ် တိုးလာပေမယ့် မြန်မာအစိုးရ ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

 
Link : Here
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */