Monday, April 7, 2025

စစ်ကောင်စီရဲ့ သံတမန်ရေး ကစားကွက်ထဲ ရိုဟင်ဂျာအရေး ပါလာပြီလား - BBC News မြန်မာ

BBC
07.04.2025 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဥ်မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က မကြုံစဖူး ခြေလှမ်းတစ်ရပ် စပြီး ပြုလုပ်လာပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဘယ်သူဘယ်ဝါတွေဟာ ဆိုရင်ဖြင့် မြန်မာကနေ ထွက်ခွာသွားခဲ့ကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာကို စိစစ် အတည်ပြုထားနိုင်တဲ့ အရေအတွက်ပေါင်း တစ်သိန်းရှစ်သောင်း ရှိတယ်ဆိုပြီး စစ်ကောင်စီဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ အသိပေးပါတယ်။ 

 ဆိုလိုတာက မြန်မာနိုင်ငံကို ပြန်လာဖို့ ခွင့်ပြုနိုင်တဲ့ စိစစ်ထားပြီး အရေအတွက်ဟာ ၂ သိန်းနီးပါး ရှိတယ် ဆိုပြီး စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကို တရားဝင် အတည်ပြု ပြောဆိုတာ ဖြစ်ပါတယ်။နောက် ထပ်လည်း ဆက်ပြီး စိစစ်ပေးနေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ နောက်ပိုင်း၊ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်း နေခဲ့ပေမယ့် ပြောပလောက်အောင် အောင်မြင်မှု မရှိပဲ ကြန့်ကြာနေခဲ့တာကနေ အခုလောက် သိန်းနဲ့ချီတဲ့ အရေအတွက် ပမာဏ ပြန်လာလို့ ရတယ် ဆိုပြီး စစ်ကောင်စီ လက်ထက် စပြီး ပြောလာတာ ဖြစ်ပါတယ်။ 

အခု အချိန်မှာ စစ်ကောင်စီဘက်က အဲဒီလို ပြောလာတာဟာ ဘာ့ကြောင့်ပါလဲ။ ကိန်းဂဏန်းတွေကို ပြောတာထက် ပိုပြီး စစ်ကောင်စီအနေနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးကို တကယ်တမ်း ဆောင် ရွက်ပေးနိုင်တဲ့ အနေအထားမှာရော ရှိပါရဲ့လား။ ကိုဝေဖြိုးက စုစည်း ပြောပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */